Aug 28, 2014

ပြည်ပ မှ သူများသည် ဆရာ များဖြစ်ပြီး ပြည်တွင်းမှ သူများသည် တပည့်များဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

 သြဂုတ်လ ၂၈ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်ပမှလာသူများသည် ဆရာများဖြစ်ပြီး ပြည်တွင်းမှ သူများသည် တပည့်များဖြစ်သည်ဟု အဓိပ္ပါယ်ရသော စကားအား RFA ကို ပြောကြား လိုက်သည် ။ 


ဒေါ်စုမှ".အားလုံးကတိုင်းပြည်ကို တိုးတတ်စေချင်တယ်..ပြည်သူတွေကို ဖွံ့ဖြိုးစေချင်တယ်ဆိုရင်..
အပြင်ကလူတွေက ဒီထဲကို ကူညီစေချင်တဲ့ စိတ်နဲ့... နောက်ပြီးတော့ ဆရာကောင်း တွေဆိုရင်..အပြင်ကလူတွေကို ဆရာလို့ပြောတာမဟုတ်ပါဘူး...
ဒါပေမယ့် 'မ' ပြောချင်တာက တကယ့်အကောင်းဆုံးဆရာတွေဆိုရင် သူတို့ဘယ်လောက်တတ်တယ် ဆိုတာ တပည့်တွေကို သင်ဖို့ထက် တပည့်တွေ ဘယ်လောက် သိတယ်ဆိုတာပေါ် အခြေခံပြီးတော့ ပိုပြီးတော့ တိုးတတ်အောင်လုပ်ပေးဖို့ဖြစ်တယ်.. ပြင်ပက သူတွေကလည်း မောက်မာစရာမလိုပါဘူး. ဗမာပြည်က သူတွေ ဘာအရည်အချင်းတွေရှိတယ်... သူတို့မှာမရှိတဲ့ဟာတွေ..ဗဟုသုတတွေ.ဘာတွေလိုတယ်ဆိုတာကို အခြေခံပြီး အားလုံး တိုးတတ်အောင် ကူညီမှာပေါ့..ဒီမှာနေတဲ့ သူတွေကလည်း ပြင်ပကလူတွေဟာ တကယ်စေတနာနဲ့ ကူတယ်ဆိုတာကို စေတနာကို အသိအမှတ်ပြုဖို့လိုတယ်" ဟူ၍ ပြောကြားခဲ့သည် ။

 ဆရာလို့မပြောချင်ပါဘူးဟု ကြိုတင်ဖာထေးပြောဆိုသော်လည်း နောက်ပိုင်းတွင် ပြည်ပကလူတွေက ပြည်တွင်းမှသူများတွင် အတွေ့အကြုံဗဟုသုတများမရှိ၍ ပြည်ပက ၀င်လာသူများမှ ပြန်လည် သင်ကြား ဖြန့်ပေးရမည်ဖြစ်သည်ကို ဆရာ(ပြည်တော်ပြန်/ပြည်ပမှသူများ) က သိတာတွေကို ပြောရမှာမဟုတ်ဘူး. .တပည့်(ပြည်တွင်း) များသိတာတွေကို ဖော်ထုတ်ကူညီရမှာ ဟုဆိုလိုခြင်းဖြစ်သည် ။ ပြန်လာသူများ ပြည်တော်ပြန်များ၏ စေတနာကို အသိအမှတ်ပြုသင့်ကြောင်း ပြောကြားခြင်းဖြင့် ရှေ့စကားနောက်စကား လွဲနေသည်ဟု သုံးသပ်မှုများ တွေ့ရပါသည် ။ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများ(အထူးသဖြင့် နိုင်ငံရေးအဖွဲ့များ) တွင် ပြည်ပမှ ပြန်လာသူများက သူတို့ကဲ့သို့ အမြင်ကျယ်မှုမရှိဘူး ဟုယူဆက နေရာဝင် ယူမှုများ ဖြစ်နေပြီး ပြည်တွင်းမှသူများကလည်း ပြည်ပမှပြန်ဝင်လာသူများကို သူတို့လောက် မြန်မာ့ နိုင်ငံအရေး နားမလည်ကြ မတွေ့ကြုံဖူးကြဟူသော အမြင်များဖြင့် နေရာယူမှုများ ဖြစ်နေသည် ဟု ကြားသိရ ပါကြောင်းဖြင့် RFA ၏ မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ယင်းသို့ ပြောကြားခြင်းဖြစ်သည် ။

 ပြည်ပနိုင်ငံများနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ တို့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် သဘောထားခြင်း တူညီနေပြီး အထူးသဖြင့် ရခိုင်ပြည်နယ်ကိစ္စများနှင့် ဘင်္ဂလီကိစ္စတွင် မြန်မာပြည်သူများ က ဘင်္ဂလီများအား အနိုင်ကျင့်နေပြီး ဘာသာရေးခွဲခြားမှုများ ပြုလုပ်နေခြင်းဖြစ်သည်ဟု ခံယူထားသော စိတ်စေတနာ နှင့် အမြင်ရှိသည် ။မြန်မာနိင်ငံကို ဖွံဖြိုးတိုးတတ်စေလိုသော စေတနာဖြင့် စီးပွါးရေးပိတ်ဆို့မှု ကို တောက်လျှောက် ပိတ်ပင်ခဲ့သူ ၊ ဆန်ရှင်အား ဖြေလျှော့မှုကို အပြစ်တင်ခဲ့သူ ဒေါ်အောင်ဆန်း စုကြည် သည် ၎င်း၏ ပါတီမှ ပညာရေးကွန်ရက်အဖွဲ့များအား မကြာသေးမီက တရုတ်နိုင်ငံသို့ ပညာတော်သင် စေလွှတ်ခဲ့သည် ။

From:[_MyoMahar _]
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

There are a few factors you want to consider when purchasing a superfood drink powder.
The volume of raw spinach (like all other fresh garden greens) is deceiving.
Green superfoods, for example, are often some of the best when it
comes to your health.

Also visit my website: chris ashenden new zealand

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ