Dec 11, 2012

နောက်ကွယ်က မြောက်ပေးသူတွေ နဲ့ ဘုမသိ ဘမသိ ဆန္ဒပြသူတွေ

ဝမ်ပိုင်ရဲ့ လူလည်ကျမှု

ကြေးနီတောင်မှာ ဦးပိုင်နဲ့ ၀မ်ပေါင်၊ အစိုရရဲ့ အချိုးမပြေတဲ့ ဖြိုခွင်းမှုတွေကို ဥာဏ်မီသလောက် ပြန်ပြီး ဝေဖန်ဆန်းစစ်မှု ပြန်လှုပ်ကြည်မိတာပါ။

ဦးပိုင်နဲ့ ၀မ်ပေါင်ရဲ့ လုပ်ကိုင်မှုက ဦးပိုင်က လက်ဝါးကြီးအုပ်ပြီး တရုတ်ဝမ်ပေါင်ကို အချိုအချောင်နဲ့ ရောင်းလိုက်တာကို လူတိုင်းလဲ သိပြီးသွားပြီမိုလို့ အကျယ်ချဲ့ မပြောချင်တော့ပါဘူး။ မနေ့က ဦးပိုင်နဲ့ ၀မ်ပေါင်ရဲ့ ရရှိမဲ့ အမြတ်အချိုးနှုန်းထားတွေ ထွက်လာတော့ ပိုလို့တောင် သိသာ ထင်ရှားသွားသေးတယ်။ ဦးပိုင်က ၁၃.၈% အစိုးရ (မြန်မာနိုင်ငံ) ဘက်က ၁၆.၈% ဆိုတော့ မြန်မာဘက်ခြိမ်းက ၃၀.၆% ရပြီးတော့ ၀မ်ပေါင်က ၁၃.၃% ရမယ် ကျန်တဲ့ ၅၆.၁%ကတော့ စီမံကိန်းရဲ့ ကုန်ကျငွေထဲကို ပြန်ထည့်ရမယ်။ ဒီနေရာမှာ ထုတ်လုပ်မှု စရိတ် ၅၆.၁%က ပြန်ထည့်တယ်ဆိုတော့ သူတို့ရဲ့ ကုန်ကျငွေ နည်းလေလေး ၀မ်ပေါင်ရမဲ့ အမြတ်က ပိုရလေလေဖြစ်တာပါပဲ။ ဒါကြောင့် ၀မ်ပေါင် ၇၀% နဲ့ မြန်မာဘက်က ၃၀% အချိုးအစားပေါ့။ ဒါကြောင့် ၀မ်ပေါင်လဲ ဒေါ်စုက စစ်ဆေးမယ်ဆိုတာနဲ့ ကော်မရှင်ဆုံးဖြတ်တဲ့အတိုင်းလုပ်ပါမယ်ဆိုပြီး လျောချတဲ့ အဆင့်ရောက်လာတာဆိုတော့ ဒီပွဲမှာ ဒေါ်စုဝင်ရောက်ပါဝင်လို့ အကျိုးအမြတ်တခုလို့ ပြောလို့ရပါတယ်။ ကြေးနီစီမံကိန်းက တကယ်တော့ ဟိုလွန်ခဲ့တဲ့ မဆလခေတ်ကလာကတည်းက မြန်မာသတ္တုလုပ်ငန်း ၃ အနေနဲ့ ဆာလင်းကြီးမှာ ထုတ်လာတာ အတော်ကြာခဲ့ပြါ့ပီ။ အဲဒီနောက် အိုင်ဗင်ဟိုနဲ့ ဖက်စပ်လုပ်ကိုင်ခဲ့တယ်။ အရင် အိုင်ဗင်ဟိုတုန်းက အသံတစ်စိမှမထွက်ဘူး။ ရန်ကုန်သာ မီးမမှန်တာ အိုင်ဗင်ဟိုမှာ မီးပျက်တယ်ရယ်မှမရှိတာ။
အရေးကြီးအဆင့်သတ်မှတ်ပြီး မီးပေးထားရတာ။ အဲသည်အချိန်တုန်းက ပတ်ဝန်းကျင်ထိမ်းသိမ်းရေးကို သူရို့ (အိုင်ဗင်ဟို) စံနစ်တကျလုပ်တယ်ထင်တယ်။
နောက်ပြီး ဒေသခံပြည်သူနဲ့လည်း အဆင်ပြေအောင်နေပုံရတယ်။

ခု...၀မ်ပေါင်က တရုပ်ပီပီ လူကြီးကိုပိုင်ရင်ဘယ်ကောင်မှ ဂရုစိုက်စရာမလိုဘူးဆိုတဲ့အချိုး ငါလုပ်ချင်တာလုပ်မယ်ဆိုတဲ့အပေါက်နဲ့ ဒေသခံတွေကို အဆင်ပြောအောင် မပေါင်းပဲ လုပ်ချင်ရာလုပ်တယ်။ ဒါတွေကို ကြပ်မတ်ပေးမယ့် နည်းဥပဒေတွေကိုလည်း အစိုးရက မပြဌာန်းနိုင်။ အစိုးရရဲ့ ကိုယ်စားလှယ်အဖြစ်နဲ့ သွားပြီး စစ်မယ့်ဆေးမယ့် တာဝန်ရှိကျွမ်းကျင်သူတွေကိုလည်း အိပ်ထဲကောက်ထည့် (သေတော့မသေချာ ဒါပေမယ့်ဖြစ့်ဖို့များ) ဒေသခံတွေနဲ့လည်း သင့်အောင်မနေ (မနေတဲ့အပြင် တရုပ်တွေရဲ့ ထုံးစံအတိုင်း မိန်းမကိစ္စက စလို့ ပြဿနာမီးကိုမွှေး)။ အဲဒါတွေကြောင့် သည်အရေးအခင်းဖြစ်လာတာ လို့ ဆိုတာ တွေးကြည့်လို့ရပါတယ်။

နောက်ကွယ်က မြောက်ပေးသူတွေ

ခု ကျွန်တော်တို့ပြောချင်နေတာက အဲသည်အရေးအခင်းကတော့ ဖြစ်ပြီးသွားပြီ။ ဒါပေမဲ့ အစိုးရကလည်း အရေးအခင်းတွေကို ဘယ်လိုဖြေရှင်းရမယ်။ ရဲတွေကလည်း ဘယ်လို လုပ်ကိုင်ရမယ်ဆိုတာ သေသေချာချာ မလုပ်ကိုင် လေ့ကျင့်တာမဟုတ်တော့ မလိုလားအပ်တဲ့ ပြသာနာတွေက ပိုပြီးကြီးလာတယ်။ ခက်တာက အစိုးရ နဲ့ ရဲတွေရဲ့ အားနည်ချက်ကို ချက်ကောင်းသိနေတဲ့ သူတွေက အသုံးချသွားတာလား။

မေး။ ။ဘယ်သူတွေ နောက်ကွယ်မှာရှိနေလဲ။
ဖြေ။ ။တိုင်းပြည်မငြိမ်မသက်ဖြစ်ရင်အကျိုးအမြတ်ရမယ့်လူတွေပေါ့။

၁-ဦးဇင်းတွေကို ကိုယ်တိုင်ကိုယ်ကျ ကားနဲ့သွားပင့်လာပြီး ဒိုင်းလိုသုံးသွားတဲ့လူတွေ

၂-အဲသည်စီမံကိန်းကို ဆန္ဒပြရတဲ့ ရည်ရွယ်ချက်က ဘာလဲ။ ဒီလိုမျိုး တရုပ်တွေ မဟုတ်တာလုပ်နေတဲ့အခြေအနေတွေကို နိုင်ငံတော်အဆင့်သိစေပြီး ယုံကြည်ရတဲ့လူတွေနဲ့ စုံစမ်းစစ်ဆေးရေးတွေလုပ်စေလိုတာအဓိကလား ဒါမှမဟုတ် တိုင်းပြည်မငြိမ်မသက် ဖြစ်အောင် ဖန်တီးချင်တာလား။

၃-အထက်က နံပါတ် ၂ အရဆို ဒေါ်စုခေါင်းဆောင်တဲ့ အဖွဲ့  ဖွဲ့ ပြီး စုံစမ်းစစ်ဆေးမယ်ဆိုရင် တောင်းဆိုချက်အထမြောက်တယ်လို့ မယူဆသင့်ဘူးလား။

၎-အစိုးရရဲ့  နှိမ်နင်းပုံကိုလည်း ကျွန်တော်တို့ မထောက်ခံပါဘူး။ ငယ်ငယ်ကတည်းက ကိုယ်လက်အုပ်ချီမိုးပြီးကန်တော့လာတဲ့ ဦးပဇင်းတွေ ဒီလောက်ဖြစ်တာ အတိုင်းအတာ တစ်ခုအထိတော့ အမှန်တကယ် စိတ်မကောင်းဖြစ်မိတာအမှန်ပါပဲ။  ဒီလိုအဖြစ်ဆိုးဖြစ်အောင် ဦးပဇင်းတွေကို အသုံးချသွားတဲ့လူတွေဖက်က သိပ်မှားတယ်ဆိုတာကိုပြောချင်တာ။

၅-အဲဒီ "နောက်ကွယ်ကအုပ်စု" ခုချိန်ထိ လှုပ်ရှားနေကြတုန်းပဲဆိုတာ ခု ဆက်ဆက်ပြီး ဖြစ်နေကြတဲ့ ဆန္ဒပြမှုလေးတွေမှာ ကိုင်နေကြတဲ့ ပိုစတာတွေကိုကြည့်ရင်သိသာပါတယ်။ နောက်ပြီး ဆန္ဒပြပွဲတွေကို စီစဉ်ရတယ်ဆိုကတည်းက ငွေကြေးအရဖူလုံမှသာလျှင်စီစဉ်နိုင်မှာပါ။ (မဖြိုခွဲခင် သပိတ်စခန်းမှာ ရေသန့်ဘူးတွေအစီအရီတွေ့ ရမှာပါ။ နောက်ပြီး ဦးပဇင်းတွေအတွက် စောင်တွေကအစ ပြင်ဆင်ပေးထားတာကိုလည်း တွေ့ ရမှာပါ။ နောက်ဆုံးကျတော့ မုံရွာဆေးရုံမှာ မန္တလေး ဆေးရုံးမှာ တက်နေရတာကတော့ ကိုယ်တော်တွေပဲ ခံလိုက်ရတာပါပဲ။

ဘုမသိ ဘမသိ ဦပဇင်းတွေ

ကိုယ်တော်တွေဆိုတာကတော့ "တပည့်တော်တို့ကို ပစ်မထားပါနဲ့ဘုရား၊ အရှင်ဘုရားတို့ ကယ်မှဖြစ်မှာပါ" စတဲ့ ပလီပြီးပြောတဲ့ စကားလုံးတွေနဲ့ ကြေးနီတောင်မှ ပါသွားပြီး ခံလဲ ခံလိုက်ရတယ်။ အခုကြည့်လိုက် အခုလဲ ဆန္ဒပြကြပြန်ပြီ။

ကိုယ့်ဒကာတွေခံနေရတယ်ဟဲ့ဆိုပြီး စိတ်ရင်းနဲ့ ထလိုက်သွားမယ့်ဆိုတါံ ကိုယ်တော်ချည့်ပဲ။ ခံလိုက်ရတဲ့ ကိုယ်တော်တွေ ဆန္ဒ့ပြတဲ့ ကိုယ်တော်တွေ ကြည့်လိုက်တော့လဲ အသက် ၂၀-၃၀ အရွယ် က စာသင်သားတွေထင်ပါတယ်။ စာသင်သားဆိုတာလည်း တက္ကသိုလ်ကျောင်းသားလိုပါပဲ။ ဘောပွဲဆိုလည်းအားပေးလိုက်တာပဲကိုး။ ပထမငယ်၊ ပထမလတ်လောက်အထိက ကျောင်းသားတွေပဲ။ ဦးပဇင်းဆိုတာ ဓမ္မာစရိယတန်းလောက်တက်မှ စပြီးတော့တည်ငြိမ်သွားကြတာများပါတယ်။  ဆန္ဒပြတယ်ဆိုတဲ့ ကိုယ်တော်လေးတွေကြည့်လိုက် ရင် အသက်ငယ်တော့ သင်္ကန်းမပါပဲ မြင်ကြည့်လိုက် သွေးဆူနေတဲ့ လူငယ်အရွယ်ပဲ၊ အတန်းပညာ အသိပညာ ဝေဖန်ပိုင်းခြားမှုနဲ့ ပတ်သက်လာရင် စဉ်းစားဆင်ခြင်နိုင်မှု နည်းသေးတော့ လူတွေကသာ အရှင်ဘုရားတို့ ဦးဆောင်ပါပြောတာ သူတို့မှာ သင်္ကန်းဝတ်မိုလို့ ရှေ့ကတက်သာရှိတယ်။ ကျန်တာ နိုင်ငံ့ အရေးကိစ္စတိုင်းမှာ.. အမျှော်အမြင်ကျယ်ကျယ်ပြန့်ပြန့်- အတွေးအခေါ်မြင့်မြင့်မားမားနဲ့ ဦးဆောင်နိုင်စွမ်း ရှိသူတွေ မဟုတ်ပါဘူး..။ အခုကိစ္စတွေမှာ ကျောင်းသားတပည့်တွေ ဆန္ဒပြတာကို တက္ကသိုလ်ပါမောက္ခက တပည့်တွေဖက် ရပ်ပြီး ပူးပေါင်း ဆန္ဒပြတာမျိုးနဲ့ မတူပါဘူး..။ .။ အခုသပိတ်တွေမှာက ဆရာတော်အရှင်သူမြတ်တွေဟာ.. နောက်လိုက် ဆန္ဒပြသူ ပြည်သူတွေထက် ဘာသာသလဲ.. သေချာတွေးကြည့်ရင်.. သာသနာ့ဝန်ထမ်း ဖြစ်နေတာပဲ သာပါတယ်..။ ဒီပရောဂျက်ရဲ့  အကျိုးတွေ အပြစ်တွေ သူတို့ သေချာသိ-မထင်ပါ..။ အဲသလို သေချာ ဂဃနဏ မသိတဲ့ သူကို ခေါင်းဆောင်နေရာ ပေးပြီး ဆန္ဒပြကြတယ် ဆိုကတည်းက တစ်ခုခုတော့ လွဲနေပြီပေါ့..။ အဲဒါကို သက်သက်မဲ့ သိသိကြီးနဲ့ ဘုန်းကြီးများကို တပ်ဦးက မချီချီအောင်.. တွန်းတင်ရင် တွန်းတင်သူများ ပိုမှားတယ်..။

အဓိက ပြောချင်တာကတော့ ဒေါ်စုခေါင်းဆောင်တဲ့ ကော်မရှင်က ဒီကြေးနီတောင်ကိစ္စကို မည်သူဖက်မှ မလိုက်ပဲ ရှာဖွေတွေရှိရသလောက် ဖော်ထုတ်မယ်လို့ ဆိုပါတယ်။ အဲဒီအတွက်လဲ ရှဥ့်လဲ လျှောက်သာ ပျားလဲစွဲသာ အဖြစ်မျိုး ရရှိမယ်ထင်လို့ ဒေါ်စုပါဝင်တဲ့ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ကြပါ။

မသိနားမလည်တဲ့ ဦးပဇင်းတွေ ပြည်သူတွေကို နားလည်အောင်ပြောဆိုပြီး တည်ငြိမ်အောင်လုပ်ကြပါ။ သတင်းမီဒီယာတွေအနေနဲ့လည်း ဖြစ်လာတဲ့ အခြေအနေကို သွေးထိုးလှုပ်ဆောင်တဲ့ သတင်းမျိုး မရေးပဲ ဖြစ်ပေါ်တဲ့ အခြေအနေကို သာ ပြည်သူသိအောင် လုပ်ပေးပါလို့ ဆိုချင်တာပါပဲ။


(စိုးရီမ်တတ်တဲ့ ကြောင်)From:[_ _] (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

စိတ်ရှည်ချင်ယောင်ဆောင်နေတာကို သိဖို့ လိုနေပြီနော်။ တော်ကြာ ခါးဖြတ်ရိုက်ခံရမှ (၈၈) ထက် ဆိုးနေမယ်။ နောက်ကွယ်မှ ခိုင်းစေချက် ပုံစံများ တောင်းဆိုမှု့ ပုံစံများ မင်းကိုနိုင်တို့၏ လှုပ်ရှားမှု့များသည် ယခင် ဗမာပြည် ကွန်မြူနစ် ပါတီ၏ စီမံချက် လှုပ်ရှားမှု့များနဲ့ တူညီနေသည်ဟု သတိပြုမိပါသည်။ NLD မှ ဗကပ လက်ကျန်များ၏ သပိတ်စုံ သူပုန်ထ အော်နေတာသည်လည်း တိုင်းပြည် ပျက်စီးရေးသို့ ဦးတည် နေစေသဖြင့် ပြည်သူအများ သတိပြု ဆင်ခြင်နိုင်ပါရန်--

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ