Sep 3, 2012

KIA မှ ကုမ္ပဏီပိုင် ကျောက်စိမ်းလုပ်ကွက်များအတွင်း လက်နက်ဖြင့် ခြိမ်းခြောက်ကာ ရေမဆေးကျောက် ရှာဖွေသူများအား ၀င်ရောက်လုပ်ကိုင်ခိုင်း

ကချင်ပြည်နယ်၊ဖားကန့် မြို့နယ်အတွင်းရှိ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများအား ပြည်နယ် အတွင်း ဖြစ်ပေါ်နေသော စစ်ပွဲများကြောင့် ခေတ္တရပ်ဆိုင်းထားသော ကျောက်စိမ်းလုပ်ကွက်များအတွင်းသို့ KIA အဖွဲ့မှ လက်နက်များဖြင့် မတရားအနိုင်ကျင့်ခြိမ်းခြောက်ကာ ရေမဆေးကျောက်ရှာဖွေသူများအား ၀င်ရောက်လုပ်ကိုင် ခိုင်းတယ်လို့ သိရပါတယ်။


 KIA တပ်ဖွဲ့များအနေဖြင့် ဒေသခံလက်လုပ်လက်စား ရေမဆေးကျောက်ရှာဖွေသူများအား အပေါစား စည်းရုံး ရေးပြုလုပ်ကာ ရေမဆေးကျောက်ထက် အရည်အသွေးပိုမိုကောင်းမွန်သော RJ ကျောက်များကို ၀င်ရောက် ရှာဖွေခိုင်းခြင်းဖြစ်ပြီး ရှာဖွေ ရရှိသော သုံပုံတစ်ပုံအား ဆက်ကြေးသဘော ပေးဆောင်ရပြီး တစ်ဦးလျှင်(၅၀၀)ကျပ်စီ ပေးရပါတယ်။

 မလောင်ရွာ ဘက်မှာရှိတဲ့ ကုမ္ပဏီပိုင်ကျောက်စိမ်း လုပ်ကွက်များ ကိုလည်းဆက်လက် ပြုလုပ်မယ်လို့ ဒေသခံ ရေမဆေး ကျောက်ရှာဖွေသူမျးထံမှ သိရပါတယ်။ ဧပြီလ(၂၅)ရက်နောက်ပိုင်းမှစ၍ စစ်တပ်ကလာရောက်တိုက်ခိုက်မှာစိုးတယ့်အတွက် ကျရာလမ်း များ တောင်ယာလမ်းများပါမကျန် ရွာအနီးပတ်ဝင်းကျင်များမှာပါ ပိတ်ဆို့မိုင်းထောင်မှုတွေ ပြုလုပ်တဲ့အတွက် ဒေသခံပြည်သူတွေဟာ မိမိတို့ကျေးရွာ များကို စွန့်လွှတ်ပြီး မြစ်ကြီးနား၊ ၀ိုင်းမော်၊ ချီဖွေ စတဲ့ နီးစပ်ရာ ဆွေမျိုးများထံ ပြောင်းရွှေ့ခိုလှုံ နေထိုင် ကြရပါတယ်။ သြဂုတ်လ(၂၉)ရက်က ဒီလို တိမ်းရှောင်နေတဲ့ ဒေသခံများထဲမှ ဒေါ်ရွေးလီဟာ စားသောက်စရာရှာဖွေရင်း လောခေါင်ရွာနဲ့ စုစီးရွာကြား လူသွားလမ်းပေါ်မှာ KIA အဖွဲ့မှ ထောင်ထားသာ မိုင်းနင်းမိကာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။

သို့ပေမဲ့ နီးစပ်ရာဆေးရုံဆေးခန်းများသို့ ပို့ဆောင်ပေးရန်မှာလည်း KIA အဖွဲ့မှ လမ်းများပိတ်ဆို့ကာ မိုင်းထောင် ထားခြင်းကြောင့် ဘယ်လိုမှ ပို့ဆောင် နိုင်ခြင်းမရှိဘဲ နောက်တစ်နေ့မှာဘဲ သေဆုံးသွားတယ်လို့ ၀မ်းနည်း ဖွယ် ကြားသိရပါတယ်။ ကချင် ပြည်နယ်တွင် ဒေါ်ရွေးလီလိုအဖြစ်မျိုး လူမသိ သူမသိသေးဆုံးခဲ့ ရတဲ့ ဒေသခံတိုင်းရင်းသား အများအပြား ရှိနေခဲ့မှုကြောင့် ပြည်နယ်သူ ပြည်နယ်သားတွေရဲ့ နားကျည်း မုန်းတီးမှုတွေကို ပြေပျောက်စေရန် အခုလို ကုမ္ပဏီတွေကို လက်နက်ပြကာ ဒေသခံတွေ ၀င်ရောက် လုပ်ကိုင်စေတဲ့ အပေါစားစည်းရုံးမှုလေးနဲ့ မျက်နှာပန်းလှလှ ပွဲထွက် ခဲ့တာဘဲဖြစ်ပါတယ်။
_______________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ