Sep 9, 2012

“ဒီတစ်ခါလည်း မုဒိန်းမှုပါပဲ” အပိုင်း(၂)

၂။ အလိုမတူဘဲ အတင်းအားဓမ္မပြုကျင့်ပြီးနောက်ပိုင်း ၎င်းမှ ကာမစပ်ယှက်ရန် အပြင်ကို ချော့ခေါ်သော စကားမှာ “နင်ငါ့ဆန္ဒကို ဖြည့်ပေးရင် နင့်တစ်ကိုယ်လုံးကို ရွှေဆင်ပေးမယ်”လို့ ပြောပါတယ်။ ၎င်းက ခြောက်လှန့်၍ ခေါ်ဆိုသောစကားများမှာ အင်မတန်မှကို နှိမ့်ချစွာ ပြောခံရပါတယ်။ ထိုစကားများမှာ “နင်တစ်ယောက်သာ ငါ့ကိုအာခံရဲတယ်၊ နင့်လိုအသက်(၂၀)ကျော် ဘာဂုဏ်မှလည်းမရှိ၊ ဘာအဆင့်တန်းမှလည်းမရှိတဲ့ ကောင်မကများ ငါ့ကိုလာပြီး အာခံနေသေးတယ်၊ နင့်လို(၂၀)ကျော်ကိုများ ငါ့ကနှစ်သက်လို့ ဖျက်စီးတယ်များ ထင်နေလား၊ နင်တို့လို ဗမာမတွေကို ငါ့တို့ရဲ့အလာအရှင်မြတ်က ခိုင်းထားတဲ့အတိုင်း ပြည့်တန်ဆာမအဖြစ် အနေနဲ့သာ သဘောထားပြီး ငါတို့ရဲ့ ကုသိုလ်တရားကြောင့် နင့်ကိုဖျက်စီးခဲ့တာ၊ ငါ့ဘေးမှာ(၁၀)ကျော်သက် အရွယ်တွေရော Small.လေးတွေပါ ပေါလွန်းလို့၊ ငါက၀ယ်စားစရာမလိုဘူး၊ ဆရာဆိုပြီး ဆက်သတဲ့ သူတွေချည်းပဲ၊ နင့်လိုကောင်မကသာ ငါ့ကိုလာပြီး အာခံနေသေးတယ်”ဆိုပြီး ပြောခံခဲ့ရပါတယ်။

ဒါပေမယ့် ကျမကတော့ ၎င်းဘယ်လိုပဲပြောပြော ၎င်းရဲ့ ခေါ်ဆိုမှုကိုရော နောက်ထပ်မဖြစ်အောင်လို့ပါ သတိထားပြီး လွတ်အောင်ရှောင်ခဲ့ပါတယ်။ ပြီးတော့ ၎င်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့မဲဆန္ဒပေးပွဲမှ ပြန်လာသောအချိန်မှာ “ငါတို့ အမေစုရဲ့မဲကိုပဲ ပေးတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အမေစုလှုပ်ရှားကြိုးစားနေတာဟာ ငါတို့ မူဆလင်တွေအတွက် အခွင့်အရေးရမယ့် နည်းတွေဖြစ်တယ်။ အဲ့ဒီအတွက် ငါတို့ မူဆလင်တွေအားလုံး အမေစုကိုပဲ ထောက်ခံအားပေးနေကြတယ်။”လို့ ပြောခဲ့ပါတယ်။ “အခု အမေစု လုပ်နေတဲ့ ဒီမိုကရေစီရခဲ့ရင် ငါတို့မူဆလင်တွေအတွက် အခွင့်အရေးတွေ ပိုလာမယ်၊ ပိုပြီးတော့လည်း လွတ်လပ်မှုတွေ ပိုရလာမယ်လို့”လည်း ပြောပါတယ်။ ဒါကို ကျမကတော့ ၎င်းပြောခဲ့ဖူးတဲ့ စကားအတိုင်းသာ ပြန်ပြောပြတာပါ။ ဘာကို ရည်ညွှန်းတာလည်း ဆိုတာတော့ မသိပါဘူး။ “နင်တို့ ကိုးကွယ်တဲ့ ဘာသာနဲ့ ဘုရားစေတီတွေရော သံဃာတွေကိုရော ငါတို့ ဒီ(၂၁)ရာစုမှာ ငါတို့ရဲ့ခြေဖ၀ါးအောက်ကို ရောက်စေရမယ်”လို့ ပြောတဲ့အတွက် ကျမက ပြန်ပြောခဲ့ပါတယ်။ “ခင်ဗျားတို့ ငရဲကြီးမယ်၊ သူများဘာသာကိုလည်း စော်ကားတယ်၊ သူများသားပျို သမီးပျိုကိုလည်း စော်ကားတယ်၊ အဲ့ဒီအတွက် ခင်ဗျားတို့ ၀ဋ်လည်လိမ့်မယ်”လို့ ပြောတဲ့အခါမှာ ၎င်းက “ငါတို့က ဘာဝဋ်ဆိုတာမှမရှိဘူး၊ ငရဲဆိုတာလည်း မရှိဘူး၊ ငါတို့က ရေချိုးရင် အပြစ်ဆေးကျောပြီးသားဖြစ်သွားပြီ၊ ပြီးတော့ ငါတို့သေသွားရင်လည်း ငါတို့က အလာက ကယ်ပြီး နိဗာန်ကို ခေါ်သွားမှာ၊ အဲ့ဒီအတွက် ငါတို့မှာ ဘာအပြစ်မှ မရှိဘူး၊”ဆိုပြီး ဟားတိုက်ရယ်ခြင်းကိုလည်း ခံခဲ့ရပါတယ်။

 ၃။ ၎င်း၏အစ်ကိုဖြစ်သူ ဦးခင်မောင်မြင့်ကလည်း (၁၆-၅-၂၀၁၂)မနက်စောစောတွင် ကျွန်မတို့အိမ်ရှေ့ကိုလာပြီး ကိုစိုးဝင်းလို့ခေါ် ရာ အဖေကမတွေ့ချင်လို့ အမေကထွက်ပြီး ဘာကိစ္စရှိလို့လာတာလဲ မေးရာ ၎င်းက “ဆိုင်သော့ကို ပြဿနာဖြစ်တဲ့(၁၄-၅-၂၀၁၂)ရက်နေ့ ညမှာပဲ ငါ့ညီအငယ်ခင်မောင်တိုးနှင့် သော့ပြောင်းလိုက်ပြီ၊ အဲဒီအတွက် နင့်သမီးရဲ့ပစ္စည်းတွေ ငါဖယ်ထားတယ်၊ လာယူလှည့်ပါ၊ ငါရှိတဲ့အချိန်လာခဲ့၊ ငါ့ညီနဲ့ ငါ့ရဲ့အစ်မ၊ ညီမကိစ္စတွေအားလုံးအတွက် ငါကိုယ်ချင်းစာပါတယ်၊ နင့်သမီးတော်တော် ခံစားနေရမှာပဲ၊ ဆေးကုပေးလိုက်ဦး၊ နင့်သမီးကို ဆိုင်ကနေထုတ်လိုက်တယ်၊ အခုဆိုင်မှာ ၀န်ထမ်းအသစ်ခန့်လိုက်ပြီ၊ ဒီဝန်ထမ်းကို ငါ့ညီကခန့်လိုက်တာ၊ င့ါညီကတော့ ဘုရားဖူးထွက်သွားလို့ သူ့အစားငါလာပြောရတာ၊ ဒီဆိုင်နှင့်ပတ်သက်ပြီး နင့်သမီးနှင့် ဘာမှမဆိုင်တော့ဘူး၊ နင်တို့အကူအညီလိုရင် ငါတို့အိမ်ကိုလာခဲ့ပါ။ နင့်သမီးအလုပ်မရှိရင်လည်း ငါ့ကိုပြော၊ င့ါမှာမိတ်ဆွေတွေ အများကြီးရှိုတယ်။”လို့ မခန့်လေးစား ပြောဆိုသွားပါတယ်။

 ၄။ အမှုရင်ဆိုင်တဲ့ အချိန်အတွင်းမှာလည်း ကျွန်မတို့ ပထမဆုံး ငှားလိုက်တဲ့ ရှေ့နေ ဦးပိုအေးအဖွဲ့ကို အားကိုးပြီး ငှားလိုက်တာ၊ ဥပဒေကို နားမလည်လို့ ရှေ့နေငှားပါတယ်ဆိုမှ ကျွန်မတို့ ဖြစ်ရပ်မှန်ကို နားထောင်ပြီး စာကိုသူတို့ကိုယ်တိုင်ပဲ စီပေးပါတယ်။ ပထမကတော့ လုံးဝကိုဖြစ်ရပ်မှန်ပါပဲ၊ ဦးပိုအေးကိုယ်တိုင်ပဲ ပထမကတော့ ဒီဖြစ်ရပ်မှန်က ခိုင်လုံတယ်ဆိုပြီး စာစီပေးလိုက်ပါတယ်။ ဘာမှအားမငယ်နဲ့ ကိုယ်ကဖြစ်ရပ်မှန်ပဲ ဘာမှမပူနဲ့ သူလုပ်ပေးမယ်လို့ ပြောပါတယ်။ ပြီးတာနဲ့ သူ့ရဲ့တပည့်ဖြစ်သူ ဦးပေါ်ဦး၊ ကျော်သိန်း၊ အောင်သော်ဖြိုး၊ ဒေါ်ခင်စန္ဒီထွေး-အစရှိသည့် ရှေ့နေတွေ ရဲစခန်းမှာ လိုက်ပြီး အမှုဖွင့်ပါတယ်။

 ရှေ့နေက မေးပါတယ်။ တစ်ခြားဘယ်မှာ သွားတိုင်သေးလဲ-မေးတော့ အမျိုးသမီးရေးရာမှာ ၀င်တိုင်ခဲ့ပြီးပါပြီ၊ အမျိုးသမီးရေးရာက ငွေလိုချင်တာလား၊ လူလိုချင်တာလား-လို့မေးလို့ ကျွန်မတို့က ဒီကုလားတွေိကို ဥပဒေဘောင်တွင်းက ပြစ်မှုနဲ့ပဲ ပေးချင်ပါတယ်လို့ ပြောတော့ သူတို့က ဒါဆို တရားရုံးပဲသွားဆိုလို့ ဆရာတို့ဆီလာတာပါ-လို့ ရှေ့နေတွေကို ပြောခဲ့ပါတယ်။ အဲ့ဒါနဲ့ပဲ ရှေ့နေတွေက ရဲစခန်းမှာ အမှုဖွင့်ပေးပါတယ်။ ဖြစ်ရပ်မှန်ပြောပြပြီး ပထမစာကိုပဲ အရင် အမှုဖွင့်ပါတယ်။ ဖွင့်ပြီးလို့လည်း ပြီးရော လက်မှတ်တွေပါ ထိုးပြီးပါပြီ။ အဲ့ဒါတွေပါ လုပ်ပြီးရော စခန်းမှူးက ခေါ်နေတယ်လို့ ရဲစာရေးက လာပြောတော့ စခန်းမှူးအခန်းထဲကို ရှေ့နေဦးကျော်သိန်းနှင့် ဒေါ်ခင်စန္ဒီထွေးတို့နှစ်ယောက်ဝင်သွားတာ နာရီအတော်ကြာပါ တယ်။ ပြီးမှ ပြန်ထွက်လာပြီး­­­ လာလိုက်ခဲ့။ ငါတို့စာကို ပြန်စီရမယ်၊ စခန်းမှူးနဲ့ ရှေ့နေဦးပိုအေးကတော့ ဖုန်းနဲ့လှမ်း ဆက်သွယ်ပါတယ်။ သူ့တပည့်တွေက ရုံးကို ပြန်လာပြီး ဒုတိယစာကို စီတယ်။ ပြီးတော့ အတင်းလက်မှတ်ထိုးခိုင်းတယ်။ ဒေါ်ခင်စန္ဒီထွေးက ငါဒုတိယစာကို အတင်းအဓမ္မ အမှုကို သုံးကြိမ်ထည့်လိုက်တယ်။ ဖြစ်နိုင်ရင် အကြိမ်အရေ အများကြီးထည့်ချင်တာ။ ဒါမှ အမှုက ပိုခိုင်လုံမှာလို့ ပြောပါတယ်။ အဲ့ဒါကို ကျွန်မက အစ်မ ဒါဖြစ်ရပ်မှန်မဟုတ်ဘူး။ ကျွန်မဖြစ်တာ တစ်ကြိမ်ထဲပါဆိုတာကို၊ နင်နားမလည်ပါဘူး။ ငါတို့က ဥပဒေကို နားလည်တဲ့သူတွေ။ နင်တို့ဒုက္ခရောက်အောင် လုပ်ပါ့မလား။ ငါ့စကားကို နားထောင်စမ်းပါ။ နင်တို့ဒုက္ခရောက်အောင် မလုပ်ပါဘူး။ ကျွန်မလည်း နားမလည်လို့ ရှေ့နေဒေါ်ခင်စန္ဒီထွေး ထိုးခိုင်းတဲ့အတွက် လက်မှတ်ကို ထိုးပေးရပါတယ်။ အဲ့ဒီစာကို ထပ်ပြီး ရဲစခန်းမှူးကို ပြန်ထပ်တင်လိုက် ပါတယ်။ ပြီးတော့ ရှေ့နေတွေက နင်တို့မှာ ငွေပါလားလို့ ဦးကိုအေးက မေးပါတယ်။

ဒီနေ့ စာစီဖို့အတွက် ကုန်တာရော ငါ့တပည့်တွေ လိုက်လုပ်ပေးရတဲ့ အခအတွက်ရော စုစုပေါင်း(၅၀၀၀၀၀ိ/)လိုမယ်။ အဲ့ဒါနဲ့ ကျွန်မတို့မှာ အခုလောလောဆယ် (၅၀၀၀၀ိ/)တော့ ပါပါတယ်-ဆိုတော့ အဲ့ဒီနေ့ပဲ (၅၀၀၀၀ိ/)ကို ရှေ့နေတွေကို ပေးရပါတယ်။ ပြီးတော့ နောက်နေ့ မနက်ကျရင် ရဲစခန်းမှူးကို အမှုဖွင့်ခ (၁၀၀၀၀၀ိ/)ထပ်ပေးလိုက်ရပါတယ်။ အဲ့ဒါလည်း ရှေ့နေတွေက သူတို့ ပေးလိုက်မယ်ဆိုပြီး ယူသွားပါတယ်။ နောက်နေ့တွေမှာလည်း ရှေ့နေတွေကို (၂၀၀၀၀၀ိ/)ထပ်ရှာပေးလိုက်ပါတယ်။ ကျန်(၁၅၀၀၀၀ိ/)ကိုတော့ အမှုပြီးမှ ပေးပါရစေလို့ တောင်းပန်ပြီး ပြောလိုက်ပါတယ်။ ၁။ ရှေ့နေက တောင်းလို့ ပေးရသော (၅၀၀၀၀ိ/)မှာ (၁၈.၅.၂၀၁၂) ၂။ ဒုတိယနေ့မှာ အမှုဖွင့်ဖို့အတွက် တောင်းတာက (၁၀၀၀၀၀ိ/) (၁၉.၅.၂၀၁၂) ၃။ တတိယနေ့မှာ ရှေ့နေတွေ လုပ်ရကိုင်ရတာ စိတ်ပါလက်ပါလုပ်ချင်အောင်လို့ ပေးထားပါဆိုလို့ ပေးရတာက (၂၀၀၀၀၀ိ/) (၂၁.၅.၂၀၁၂) အိမ်ပေါ်တက်ရိုက်မှုမှာ သက်သေခံအဖြစ် ဒဏ်ရာကို ပြည်သူ့ဆေးရုံမှာ (၂၁.၅.၂၀၁၂)မှာ ဆေးစစ်မှတ်တမ်း ရှိခဲ့ပါတယ်။ ဆေးစစ်မှတ်တမ်းကိုတော့ IO-ဒုရဲအုပ် ထွန်းဦးခိုင် ယူထားပါတယ်။ အမှုဖွင့်ပြီးနောက် ရက်တွေမှာ ဦးခင်မောင်မြင့်နှင့်အတူ ၎င်း၏အဖော်နှစ်ယောက် အိမ်ခြံဝသို့ ရောက်လာပြီး ကျွန်မတို့ကို အိမ်တံခါးဖွင့်ပေး၊ နင်တို့နှင့် ညှိစရာရှိတယ်လို့ ပြောတဲ့အခါ ကျွန်မတို့က ခင်ဗျားတို့နှင့် ဘာမှ ညှိစရာ မရှိဘူး။ ပြောစရာရှိရင် ကျွန်မတို့ရှေ့နေကို သွားပြောပါဆိုပြီး လွှတ်လိုက်ပါတယ်။ နောက်နေ့ မနက်မှာ ရှေ့နေဦးပိုအေးတို့ အဖွဲ့က အိမ်ကိုရောက်လာပြီး တရားခံရဲ့အစ်ကိုက (၁၀)သိန်းနဲ့ လာညှိတယ်။ ကျွန်မတို့က ရှေ့နေတွေကို ပြောပါတယ်။ သူတို့ကို ဥပဒေအရပဲ အရေးယူချင်တာပါ။ သူတို့ဆီက ဘာမှမလိုချင်ပါဘူးလို့ ပြောလိုက်ပါတယ်။ ဒါကို ဒေါ်ခင်စန္ဒီထွေးက သူတို့ကို ထောင်ချတော့လည်း ဘာဖြစ်လာမှာလဲ။ သူတို့ပေးသလောက်ငွေကို ယူပြီး ရင်းနှီးစားပေါ့လို့ ပြောပါတယ်။ ကျွန်မတို့က လက်မခံခဲ့ပါဘူး။ အမှုဖွင့်တဲ့နေ့က စပြီး ရက်တွေလတွေသာ ကြာသွားသည်။ တရားခံကို လုံးဝမဖမ်းပေးပါ။ ရဲစခန်းကို သွားပြောရာမှာလည်း IO-ဒုရဲအုပ် ထွန်းဦးခိုင်က ကျွန်တော့်အထက်မှာ စခန်းမှူးရှိတဲ့အတွက် ကျွန်တော်ဖမ်းလို့ မရလို့ပါ။ အထက်က အမိန့်ပေးမှာသာ ဖမ်းရမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် နောက်ထပ်သုံးလ ထပ်စောင့်ပေးပါ။ ထို့ကြောင့် ကျွန်မတို့လည်းပဲ ရှေ့နေတွေကို သွားပြောတဲ့အခါမှာ ဦးပိုအေးတို့အဖွဲ့က ငါတို့နဲ့ မဆိုင်ဘူး။ ရဲစခန်းက ဖမ်းမှရမှာဆိုပြီး သူတို့မဆိုင်သလို နေခဲ့ပါတယ်။ ဒါကြောင့်မို့ ကျွန်မက ဒါဆိုလည်း တရားသူကြီးဆီ ဦးတိုက်လျှောက်ပါရစေလို့ ခွင့်တောင်းတဲ့အခါမှာ ရှေ့နေ ဒေါ်ခင်စန္ဒီထွေးက ဦးတိုက်မလျှောက်ဖို့ အော်ငေါက်ပါတယ်။ တရားလိုက ဦးတိုက်လျှောက်ရင် တရားသူကြီးက တရားခံကို သုံးကြိမ်ခေါ်လို့မှ မလာရင် နင်တို့ပဲ နစ်နာမှာ၊ ရှုံးမှာဆိုပြီး ဦးတိုက်လျှောက်ခွင့်ကို မပေးပါဘူး။

ဒါနဲ့ ကျွန်မတို့လည်း ပရဟိတအဖွဲ့များ၊ ဘာသာရေးအဖွဲ့များထံ အကူအညီတောင်းရင်းနဲ့ အာရှအလင်းရောင် ဆရာတော်ဘုရားကြီးထံ ရောက်သွားသော အခါတွင် (၁၂.၈.၂၀၁၂)ရက်နေ့ညတွင် ဆရာတော်ဘုရားကြီးမှ တပ်နယ်မှူးထံ ဖုန်းဆက်မှသာ တရားခံကို ဖမ်းချုပ်လိုက်ပါတယ်။ (၁၈.၈.၂၀၁၂)မှာ တရားခံများက အာမခံနဲ့ ထွက်သွားပါတယ်။ အာမခံထွက်ရခြင်းအကြောင်းမှာ ဥပဒေအကြံပေးအရာရှိ၊ စခန်းမှူး၊ အမှုစစ်ထွန်းဦးခိုင်ရယ် ပူးပေါင်းလုပ်ကြံပြီး အတင်းအဓမ္မအမှုကို သမီးရည်းစားမှုလုပ်ပြီး၊ အိမ်ပေါ်တက်ရိုက်မှုကို ပုဒ်မ(၄၅၂-မှ ၄၅၁)သို့ ပြောင်းပြီး အာမခံနဲ့ ထွက်သွားပါတယ်။ ရုံးတော်ကို အမှုတင်ရာမှာလည်း (၁၈.၈.၂၀၁၂)ရက်နေ့ မနက်ပိုင်းပဲ ဖြစ်ပါတယ်။ အမှုတင်သွားသော ပုဒ်မတွေက ဖြစ်ရပ်မှန်ပုဒ်မများ မဟုတ်ကြောင်း သိလိုက်ရပါတယ်။ အရင် ရှေ့နေဦးပိုအေးနှင့် စခန်းမှူး၊ IO၊ ဥပဒေအကြံပေးအရာရှိနှင့် ရဲစာရေးများ လုပ်ကြံမှုကြောင့် ကျွန်မအမှုမှာ ရုံးတော်သို့ အမှန်အတိုင်း မတင်ပေးတဲ့အပြင် တရားခံရဲ့ငွေပေးမှုကိုသာ လက်ခံပြီး ငြိမ်နေကြပါတယ်။

ဒါနဲ့ပဲ ပရဟိတ ရှေ့နေ ဦးဇော်ဝင်းက ကျွန်မတို့ကို ကူညီပေးခဲ့ပါတယ်။ ရုံးတော်မှာ တရားလိုအမှုစစ်ရန် ရက်ချိန်းတွေမှာလည်း တရားခံဘက်က မလာပဲ ရှောင်နေပါတယ်။ ရုံးချိန်းလေးပတ် မြောက်မှသာ တရားခံလာပါတယ်။ ရုံးတော်မှာ အမှုစစ်ချိန်မှာလည်း ဥပဒေရေးရာ အရာရှိက တရားလိုဘက်မဟုတ်ပဲ တရားခံဘက်ကိုသာ လိုက်ပြီး ကျွန်မကို မေးခဲ့ပါတယ်။ ကျွန်မ၏ အဖြစ်မှန်ကို ရှင်းပြရာတွင် အပြောကို မခံတဲ့အပြင် အဖြေမှန်ပေါ်တော့မယ်ဆိုရင် နောက်တစ်ပတ်မှ ဆက်ပြီးစစ်မယ်ဆိုပြီး တရားသူကြီးက ဖြတ်ချပါတယ်။ တပတ်နှင့်တစ်ပတ်ကြား ရှိတဲ့ရက်တွေမှာဆိုရင် တရားခံဘက်က ငွေနှင့် လိုက်ညှိပါတယ်။ ကျွန်မတို့ရှေ့နေ ဦးဇော်ဝင်းဆီကိုရော လာညှိပါတယ်။ တရားခံဘက်က ရှေ့နေ ဒေါ်မာလာနှင့် ဒေါ်သော်သော်ငြိမ်းတို့ကလည်း ကျွန်မတို့ရှေ့နေ ဦးဇော်ဝင်း၏ တူမရှေ့နေ ဒေါ်ခင်ရွှေထူးကို ရုံးထဲတွင် တိတ်တဆိတ်လာပြီး တရားခံက ညှိခိုင်းလို့ပါ၊ တရားလိုကို ပြောပေးပါ၊ ငွေလိုချင်ရင် ငွေပေးမယ်၊ လူလိုချင်ရင် လူပေးမယ်-ဆိုပြီးပြောတော့ ရှေ့နေ ဦးဇော်ဝင်းက ငါတို့ကို လာမပြောနဲ့ နင်တို့ဘာသာ တရားလိုကို သွားပြောလို့ ပြောလိုက်တယ်။ ဒါပေမယ့် ကျွန်မဆီကို မလာပါဘူး။ အာရှအလင်းရောင် ဆရာတော်ဘုရားကြီးဆီသွားပြီး တရားခံ ကုလားအဖွဲ့နှင့် သွားပြီး ညှိပါတယ်။ ဆရာတော်က လက်မခံပါဘူး။ ကျွန်မတို့ကလည်း လုံးဝလက်မခံပါဘူးလို့ ဆရာတော်ဘုရားထံ ကတိသစ္စာပြုခဲ့ပါတယ်။ ကျွန်မတို့က ဒီကုလားတွေကို ဥပဒေအရသာ လုပ်ဆောင်စေချင်တာပါ။ ကျွန်မရဲ့ ရင်ထဲမှာ ဒီကုလားတွေနဲ့ ပတ်သက်ပြီး ခွင့်လွှတ်နိုင်စရာရော ကျေအေးနိုင်စရာရော မရှိတော့ပါ။ ဘာဖြစ်လို့လည်းဆိုတော့ တရားခံကုလားကြီးရဲ့ အတင်းအဓမ္မကျင့်ခြင်းကိုလည်း ခံရသေးတယ်။ အိမ်ပေါ်ကိုလည်း တက်ရောက်ပြီး တရားခံအပါအ၀င် ၎င်း၏ အစ်မနှင့် ညီတို့ရဲ့ ရိုက်ခြင်းကိုလည်း ခံရသေးတယ်။

၎င်းအစ်ကိုရဲ့ မထေမဲ့မြင် အမှုအကျင့်ကိုလည်း ခံရသေးတယ်ဆိုတော့ ကျွန်မမှာ သူတို့တမိသားစုလုံးကို ဘယ်နည်းနှင့်မှ ခွင့်လွှတ်နိုင်စရာ မရှိပါဘူး။ ၎င်း၏ ညီမ ကျောင်းဆရာမ အေးအေးသန်းရဲ့ ဆဲဆိုမှုကို ထပ်ခံရပါသေးတယ်။ ဒီတော့ ကျွန်မက ဒီကုလားမိသားစုကို မြန်မာတိုင်းရင်း သူများရဲ့ စံပြတစ်ယောက်အနေနဲ့ အမှန်တရားဘက်ကနေ ရပ်တည်ပြီး အနိုင်တိုက်မယ်လို့ ကတိသစ္စာပြုပါတယ်။ ကျွန်မရင်ထဲမှာ ဒီကောင်တွေကို နိုင်အောင်တိုက်မယ်ဆိုတဲ့ စိတ်ကလွဲလို့ ကျန်တာမရှိပါဘူး။ ကျွန်မရဲ့ဘာသာကိုလည်း စော်ကားတဲ့အတွက် ခွင့်မလွှတ်ပါဘူး။ လုံးဝကို အနိုင်တိုက်မှာပါ။ တိုင်းသိပြည်သိ အရှက်နဲ့ သိက္ခာကို လဲပြီး အနိုင်တိုက်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ ဆုံးဖြတ်ချက်ကို သေတဲ့အထိ ပြင်မှာမဟုတ်ပါဘူး။ ဖြစ်နိုင်ရင် ဒီကုလားတွေကို မြန်မာနိုင်ငံထဲကနေ မောင်းထုတ်ပစ်ချင်ပါတယ်။ သမီးရဲ့ ခံစားချက်အကုန်ပါပဲရှင်။ တရားခွင်အတွင်းမှာလည်း တရားသူကြီးကိုယ်တိုင်ပဲ ကျွန်မကို “နင့်တရားခံဘက်ကတော့ ကျေအေးချင်တယ် အဲ့ဒီတော့ နင်က ကာယကံရှင်ဆိုတော့ တရားခံနှင့်အတူ နှစ်ဦးသဘောတူ ကျေအေးမပေးချင်ဘူးလား”လို့ တရားသူကြီးကိုယ်တိုင်ပဲ ညှိနေပါတယ်။ ဒါပေမယ့် ကျွန်မကတော့ ပြန်ပြောလိုက်ပါတယ်။ လုံးဝကို ကျေအေးနိုင်စရာမရှိတဲ့အတွက် လုံးဝကျေအေးမပေးနိုင်ဘူးလို့ တရားသူကြီး ဦးကြည်စိုးကို ပြန်ပြောလိုက်ပါတယ်။ အနိုင်တိုက်မယ်လို့လည်း ပြောလိုက်ပါတယ်။

 တရားခွင်မှာလည်း ဥပဒေရေးရာ အရာရှိကိုယ်တိုင်ကလည်း အဖြစ်မှန်ကို ပြောခွင့်မပေးဘဲ သူတို့ဘာသာ စာကောက်ရေးနေတာကို ကျွန်မကိုယ်တိုင် ပြန်ပြီး ပြောင်းရန် ရဲဝံ့စွာ ရင်ဆိုင်ဖြေရှင်းနေပါတယ်။ တရားခွင်အတွင်းမှာ ကျွန်မက တစ်ဖွဲ့လုံးနှင့် တစ်ယောက်ဖြစ်လို့ မနည်းကို ရင်ဆိုင်နေရပါတယ်။ တရားသူကြီး၊ ဥပဒေရေးရာ အရာရှိ၊ ရဲနှင့်မြို့နယ် စခန်းမှူး-အစရှိသည့် ပြင်ဦးလွင်မြို့ရှိ ပိုင်ရာဆိုင်ရာ အားလုံးဟာ တရားခံကုလားဘက်က ရှိနေတာကို တွေ့နေရပါတယ်
သိရပါတယ်။ ပြီးတော့ တရားခံဘက်က သတင်းလွှင့် ပါတယ်။
ရုံးတော်မှာ တရားခံဘက်က သက်သေတွေ ကအစ ငွေ(၂၀၀၀၀၀ိ/)ပေးပြီး တရားလိုကို အနိုင်တိုက်မယ်လို့ လာပြောသွားပါတယ်။ အဲ့ဒီလူတွေကတော့ ကျွန်မဘက်ကတော့ မဟုတ်ပါဘူး။ လာပြောတဲ့သူ ကိုယ်တိုင်ကလည်း ငွေပေးရင်တော့ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ လိုက်လုပ်ပေးမှာပဲလို့ ပြောပါတယ်။ ကျွန်မကိုတောင် နင်တို့ဘက်က ငွေပေးတာများရင်တော့ ငါတို့ နင်တို့ဘက်လိုက်မယ်တဲ့။ အဲ့ဒါ ကျွန်မပြန် ပြောလိုက်ပါတယ်။ ငွေထက် အမှန်တရားက ပိုပြီးထိရောက်ပါတယ်။ ငွေမရှိလည်း အမှန်တရားနဲ့ပဲ အနိုင်တိုက်မယ်လို့ ပြောလိုက်ပါတယ်။ ကျွန်မကတော့ ဒီကုလားတွေကို ရဲရဲဝံ့ဝံ့နဲ့ပဲ တိုက်မှာဖြစ်တဲ့အကြောင်း ရိုသေစွာလျှောက်ထားအပ်ပါ သည်ဘုရား။ ရှိခိုးဦးတင်လျှက်……… ပြင်ဦးလွင်မြို့။
 (မူရင်းသတ်ပုံနှင့် စာသားအတိုင်း ဖြစ်ပါသည်။)
 စုံစမ်းရန် ဦးနန္ဒိယ- ၀၉-၄၀၂၅၅၉၄၉၈
 ကိုဇော်မင်းလတ်(ခ)ဇော်ဇော်-၀၉-၄၂၈၃၂၃၁၇၉
 “KM”ဂေါက်အပိုပစ္စည်းဆိုင်ရှင်၊
 ဦးအေးမြင့် ဖုန်း-၀၉-၂၀၄၆၃၅၇
 ၀၉-၂၀၄၆၀၆၉
===================================================

Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ