Sep 8, 2012

ရခိုင်ပြည်ကို အစ္စလာမစ်နိုင်ငံထူထောင်ဖို့ ဘင်္ဂလီ ၁၁ ဖွဲ့ ပူးပေါင်း

ရခိုင်ပြည်နယ် မောင်တောမြို့မာ ဇွန်လ ၈ ရက်နေ့က ဘင်္ဂလားပြည်ပေါက် ဘင်္ဂလီကုလားများရဲ့ အကြမ်းဖက်ပြည်နယ်လုပွဲကြီး
ဖြစ်ပွါးပြီးနောက် နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒရိုဘောင်တောင်တန်းဒေသ(ရွှာတော် ခရိုင်နှင့် ဖလောင်းချိတ် ခရိုင်)တွင်
ပုန်းအောင်းတိမ်းရှောင်နေသော ဘင်္ဂလီ ကုလားများက ရခိုင်ပြည်ကို အစ္စလ်ာမစ်နို်င်ငံတည်ထောင်နိုင်ရေးအတွက် ဘင်္ဂလီအကြမ်းဖက်
အဖွဲ့ ၁၁ ဖွဲ့ ပူပေါင်းပြီး စစ်ရေးအရ အကြမ်းဖက်မူပြုလုပ်ဖှို့ရှိကြောင်း ဖလောင်းချိတ်သတင်း website တွင် ဖော်ပြထားပါတယ် ။

ဆူပူသောင်းကျန်းမှုကြီး ဖြစ်ပွါးပြီးနောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့တို့မှ ဖလောင်းချိတ်တွင် အကြမ်းဖက် ရိုဟင်ဂျာအမည်ခံ
ဘင်္ဂလီသောင်းကျန်းရေးတာဝန်ခံ ၁၃ ဦးကိုဖမ်းဆီးမိပြီး ရွှာတော်ခရိုင်တွင်း၌လည်း အစိုးရက သုံးကြိမ် ပိုက်စိုက်တိုက်ရှာရာတွင် ၃ ယောက်ဖမ်းဆီး
ရမိကြောင်း ယင်းwebsite တွင် တရားဝင်ကြေငြာရေးသားထားပါသည် ။

အဆိုပါအဖွဲ့၏ လုပ်ရှားမှုများမှာ နယ်စပ်တစ်လျှောက် လုယက်မှူ မှောင်ခိုမှူမျိုးစုံနှင့် မြောက်များစွာသော ပြစ်မှုများကို ပြုလုပ်နေပြီး အင်အား ငါးထောင်(၅၀၀၀)
ကျော် ရှိကြောင်း လွန်ခဲ့သော ၃ နှစ်အတွင်း ဘင်္ဂလားဒေ့ရှ်အစိုးရ အဖွဲ့ပေါင်းစုံ၏ ထိုးစစ်များအတွင်း ဖမ်းဆီးရမိသော စစ်လက်နက်များမှာ AK 47 ချေမှုန်းရေး
ရိုင်ဖယ် ၁၀၀ ကျော် ၊ M 16 ချေမှုန်းရေးကာဘိုင် နှင် လက်လုပ်ရိုင်ဖယ် အခြား လက်နက်ငယ်မျိုးစုံ အပြင် ကျည်ဆံ တစ်သိန်းကျော် နှင့် ဖောက်ခွဲရေးလက်လုပ်ပစ္စည်းများစွာ ဖမ်းဆီးရမိကြောင်း
ဖော်ပြပါရှိပါတယ်။
ယင်းသောင်းကျန်းသူအကြမ်းဖက် ဘင်္ဂလီကုလားကိစ္စကို ဘင်္ဂလားနယ်ခြားစောင့်တပ်ဖွဲ့(BDR) နှင့် စစ်ဆင်ရေးအဖွဲ့ဝင်တို့က နိုင်ငံတာ် ပြည်ထဲရေးဝန်ကြီးဌာနကို ပေးပို့ထားသော 
အစီရင်ခံစာအမှတ် (175/5X GS/O/) တွင် ရွှာတော်ခရိုင် က တန်းဆိပ် ၊ မော်ဒုတ်ကြီး ၊ မော်ဒုတ်ရှည် ၊ ရုံမော်မြို့နယ် က တိန်းဒး ၊ ရမြတ်ကြီး ၊ စောက်မာဇီးရီ ၊ ပန်ဒူ ၊
ရွှက်ဟောင်း ဆိုရီမူဇာ ၊ လေမူဆိုရီ ၊တရသာမူဇီ ၊ ရိုဘိန်ပါရာ ၊ နတ်ချောင်း ဆိုရီ ၊ ဒေါဆိုရီ ၊ အာရှာတိုလီ ၊စက်ဒါလာ ၊ဂုမ်းဂုမ်း ၊တောင်ပြို အစရှိသော နယ်စပ်များမှာ မြန်မာနိုင်ငံ အတိုက်
အခံပါတီ အာရကန်အာမီ(AA)(ယခင်) ၊ ရခိုင်ပြည်ဒီမိုကရက်တစ်ပါတီ(DPA) ၊ရိုဟင်ဂျာ ဆိုလီ ဒါရီတီ အိုရာ ဂန်နစ်ဇေးရှင်း (RSO) ၊ အာရကန် လီဘာရေးရှင်း ဖေါ်ရမ် မီဇိုဘာ ဟိန်းနီ
 အာလ်တရီပူရ တိုက်ဂါးဖေါ့စ်(ATTPF)(LLFT)၊ရိုဟင်ဂျာနယ်ရှင်နယ် အိုရာ ဂန်တစ်ဇေးရှင်း(RNO)၊အာရကန် လီဘာရေးရှင်း ပါတီ(ALP) အာရကန်ကွန်မြုနစ် ပါတီ(ACP) နှင့်
နေရှင်နယ် ယူနိုက်တတ် အော့ အာရကန် တို့က ဘင်္ဂလားဒေ့ရှ်အခြေစိုက် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များကို လက်နက်ခဲယမ်းများ ရောင်းချပေးခဲ့ကြောင်း စွပ်စွဲထားပြန်ပါတယ်။

အဆိုပါအဖွဲ့များ၏ လက်နက်များကို တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများက ခိုးသွင်းလာကြောင်း ၊ မြန်မာစစ်အစိုးရကို တိုက်ဖို့နှင့် ထိုအချိန်က မိမိတို့လက်ထဲတွင်
လက်နက်များ ကောင်းမွန်စွာ အစုံရှိခဲ့ကြောင်းနှင့် ယခု မရှိတော့ကြောင်း ၊ လူအင်အား ၅၀၀၀ ကျော်ရှိကြောငး  RSO အဖွဲ့ဝင်ဟောင်း နိုရူဆိုဖာဟောင်းက ဝန်ခံခဲ့တယ်လို့
ဆိုပါတယ်။ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က အမည်မဖော်ပြလိုသော ခေါင်းဆောင်တစ်ယောက်ကလည်း လက်ရှိ မြန်မာအတိုက်အခံများလည်း မိမိတို့နယ်နမိတ်ထဲ
ရှိနေကြောင်း သတင်းရထား၍ နယ်စပ်တစ်လျှောက် ပိုက်စိတ်တိုက် ရှာဖွေနေကြောင်း ပြောကြားခဲ့ပါတယ် ။

တစ်ဖန် RSO အဖွဲ့ဝင်ဟောင်း ကိုင်ဆာရ် ဆိုသူက ရိုဟင်ဂျာ နာမည်ခံ အဖွဲ့တစ်ထောင်ကျော်ရှိနေကြောင်းနှင့် တခြားအဖွဲ့ဝင်များကမူ ဘင်္ဂလားဒေ့ရှိနိုင်ငံအတွင်း ပြန့်နှံနေကြကြောင်း
စစ်တကောင်းမြို့တွင် RSP ရုံးဖွင့်ထားခြင်းကို လျှို့ဝှက်ထားခဲ့ပြီး ယခုအခါ ဂျာမာယာတူးလ် အာရကန် အမည်ဖြင့် မြေပေါ် အဖွဲ့တစ်ဖွဲ့ဖွဲ့စည်းကာ ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် အစ္စလာမစ်
နိုင်ငံတို့က ထောက်ခံ အသိအမှတ်ပြုနိုင်အောင် လှုပ်ရှားနေပြီဖြစ်ကြောင်း ဝန်ခံလိုက်ပါတယ် ။

ဘန်ဒရီုဘောင်ခရိုင် အလယ်ခိုတောင်မြို့မှာ လမ်းပန်းဆက်သွယ်ရေးနှင့် ဘဂင်္လားဒေ့ရှ် နယ်စောင့်အဖွဲ့များ လက်လှမ်းမမှီရာ နေရာတစ်ခုတွင် ရိုဟင်ဂျာနယ်မြေခံ
ဘင်္ဂလီအကြမ်းဖက်အဖွဲ့တစ်ခုသည် အခိုင်အမာခြေကုပ်စခန်းကြီးတည်ဆောက်နေပြီး ပြန်ကျဲ့နေသော ဘင်္ဂလီအဖွဲ့ငယ်များကို စုစည်းနေကြောင်း အဆိုပါအဖွဲ့ကို ခေါင်းဆောင်
နေသူ ၃ ဦးမှာ ဘင်္ဂလားဒေ့ရှ်အစိုးရက တရားမဝင် သတ်မှတ်ထားသော ဟိုးရ်ကာတူးလ် ဂျီဟတ်(JMB) များဖြစ်ကြောင်း ရဲထောက်လှမ်းရေးများက ပြောကြားပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရ ဖမ်းဆီးထားမိသော ရိုဟင်ဂျာ အမည်ခံ အဖွဲ့ဝင်တစ်ယောက်ကမူ (JMB) ခေါင်းဆောင်း အာလ်မန်(ခ)ရူဟူးလ်အာရ်မိ(ခ)တာလ်ဟာ ဆိုသူသည်
လက်ရှိ ဂျာမာယာတူးရ် အာရကန် အဖွဲ့ကို ဦးဆောင်ပါဝင် လှုပ်ရှားနေကြောင်း နှင့် အဖမ်းခံရသော မိုဟာမက်ကာဖီဆိုသူကလည်း ၄င်းတို့အဖွဲ့သည် အလယ်ခိုတောင်မြို့နှင့်
ကီလိုမီတာ(၂၀) အကွာတွင် စခန်းတစ်ခုတည်ဆောက်ပြီး ဂျီဟက်ဒီ စာအုပ်စာတန်းထုတ်ဝေဖို့နှင့် လက်နက်ကြီးသင်တန်း ဖေါက်ခွဲရေးသင်တန်း ဟိန္ဒီ အူရဒူ စာပေတို့ သင်ကြား
ရန်အတွက် အာဖဂန်နစ်စတန်သို့ သွားရောက်ပြီဖြစ်ကြောင်း အာဖဂန်မှာပြန်ရောက်လာပါက အဖွဲ့များ စုစည်းပြီး ရခိုင်ပြည်ကို သိမ်းပိုက်၍ အစ္စလာမ်စ်နိုင်ငံထူထောင်ဖို့ ရှိကြောင်း ဝန်ခံခဲ့ပါတယ် ။

ဖလောင်းချိတ်ခရိုင် ရဲမှုးကြီးကို အဆိုပါwebite က ဆက်သွယ်မေးမြန်းရာ နယ်စပ်တစ်လျှောက် လုံခြုံရေးများ တင်းကျပ်စွာချထားကြောင်းနှင့် ခရိုင်တွင်း လူကြီးလူကောင်း
ဟု သိထားသူကော်ဖီလ် နေထိုင်ရာတွင် ဂျီဟဒ်စာအုပ် ၆၀ နှင့် အကြမ်းဖက်သမားနှစ်ယောက်ကို သက်သေနှင့်တကွ ၄င်းအိမ်တွင် ဖမ်းဆီးမိသည့်အတွက် အကြမ်းဖက်သမားများရှိ
နေကြောင်း ပြောကြားပါတယ် ။ဘန်ဒရိုဘောင်ခရိုင် အလယ်ခိုတောင်မြို့နယ်မှ မြန်မာနယ်စပ်က ဖမ်းဆီးထားသာ အကြမ်းဖက်အဖွဲ့ဝင် ၃ ဦးကို စစ်ဆေးနေကြောင်း ဆက်လက်အကြမ်းဖက်သောင်းကျန်းသူများကို ထိုးစစ်ဆင်နေကြောင်း ပြောကြားခဲ့ပါတယ် ။

လွန်ခဲ့သော ၂၀၁၀ ခုနှစ်က တန်းဆိပ်မြိ့နယ် ဘောလိပါရာမှာ အာရကန်မူဆလင်ဂြုတ်အဖွဲ့နာမည်နှင့် အကြမ်းဖက်ဖို့ စည်းရုံးနေစဉ် ဖမ်းမိသော ချာမိန်းမာဟ်ဖူဇ်း ဆိုသူနှင့် လက်ရှိ
အဖမ်းခံနေရသော လူများ ဆက်စပ်မှူရှိမရှိကို အထူးစီစစ် စစ်ဆေးနေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်တွင်း ပြဿနာများဖြစ်ပွါးခြင်း ဇစ်မြစ်မှာ ထိုသူများဖြစ်နိုင်ကြောင်း အထူးဖော်ပြပါတယ် ။

ဘင်္ဂလားဒေ့ရှ်website (http://www.coxbangla.com)
_______________________________________________________________________ 
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ