Dec 14, 2012

ကြေးနီစီမံကိန်းဆန္ဒပြမှူတွေ မစခင်က ဆားလင်းကြီးဒေသ မှာ ရွှေမိုးငွေမိုးတွေ ရွာဖူးတယ်

(၁)ဆားလင်းကြီးမြို့နယ်တွင် ရွှေမိုးငွေမိုးရွာခဲ့သည်

ကြေးနီသတ္တုတူးဖော်ရေးအတွက် လယ်ယာမြေများ၏ ကာလတန်ဖိုးလျော်ကြေးပေးရေး ရွာသစ်တည်ဆောက် ရေးနှင့် နှစ်ရှည်သီးပင်စားပင် လျော်ကြေးပေးရေးကိစ္စတွင် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ၂၆ ရွာမှ ရွာသူရွာသားများပူးပေါင်းကာ လိမ်လည်၍ ငွေတောင်းယူခဲ့ကြသည်။

ဥပမာ- လယ်ယာမြေ ၂ ဧကရှိသည်ကို ၁၀ ဧက စာရင်းပြခြင်း၊ ၅ ဧက ရှိသည်ကို ၁၀ ဧက စာရင်းပြခြင်း

၁ ဧကလျှင် လျော်ကြေးငွေ ငါးသိန်းနှစ်သောင်းကျပ်ဖြစ်သည့်အတွက် ၂၆ ရွာ၏ မြေယာများအတွက် မည်မျှ ပိုပြ၍ တောင်းခံခဲ့သည်ကို ပြန်လည်တိုင်းတာ စစ်ဆေးက သိရှိနိုင်ပါသည်။ ရွာသစ်တည် အိမ်သစ်တည် ဆောက်ရာတွင်လည်း တစ်အိမ်တည်းတွင် အတူနေသူများကို အိမ်ထောင်ကွဲများဖြစ်သည်ဟုဆိုကာ အိမ် ၁ လုံး အတွက် ၃ လုံး၊ ၄ လုံး ပြန်လည် တည်ဆောက် ပေးခဲ့သည်။ တဲသာသာ ထန်းလက်မိုးအိမ်အတုရှေ့တွင် မှတ်ပုံတင် နံပါတ်ကိုင်ကာ ဓါတ်ပုံရိုက်ခံလျှင် အိမ် ၁ လုံး ရခဲ့သည်။ ဓာတ်ပုံဆရာသည်ပင် အထူးငွေရွှင်ခဲ့ သည်။ 

နှစ်ရှည် သီးပင်၊ စားပင် လျော်ကြေးငွေတောင်းခံရာတွင် ထန်းပင်အတွက် ရာထားငွေနည်းသည်ဟု တင်ပြတောင်းဆိုခဲ့သဖြင့် ထပ်တိုးလျော်ကြေးရခဲ့ပြီး ထန်းပင်အရေအတွက်ကိုလည်း ပိုမိုတင်ပြတောင်းခံခဲ့ ကြသည်။ မြန်မာဝမ်ပေါင်ကုမ္ပဏီသည် လယ်ယာမြေ၊ အိမ်၊ ထန်းပင် (နှစ်ရှည်သီးပင်စားပင်)တို့အတွက် လျော်ကြေးငွေများ ပေးချေပြီးဖြစ်သည့်အပြင် ၂၆ ရွာမှ ၁ အိမ် ၁ ယောက်နှုန်း ခန့်ပေးခဲ့သည်။ ထိုဝန်ထမ်း များက ၄င်းတို့အား နေ့စားဝန်ထမ်းအဖြစ်မှ အမြဲတမ်းဝန်ထမ်းခန့်ရမည်တောင်းဆိုသဖြင့် အမြဲတမ်းဝန်ထမ်း များအဖြစ် ကုမ္ပဏီက ခန့်ထားခဲ့ကြောင်းလည်း သိရပါ သည်။ ၄င်းဝန်ထမ်းများသည် လုပ်ငန်းခွင်သို့သွားရာ တွင် နေ့စဉ် ကားအကြိုအပို့ရှိသည်ကိုလည်း မြင်တွေ့နေရပါသည်။

လူတကယ်နေတဲ့ အိမ်တွေဆိုတာထက် လောလောလတ်လတ်ဆောက်ပြီး အရမ်းကို သစ်လွန်းနေလားလို့။ အိမ်သာတွေလည်း မတွေ့သလောက် ခြံတိုင်က အဖြစ်လေးတွေ။ အိမ်လေးကလည်း ပြတင်းပေါက်တောင် တံခါး မတပ်ရသေး..လှေခါးလည်း မထောင်ရသေးဘူး .. သိုင်းသမားတွေ နေတာများလား ..(ဓါတ်ပုံ-မဟာ ကြောင်)

(၂)အကျိုးဆောင်ခငွေကြေးများ

လယ်ယာမြေဧက၊ အိမ်၊ ထန်းပင်အရေအတွက်တို့ မှန်ကန်ကြောင်းထောက်ခံပေးရသည့် ကျေးရွာအုပ်ချုပ် ရေးမှူးအပါအ၀င် ဌာနဆိုင်ရာတာဝန်ရှိသူများသည် လူရှေ့၊သူရှေ့တွင် လျော်ကြေးငွေများ အပြည့်အ၀ပေး ချေပြီးနောက် တောင်သူများက ကျေကျေနပ်နပ်ပေးသည့် အကျိုးဆောင်ခငွေများ ရရှိခဲ့ကြသည်။ ယာမြေ (၁၀) ဧက ပိုပြပေးသည့်အတွက် ၁ ဧက ဖိုးငွေ ငါးသိန်းနှစ်သောင်းပေးရန် ၀န်မလေးခဲ့ကြပေ၊ စားတော်ဆက် များလည်း စည်ကားလျှက် ဘီယာ၊ အရက် ကြိုက်သလောက်သောက်၊ ကြိုက်သလောက်စား ငွေရှင်းမည့်သူများလည်း ပေါများသည်။ ဆိုင်ကယ်အသစ်များလည်း ပေါများလာအောင်ပင် ဤကဲ့သို့ ရွှေမိုးငွေမိုး ရွာခဲ့လေသည်။ 
မိုးသီးဇွန်တို့ လည်း ရောက်လာရော သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဆိုတာရော တရုတ်စီမံကိန်းတွေရပ်ဆိုတာရော သေသူတွေရှင်သန်ထမြောက်ဆိုတဲ့ ပါဖောမန့်တွေ ချက်ချင်းဖြစ်ပေါ်လာတယ်။စဉ်းစားစရာ။

(၃)ဆန္ဒပြရခြင်း

အချိန်ကာလ ကြာရှည်လာသည်နှင့်အမျှ " ရွှေမိုးငွေမိုး" လည်းရပ်စဲသွားချေပြီ၊ ငွေကြေးများလည်း လျော့ပါး လာလေပြီ၊ “ ငါ့မြေယာ ၅ ဧက ရှိတာကို ၁၀ ဧကပြတော့ ၅ ဧကဖိုးဘဲ အ ပိုငွေရတယ်၊ ဟိုဘက်အိမ်က လူကိုကျတော့ မူလက ၂ ဧကဘဲရှိတာ ၁၀ဧက စာရင်းပြတော့ ၈ ဧကဖိုး ငွေရတာပေါ့၊ မမျှတဘူး၊ မတရားဘူး၊ ဟူသော တီးတိုးစကားသံများလည်း ထွက်လာချေပြီ။ ဒို့မြန်မာနိုင်ငံရဲ့ သယံဇာတကို တရုတ်ကုမ္ပဏီက လာတူးယူတာဘဲ ငါတို့လည်း တရုတ်ကုမ္ပဏီဆီက ရသလောက်တောင်းမယ်၊ အစိုးရပိုင်ငွေမဟုတ်ဘူး။ တရုတ်ပိုင် ငွေတွေဘဲ၊ တောင်းတဲ့နည်းကလည်းအလွယ်ကလေး ဆန္ဒပြတဲ့နည်းဘဲ ဟူသော အတွေးအခေါ်ပေါ်ပေါက်လာသည်။ 

ဤသည်ပင် နောက်ပိုင်းတွင် တရုတ်မုန်းတီးရေးဝါဒသို့ ဦးတည် စေခြင်းဖြစ်သည်။ တရုတ်သံရုံးရှေ့သို့ ဆန္ဒပြရန် ချီတက်ခြင်းဖြစ်ပေါ်လာသည်။ လယ်ယာမြေ၊ အိမ်၊ ထန်းပင်တို့ကို လျော်ကြေးပေးသည့် သတင်းမှာ မည်သည့်ဂျာနယ်သတင်းစာမှ ဖော်ပြသည်ကို မတွေ့ရချေ။ သတင်းရေးသားဖော်ပြမှုမမျှတခြင်းပင်ဖြစ်သည်။ ၂၆ ရွာမှ ရွာသားများကလည်း လျော်ကြေးရပြီးကြောင်း တစ်ခွန်းမှမပြောခဲ့ကြပေ။ ကြေးနီစီမံကိန်းရပ်သွားလျှင် ၂၆ ရွာမှ အမြတ်ထွက်မည်။ ယူထားသည့် ငွေ၊ အိမ် ပြန်မပေးရရေး ဆန္ဒပြဦးမည်၊ လူညီလျှင် ရသည်ဟု ယူဆကြသည်။ အမှန်တွင် ဗုဒ္ဓဘာသာ ထွန်းကားသည့် နိုင်ငံလူမျိုးဖြစ်ပါလျှက် မည်သည့်လူမျိုးနိုင်ငံဆီကမှ မတရားရယူလိုသည့် ဆန္ဒမျိုးမထားရှိသင့်ချေ။

ကြေးနီထုတ်ယူရရှိနိုင်သည့် “ ဒုတ္ထာ” မြေတွင် အပင်စိုက်ပျိုး၍ မဖြစ်ထွန်းပါ။ “ ဒုတ္ထာ”တွင် ပါဝင်သည့် ကန့်၊ ငရဲမီးနှင့် ကျောက်ချဉ်ဓါတ်ကြောင့် တီကောင်ပင် အသက်မရှင်နိုင်ပါချေ။ လက်ပံတောင်းတောင်တွင် ကျွန်း၊ ပျဉ်းကတိုး စိုက်ကြသည့် သတင်းလည်း တစ်ခါမျှမဖတ်ဖူးပါချေ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုသည်မှာလူသားတို့အတွက် အကျိုးပြုအသုံး ၀င်သည့် သဘာဝပတ်ဝန်းကျင်မျိုးဖြစ်အောင် ပြုပြင်ထိန်းသိမ်းရမည်ဟုလည်း နားလည်သင့်ပါသည်။ ချင်းပြည်နယ်တွင် မြေပြန့်ရှားပါး၍ တောင်တန်းတွေချည်းဖြစ်နေသည်။ ထိုတောင်တန်း များပြိုသွားလျှင် လွင်ပြင်ကျယ်ကြီးဖြစ်သွားမည်။ စီးပွားရေးအခြေအနေကောင်းမွန်လာမည်။ သို့သော် ယနေ့ထိ ဖြိုနိုင်သည့်လူမရှိသေးချေ။ ချင်းပြည်နယ်တွင် နေထိုင်သူများအဖို့ လက်ပံတောင်းတောင် ကို " တောင်" ဟူ၍ခေါ်ဆိုရမည်ကို ရီချင်ပေလိမ့်မယ်။ ကုန်းကမူကလေးအဖြစ်သာ သတ်မှတ်ပေလိမ့်မည်။ ကြေးနီသတ္တုသိုက်သည် နိုင်ငံပိုင်ဖြစ်သည့်အတွက် နိုင်ငံသားတိုင်းပိုင်သည်။ ၂၆ရွာမှသာ ပိုင်သည်မဟုတ်ချေ၊ ၂၆ ရွာသည် ပြည်သူအားလုံးကို ကိုယ်စားမပြုချေ။

သူတို့တွေ လာတရားဟောပြီးတဲ့နောက် သပိတ်စခန်းဆိုတာတွေ ပေါ်လာတယ်။စဉ်းစားစရာ။


(၄)နိုင်ငံရေးထောင်ခြောက် ဖြစ်သွားရခြင်း

ကျွန်ုပ်တို့နိုင်ငံတွင် နိုင်ငံရေးပါတီလေးဆယ်ကျော် မှတ်ပုံတင်ထားသည်ကို ကြည့်ခြင်းအားဖြင့် တစ်နိုင်ငံလုံး ကောင်းစားရေး၊ ကြီးပွားချမ်းသာရေး၊ တရားမျှတရေး ဆောင်ရွက်မည့်သူ အများအပြားရှိကြောင်းသိသာပေသည်။ နိုင်ငံဆေတ်ာအစိုးရ၏ ရည်မှန်းချက်နှင့်လည်း တူညီသည့်အတွက် အားရှိဝမ်းမြောက်စရာပင် ဖြစ်ပါသည်။ တရားမျှတသည့်ဘက်မှ ရပ်တည်ပြချင်ကြသည်။ ကြိုးစားပြချင်ကြသည်။ စိတ်ကောင်းစေတနာ အမှန်ရှိသူများပင် ဖြစ်ကြပါသည်။ စိတ်ကောင်းစေတနာ အမှန်ရှိသူများပင် ဖြစ်ကြပါသည်။ “ လက်ပံ တောင်းတောင် ကြေးနီစီမံကိန်း လယ်ယာမြေ အဓမ္မသိမ်းယူမှု” ဆိုသည်နှင့် ဆန္ဒပြသူများရှေ့တွင် မားမား မတ်မတ်ရပ်တည်တော့သည်။ “ရွှေမိုးငွေမိုးရွာခဲ့သည့် သတင်းကိုလည်း မကြားသိခဲ့ပေ၊ မည်သည့်ရွာသူ ရွာသားမှလည်း မပြောပေ။ လယ်ယာမြေအဓမ္မသိမ်းယူခံရသည်ဟုသာ အသံကျယ်ကျယ်အော်ဟစ်ခဲ့ ကြသည်။ ပြည်သူအတွက် တရားမျှတမှုအတွက် အသက်ပင်သေသေ ရဲရဲဝံ့ဝံ့ရပ်တည်ခဲ့သည်ကိုကား လေးစားဂုဏ်ပြုရမည်ဖြစ်ပါသည်။ ရွှေမိုးငွေမိုးရွာခဲ့သည့်သတင်း သို့မဟုတ် လူ့လောဘကို သိကြားမင်း ပင်လျှင် မတတ်နိုင်ဟူသည့် သတင်းတိမ်မြုပ် နေခြင်းသည် ပင်လျှင် နိုင်ငံအတွက် အန္တရာယ် “နိုင်ငံတော် ထောင်ခြောက်” ဖြစ်ခဲ့ရလေသည်။

ကြေးနီတောင်က သနားစရာ ဒေသခံများဆိုပြီး အင်တာဗျူးတော့ ရှေ့က မိန်းမက ငိုလို့..နောက်က အဖော်မိန်းမကြီးက ရီလို့မောလို့။စဉ်းစားစရာ။

ထောင်ချောက်မိသူများမှာ တရားမျှတမှုအတွက် ပြည်သူအတွက် မားမားမတ်မတ်ရပ်တည်ခဲ့သူများနှင့် နိုင်ငံတော်ငြိမ်းချမ်းသာယာရေး တရားဥပဒေစိုးမိုးရေးအတွက် ကျရာတာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်ကြ ရသည့် အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့ဝင်များဖြစ်လေသည်။

ထောင်ချောက်ဖန်တီးသူ လောဘသားများကား ဆုတ်ခွာပျောက်ကွယ်သွားကြလေပြီ၊ ဒဏ်ရာရသူများတွင် တရပ်တကျေးက ပိုများလေသည်။ ရွှေမိုးငွေမိုးရွာစဉ် သိန်းတစ်ထောင်ကျော်ရသည့် ၀န်ထမ်းတစ်ဦးမှာ အလုပ်မှ နှုတ်ထွက်သွားပြီး ၄င်း ၂၆ ရွာအနက် ၂၂ ရွာကို အောင်မြင်စွာပြောင်းရွှေ့ပေးနိုင်ခြင်းကြောင့် ဂုဏ်ထူးဖြင့် လက်ထောက်ညွှန်မှူးရာထူးတိုးသွားကြောင်း တို့ကိုကြားသိရလေသည်။
အရှင်ဘုရားတို့နောက်မှာ တပည့်တော်တို့ရှိတယ် ဆိုတဲ့လူကြီးလည်း ခုထိ အိပ်ရာကမထတာလား ထမီခေါင်းစွပ်နေတာလားမသိဘူး..မတွေ့တော့ဘူး။စဉ်းစားစရာ။

ယခုလက်ရှိဆားလင်းကြီးမြို့နယ်တွင်ရှိသည့် ၀န်ထမ်းများကား ယခင်လူများ၏ ဆိုးမွေကိုရလျှက် ဆန္ဒပြမှု ၀န်ထုတ်ဝန်ပိုး ပိနေလေသည်။" မုန့်ဝေတုန်းက မငဘဲ တုတ်ဝေမှ င" ဆိုသူများဟု ဆိုနိုင်ပါသည်။ “ရွှေမိုးငွေမိုး” သတင်းအား စစ်ဆေးဖော်ထုတ်နိုင်ခြင်းမရှိပါက တရုတ်လူမျိုး မုန်းတီးရေးဟူသော ကြီးမားသည့် ထောင်ချောက်ကြီး ဖြစ်ပေါ်လာဦးမည့် တဖက်သတ်သတင်းများ ရေးနေပြောနေကြပါဦးမည်။
ဒီကောင်မလေးကရော ဘာလို့ ဆန္ဒပြပွဲတိုင်း ပါဝင်နေရတာလဲ။စဉ်းစားစရာ။
လက်ပံတောင်းတောင်ကစတဲ့ ဆန္ဒပြပွဲတွေတောက်လျှောက် NLD အလံနဲ့ဒေါင်းအလံတွေ ဘယ်သူစိုက်ပေးတာလဲ။စဉ်းစားစရာ။

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်အနေဖြင့် လယ်ယာမြေလျှော်ကြေးများ ပေးပြီးကြောင်း ဖေါ်ပြရုံဖြင့် ပြည့်စုံမည်မဟုတ်ကြောင်း တွေးဆမိသဖြင့် အစီရင်ခံတင်ပြရခြင်း ဖြစ်ပါသည်။ တိုင်ကြားခြင်းမဟုတ်ပါ။ နိုင်ငံတော်အတွက် အရေးကြီးသည့် သတင်းအချက်အလက်ဖြစ်သဖြင့် အခြေအနေ မှန်ကို နိုင်ငံတော် အကြီးအကဲများ သိရှိစေလိုသည့်အတွက် ရှင်းလင်း တင်ပြရခြင်းဖြစ်ပါသည်။

ယခုအခါတွင် လက်ပံတောင်းတောင်ဖြစ်စဉ်နှင့် ပတ်သတ်၍ အောက်ခြေတွင်ဖြစ်ပျက်နေသည့် တကယ့်အခြေအနေမှန်ကို မသိကြပဲ အမျိုးမျိုးအဖုံဖုံ စွပ်စွဲပြောကြားနေခြင်းက များပြားနေပါ သဖြင့် ဖြစ်ရပ်မှန်များကို သိရှိနားလည်ဆောင်ရွက်နိုင်ပါရန် တင်ပြလိုက်ရခြင်းဖြစ်ပါသည်။


နိုင်ငံနှင့် ပြည်သူအကျိုးအတွက်

တာဝန်သိပြည်သူတစ်ဦး

 (မောင်ကျောက်ခဲ အဖွဲ့)
__________________________________________________________________
Print Friendly and PDF

4 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

မှန်တာပေါ့ဗျာ ခင်ဗျားသုံးသပ်တာကောလုပ်ဆောင်ချက်တွေကော ကျွန်တော့်အထင်တော့ ၁၀၀ ရာခိုင်နှုန်းမပြည့်ရင်တောင် ၉၀ အောက်တော့မလျော့ဘူး ဒါကအကုန်လုံးကိုရည်ညွန်းပြီးပြောလိုက်တာပါ တကယ်တော့ ၁၀၀ ပြည့်ပါတယ် လေးစားပါတယ်ဗျာ......(y)

Anonymous said...

ဒီလိုမျိုးလျှော်ကြေးပေးရင်အိမ်ထောင်စုစာရင်းပိုပြတာ၊ဟိုပိုဒီပိုပြတာကတော့
တော့မြန်မာနိုင်ငံထုံးစံဖြစ်နေပါပီ။ဒါကြောင့်မို့လို့လည်းတရုတ်ကခပ်တင်းတင်း
ဖြစ်နေတာနေမယ်။

Anonymous said...

(Y)

Anonymous said...

(y)

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ