Dec 14, 2012

မြောက်ကိုရီးယားဒုံးပျံ အောင်မြင်စွာ လွှတ်တင်

နိုင်ငံတကာ အသိုင်းအဝိုင်းက တားမြစ် သတိပေးနေသည့်ကြားမှ မြောက်ကိုရီးယား နိုင်ငံသည် ၄င်းတို့၏ ဒုံးပျံကို အောင်မြင်စွာ ပစ်လွှတ်ခဲ့သည်ဟု ပြောကြားကြောင်း ဒီဇင်ဘာ ၁၂ ရက်က ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ အဆိုပါ ဒုံးပျံကို ဒေသစံတော်ချိန် နံနက် ၉ နာရီ ၄၉ မိနစ်က စီစဉ်ထားရာ ဝေဟင်လမ်းကြောင်းအတိုင်း အဆင့်များစွာဖြင့် ပစ်လွှတ်ခဲ့သည်ဟု သတင်းများတွင် ဖော်ပြသည်။ ယင်းဒုံးပျံဖြင့် ဆက်သွယ်ရေးဂြိုဟ်တု တစ်လုံးကို ဂြိုဟ်ပတ်လမ်းအတွင်း လွှတ်တင်ခဲ့သည်ဟု မြောက်ကိုရီးယားက ဆိုထားသည်။ အမေရိကန်နိုင်ငံနှင့် မြောက်ကိုရီးယား အိမ်နီးချင်း နိုင်ငံများကမူ တာဝေးပစ် ဒုံးကျည်အဆင့်မြှင့်တင်ရေး လုပ်ဆောင်ချက် တစ်ရပ်ဖြစ်သည်ဟု ယိုးစွပ်ပြီး တောင်ကိုရီးယား နိုင်ငံကလည်း ယခုဒုံးပျံ ပစ်လွှတ်မှုကို ရှုတ်ချခဲ့သည်။ ဂျပန်နိုင်ငံက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ယင်းအရေးတွင် ထိပ်တိုက်တွေ့ဆုံ ဖြေရှင်းရန် ဆော်သြထားသည်။



(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ