Dec 9, 2012

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နှင့်အဖွဲ့ ဝင်များ ရခိုင်ပြည်နယ် သို့ရောက်ရှိနေပြီး ကွင်းဆင်းလေ့လာ အကူအညီပေး


ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရောက်ရှိ နေသော ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နှင့် အဖွဲ့ဝင် များသည် မြန်မာနိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကမ္ဘော ဒီးယား နိုင်ငံ၊ အင်ဒို နီးရှား နိုင်ငံ၊ ပါကစ္စတန် နိုင်ငံနှင့် တူရကီ နိုင်ငံတို့မှ သံအမတ် ကြီးများ၊သံတမန် များ၊ ကုလ သမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း များမှ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီး အကဲများ လိုက် ပါလျက် ယနေ့ နံနက်ပိုင်းတွင် ရဟတ်ယာဉ် များဖြင့် ပေါက်တော မြို့နယ် ကြိမ်နီပြင် ကျေးရွာ သို့ ရောက်ရှိ ကြသည်။

ရှေးဦးစွာ ဒုတိယ သမ္မတနှင့် အဖွဲ့သည် ကြိမ်နီပြင် ကျေးရွာ ကယ်ဆယ်ရေး စခန်းရှိ ဒေသခံ ပြည်သူ များအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်သည်။

ယင်းနောက် ဒုတိယ သမ္မတနှင့် အဖွဲ့ဝင်များ၊ သံအမတ် ကြီးများ၊ သံတမန် များနှင့် ကုလ သမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း များမှ အဖွဲ့ဝင် များသည် ကြိမ်နီပြင် ကျေးရွာနေ ဒေသခံ ပြည်သူ များအား လက်ရှိ နေထိုင် စားသောက် နေမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ဆောင် ရွက်မှု၊ ပညာရေး၊ ကျန်းမာရေး အခြေအနေ များကို မေးမြန်းကြပြီး ဒေသခံ ပြည်သူ များအား ကယ်ဆယ် ရေးနှင့် ထောက်ပံ့ရေး ပစ္စည်းများကို ထောက်ပံ့ ပေးအပ်သည်။

 From:[_ မြဝတီ_]
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ