Dec 9, 2012

KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ လောင်ချာဖြင့်ပစ်ခတ်သ်ာလည်း ကံကောင်းထောက်မစွာ ဗုံးသီးမပေါက်ကွဲ၍ လွတ်မြောက်လာသူ ယာဉ်မောင်းတစ်ဦး

ကချင်ပြည်နယ်နဲ့ တရုတ်နိုင်ငံနယ်စပ် ကန်ပိုက်တီးမှ ဆဒုံဘက်သို့ အရပ်သားတစ်ဦး မောင်းနှင်လာသည့် ကားကို KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ဒီဇင်ဘာလ(၈)ရက်နေ့တွင် လဖိုင်ရွာအလွန် တံတားညီနောင်အနီးမှာ လောင်ချာဖြင့်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

"ကျွန်တော် ထွန်းထွန်းပါ။ အဲဒီနေ့က ကျွန်တော်တရုတ်ပြည်ဘက်ကနေ အထည်လိပ်တွေကို ၁၀ ဘီးကားနဲ့တင်ပြီးတော့ ကန်ပိုက်တီးကနေ ဆဒုံမြို့နယ်ကို မောင်းလာပါတယ်။ ဆဒုံမြို့ကိုကျော်ပြီး တံတားညီနောင်နားရောက်တော့ KIA ယူနီဖောင်းဝတ်ထားတဲ့ လူ(၅)ယောက်ကို ကားလမ်းဘေး က တောင်ကုန်းပေါ်မှာ တွေ့လိုက်ပါတယ်။ ပြီးတော့ပေါက်ကွဲသံကြားလိုက်ရပြီး ကျွန်တော့်ကားကို တစ်ခုခု လာထိမှန်ပါတယ်။   ကျွန်တော်လည်းကြောက်ကြောက်နဲ့  မြန်မြန်ဆက်မောင်းခဲ့ပါတယ်။  လုကြည်ရွာနား 
 ရောက်တော့ ကားရေဖြည့်ရင်းနဲ့ ကြည့်မိတော့ အထည်လိပ်တွေ ကြားထဲမှာ စိုက်ဝင်နေ တဲ့ လောင်ချာ ဗုံးသီး တစ်လုံးကိုတွေ့ရပါတယ်။ တခြားကားသမားတွေကို အကူအညီတောင်းပြီး ထုတ်နဲ့ထိုးချခဲ့ ရပါတယ် "လို့ လောင်ချာဖြင့်အပစ်ခံရသူ ကိုထွန်းထွန်းမှ ပြောပြသွားပါတယ်။

ကေအိုင်အေအကြမ်းဖက်အဖွဲ့အနေနဲ့ ဗမာစစ်တပ်ယာဉ်တန်းများကိုသာမက ခရီးသွားပြည်သူယာဉ် များ ကိုပါ တိုက်ခိုက်နေပြီး မဲမဲမြင်သမျှ ပစ်ခတ်နေပါတယ်။ KIA မှ ၎င်းတို့ဖျက်ဆီးထားတဲ့ လမ်း၊ တံတားတွေ ကိုပြန်ပြင် ဆောက်တာတွေကိုလည်း လက်မခံဘဲ ဆောက်လုပ်ရေးအဖွဲ့ဝင်တွေကိုလည်း သတ်ဖြတ်ပစ် တယ် လို့ ဒေသခံ များက ပြောပြပါတယ်။ 
From:[_KDN _]
 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

3 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

(တာလီ)ဘီယာတင်ထားတဲ့ ကားပါ။

Anonymous said...

ကန်ပိုင်တည်နဲ့ဆတုံးကြားမှာ တံတားညီနောင်ရှိပါတယ်။

Anonymous said...

ကန်ပိုင်တည်နဲ့ဆတုံးကြားမှာ တံတားညီနောင်ရှိပါတယ်။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ