အနောက်အာဖရိက တိုဂိုကမ်းလွန် ပင်လယ်ပြင်၌ ပင်လယ်ဓားပြများ သိမ်းယူထားသော ဂရိုနိုင်ငံသား ပိုင် ရေနံတင်သင်္ဘော တစ်စင်းပေါ်မှ ရုရှားသင်္ဘောသား ၂၃ ဦးအား ဓားပြများက ပြန်လွှတ်ပေး လိုက်ပြီဖြစ်ကြောင်း သြဂုတ် ၃၀ ရက်တွင် ရုရှားနိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောကြားသည်။ ရုရှားသင်္ဘောသားများနှင့် ဂရိနိုင်ငံသား ရေယာဉ်မှူးမှာ ဘေးအန္တရာယ်မှ လွတ်မြောက်လာသော်လည်း ၄င်းတို့ပိုင်ငွေကြေးများနှင့် သင်္ဘောပေါ်ပါ ရေနံတန်ချိန် ၃၀၀၀ ကို ပင်လယ်ဓားပြများက သိမ်းယူခဲ့ကြောင်း သင်္ဘောကုမ္ပဏီက ပြောကြားသည်။ ယင်း ရေနံတင်သင်္ဘောကို သြဂုတ် ၂၁ ရက်တွင် ပင်လယ်ဓားပြများက ဖမ်းဆီးသွားခြင်းဖြစ်သည်။
(ဆင်ဟွာ)
__________________________________________________________________
0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။