Dec 11, 2012

ဆက်သွယ်ရေးဥပဒေကြမ်း၌ ၀န်ကြီးဌာန၏ လုပ်ပိုင်ခွင့်များ လျှော့ချ သင့်ကြောင်း ပညာရှင်များ ပြောကြား

နိုဝင်ဘာလ ၇ ရက်နေ့၌ ထွက်ရှိလာခဲ့သည့် ဆက်သွယ်ရေး ဥပဒေကြမ်းသည် ၀န်ကြီးဌာနကို လုပ်ပိုင်ခွင့် အများအပြား အပ်နှင်းထားသည်ဟု သိရပြီး အဆိုပါကဲ့သို့ ၀န်ကြီးဌာနကို လုပ်ပိုင်ခွင့် အများအပြား အပ်နှင်းထားပါက အိုင်စီတီကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် နှောင့်နှေးမှုများနှင့် ရင်ဆိုင်ကြုံတွေ့ရမည် ဖြစ်ကြောင်း နည်းပညာနယ်ပယ်မှ ပညာရှင်အသီးသီးက ဝေဖန်ခဲ့ကြသည်။

 “အပြိုင်အဆိုင် အသစ်အဆန်းတွေကို တီထွင်ရတာ ဖြစ်တာကြောင့် Regulation တွေ တင်းကျပ်ထားပါက Innovation တွေ လျော့နည်းသွားဖို့ ဖြစ်စေပါတယ်။ Regulator ဟာ ၀န်ကြီးဌာန လက်အောက်မှာ ရှိနေခဲ့မယ်ဆိုရင် မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေ၊ ကြန့်ကြာမှုတွေ ဖြစ်စေမယ်။ ဒါကြောင့် Regulator ဟာ ၀န်ကြီးဌာနနဲ့ ကင်းလွတ်ပြီး သီးခြားဖြစ်သင့်ပါတယ်။ အကြံပြုလိုတာကတော့ Regulator ကို ဆက်သွယ်ရေး ကော်မရှင်ဆိုပြီးတော့ ဖွဲ့စည်းသင့်ပါတယ်” ဟု မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် ဥက္ကဋ္ဌ ဦးခွန်ဦးက ပြောသည်။

ဆက်လက်၍ ဆက်သွယ်ရေး ဥပဒေကြမ်း အခန်း ၄ ၌ ဖော်ပြထားသော အကြောင်းအရာများကို လုပ်ကိုင်လိုပါက လိုင်စင်ရယူရန် လိုအပ်သည်ဟု သတ်မှတ်ထားခြင်းသည် ICT Service လုပ်ငန်းများနှင့် Developer များအတွက် အခက်အခဲများ ဖြစ်ပေါ်နိုင်ပြီး တိုးတက်မှုများသည် နှောင့်နှေးသွားမည်ဟု ဦးခွန်ဦးက ဆိုသည်။ “ကြီးကြပ်ဆောင်ရွက်ဖို့ဆိုရင် ၀န်ကြီးဌာနနဲ့ သီးခြားလွတ်လပ်တဲ့ ကော်မရှင်တစ်ခုက အတူယှဉ်တွဲပြီး ဆောင်ရွက်ဖို့လိုပါတယ်။ ၀န်ကြီးဌာနမှာရှိတဲ့ ပုဂ္ဂိုလ်များအပြင် ပြင်ပမှာရှိတဲ့ ပညာရှင်များ ပါဝင်တဲ့ သီးခြားကော်မရှင်လေး တစ်ခုတော့ လိုအပ်တယ်လို့ ယုံကြည်ပါတယ်။ ဒီကော်မရှင်ကို ပြည်သူ့လွှတ်တော် ဒါမှမဟုတ် လွှတ်တော်တစ်ရပ်ရပ်က တာဝန်ပေးအပ် ဆောင်ရွက်စေပြီးတော့ ၀န်ကြီးဌာနနဲ့ နီးကပ်စွာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြီးကြပ်ရေးကို ဆောင်ရွက်မယ်ဆိုရင် ထိရောက်မြန်ဆန်စွာနဲ့ ဆက်သွယ်ရေး ကဏ္ဍကြီး တိုးတက်လာမှာပါ” ဟု မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းချုပ် ဥက္ကဋ္ဌ ဦးရဲရင့်ဝင်းက အကြံပြုပြောကြားသည်။

ဆက်သွယ်ရေး ဥပဒေကြမ်းသည် ယှဉ်ပြိုင်ဝန်ဆောင်မှုကို ခွင့်ပြုရမည်ဟု ပါရှိသော်လည်း ၀န်ဆောင်ခ ဈေးနှုန်းများကို ထိန်းချုပ်ထားခြင်း၊ အိုင်စိတီ လုပ်ငန်းမှန်သမျှကို လိုင်စင်ပြုလုပ်ခိုင်းခြင်းနှင့် အဓိပ္ပာယ် သတ်မှတ်သည်များ၌ တိကျပြည့်စုံမှု မရှိခြင်းတို့ကို ဥပဒေ၌ သော်လည်းကောင်း၊ နည်းဥပဒေ၌ သော်လည်းကောင်း ပြင်ဆင် ဆောင်ရွက်သင့်သည်ဟု သိရသည့်အပြင် ၀န်ကြီးဌာန၏ လုပ်ပိုင်ခွင့်များကို ယခုထက် လျှော့ချပေးသင့်သည်ဟုလည်း နည်းပညာ နယ်ပယ်မှ ပညာရှင်များက ထောက်ပြပြောဆို ခဲ့ကြကြောင်း ကြားသ်ရပါသည်။

 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ