Dec 12, 2012

သပိတ်လူထုအား ရဲမှ ခွဲထုတ်စဉ် ဒဏ်ရာရ သက္ကန်းဝတ်ကိုယ်တော် များအား ထိုင်းတွင် ကုသမည်

လက်ပံတောင်းတောင် အရေးကြောင့် ၁၁ ရက်ကြာ မီးလောင်ဒဏ်ရာ ခံစားနေကြရသည့် သံဃာတော် ငါးပါးကို ထိုင်းနိုင်ငံသို့ ပို့ဆောင်ကာ ဆေးဝါးကုသပေးမည်ဖြစ်ကြောင်း ဒဏ်ရာရသံဃာတော်များ စောင့်ရှောက်ရေး အဖွဲ့၏ ဦးဆောင်သူ ဆရာတော်ဦးသု(ခ) ဦးဝိမလထံမှ သိရသည်။
၂၇ ရက်နေ့ သပိတ်ခွဲဖို့ အမိန့်ထုတ်၊ ၂၈ ရက်နေ့ ၃ ကြိမ်တိတိ အသိပေး ၊ ၂၉ မနက်ထိ ဘုန်းဘုန်းတွေက ကျိန်းလို့ကောင်းဆဲ

 “ဦးတိက္ခဥာဏဆိုရင် ရန်ကုန်ကို ဒီနေ့နံနက်က ရောက်တယ်။ ရန်ကုန်ဆေးရုံကြီး မျက်နှာ၊ မေးရိုးနဲ့ အရေပြားဌာနမှာ ဆေးကုသနေတယ်။ ထိုင်းနိုင်ငံကို သွားဖို့အတွက် ပတ်စ်ပို့၊ ဗီဇာတွေလဲ လုပ်နေတယ်။ နောက်ထပ် သံဃာတော်တွေကိုလဲ ထပ်ပြီးထွက်ခွာနိုင်ဖို့ စီစဉ်နေတယ်” ဟု အဆိုပါဆရာတော်က ဒီဇင်ဘာ ၁၀ ရက်က မိန့်ကြားသည်။ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော ဦးပညာသီဟက ဒဏ်ရာရသံဃာငါးပါးကို ထိုင်းနိုင်ငံရှိ ဆေးရုံတစ်ခုတွင် တာဝန်ယူကာ အာမခံဖြင့် ကုသပေးမည် ဆိုသည့်အတွက် ပို့ဆောင်ပေးရန် စီစဉ်နေကြောင်း အဆိုပါ ဆရာတော်မှ ဆက်လက်မိန့်ကြားသည်

ကျောင်းနံရံတဝိုက် ဒေါင်းအလံစိုက်မည်
ဒေါင်းလက်ပတ်နဲ့ ဘုန်းကြီးနဲ့ဘာဆိုင်လဲ
။ “အခု သံဃာတော် ငါးပါးကိုတော့ က ထိုင်းနိုင်ငံမှာ တာဝန်ယူကုသပေးမှာ ဖြစ်ပြီး ကျန်တဲ့သံဃာတော်တွေကိုလဲ ဦးဉ္ဇင်းတို့ အလှူငွေ ကောက်ခံရရှိထားတဲ့ ငွေသိန်း ၃၀၀ ကျော်ထဲက ဆက်လက်ကုသပေးသွားမှာ ဖြစ်ပါတယ်” ဟု ဆက်လက် မိန့်ကြားသည်။ ဒဏ်ရာရ သံဃာတော်များကို ထိုင်းနိုင်ငံသို့ သွားရောက်ကုသရေးအတွက် မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးဝန်ကြီးနှင့် လူမှုရေးဝန်ကြီးတို့ကလည်း ကူညီလုပ်ဆောင်ပေးမည်ဟု သိရသည်။ လက်ရှိ မန္တလေးဆေးရုံကြီးနှင့် ကန်တော်နဒီ ဆေးရုံတို့တွင် ကုသနေသော သံဃာတော်နှင့် လူ စုစုပေါင်း ၆၀ ရှိကြောင်း လက်ထောက်ဆေးရုံအုပ်ကြီးထံမှ သိရသည်။

From:[_ ရန်ကုန်တိုင်း(မ်) ဂျာနယ်_]
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

3 ယောက် ဆွေးနွေးခဲ့တယ်:

bluesky05 said...

ဆန္ဒပြတယ်ဆိုတာက အများအတွက်မှန်ပါတယ်။ဒေါင်းလက်ပတ်ကတော့ ရဟန်းသံဃာတွေနဲ့
လားလားမှမဆိုင်ပါဘူး။

Anonymous said...

ဒီကိုတော်တွေက မြန်မာနိုင်ငံအတွက် ဆန္ဒပြတာမဟုတ်းဘူး၊ ဒေါင်းမအတွက် ဆန္ဒပြတာ။

ကျဲခေါက် said...

အေးအေးဆေးဆေးလေးပဲနေချင်တယ်ဗျာ။
အလုပ်အကိုင်က တဖြည်းဖြည်းကျပ်တည်းလာတယ်။
အရောင်းအဝယ်ကလည်းမကောင်းဘူး။
စိုက်ပျိုးရေးကလည်းအဆင်မပြေဘူး။
ဘာလုပ်စားရမလည်းတောင်မသိတော့ဘူးဗျာ။
အေးအေးဆေးဆေးပဲနေချင်တယ်။
ကြိုက်တဲ့အစိုးရတက် ကြိုက်တဲ့စနစ်နဲ့သာအုပ်ချုပ်ပါစေဗျာ
ပြည်သူတွေစား ဝတ် နေ ရေးအတွက်မပူပင်ရင်ကျေနပ်ပါပီ။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ