Dec 11, 2012

အမေရိကန် နျူကလီးယား စမ်းသပ်မှုသည် ကမ္ဘာ့ ငြိမ်းချမ်းရေးကို လျော့ပါး စေကြောင်း အီရန် လွှတ်တော် အမတ် ပြောကြား

နီဗားဒါး သဲကန္တာရ၌ မကြာသေးမီက ပြုလုပ်ခဲ့သော အမေရိကန် ပြည်ထောင်စု၏ နျူကလီးယား စမ်းသပ်မှုသည် ကမ္ဘာလုံး ဆိုင်ရာ ငြိမ်းချမ်းရေးကို လျော့ပါးစေ ခဲ့ကြောင်း အီရန် လွှတ်တော်၏ အမျိုးသား လုံခြုံရေးနှင့် နိုင်ငံခြား မူဝါဒ ရေးရာ ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ မိုဟာ မက်ဟက်ဆန် အဆာဖာရီက ဒီဇင်ဘာ ၈ ရက်တွင် ပြောကြား ခဲ့သည်။

နီဗားဒါး သဲကန္တာရတွင်း နူကလီးယားဗုံးစမ်းသပ်ဖောက်ခွဲမူ


အဆိုပါ စမ်းသပ်မှုသည် ဖျက်အားပြင်း လက်နက်များ တိုးပွားလာ မှုနှင့် ထုတ်လုပ်မှု များပြား လာမှုကို ပြသလျက် ရှိကြောင်း ၎င်းက ပြောကြား ခဲ့သည်။

ထို့အပြင်   ယင်းစမ်းသပ်မှုသည် အမေရိကန် ပြည်ထောင်စုက နျူကလီးယား လက်နက် ဖျက်သိမ်းရေးကို လုပ်ဆောင် ခဲ့ခြင်း မရှိသည်ကို ပြသနေသည့် အပြင် အရှေ့အလယ်ပိုင်း ဒေသ၌ နျူကလီးယား လက်နက် ကင်းစင်ရေးနှင့် စပ်လျဉ်း၍ ပြုလုပ်သော နိုင်ငံတကာ ညီလာခံ၏ ကြိုးပမ်းမှု ဖျက်ဆီးရန် အတွက် လုပ်ဆောင် နေခြင်း ဖြစ်သည်ဟု ဆာဖာရီက ပြောကြား ခဲ့သည်။
နှူကလီးယားထိပ်ဖူးတပ် တာလတ်ပစ်ဒုံးများ

အရှေ့အလယ်ပိုင်း ဒေသကို နျူကလီးယား လက်နက် ကင်းစင်ရေးဇုန် အဖြစ် ပြုလုပ်ရန် ကြိုးပမ်းရာတွင် အီရန် နိုင်ငံသည် အရေးပါသော အခန်း ကဏ္ဍမှ ဦးဆောင် ပါဝင် လုပ်ဆောင် လျက်ရှိသည်ကို အမေရိကန် နိုင်ငံက ကောင်းစွာ သတိပြုမိ လျက်ရှိပြီး မိမိတို့ နိုင်ငံ အနေဖြင့် ကမ္ဘာလုံး ဆိုင်ရာ ငြိမ်းချမ်းရေးကို  ထူ ထောင်ပြီးသည့် တိုင်အောင် နိုင်ငံတကာ အစည်းအဝေးက ချမှတ် ထားသော ရည်မှန်းချက်ကို လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုတပ်မတော် မှပိုင်ဆိုင်သော ဘီ ၅၃ နူကလီးယားဗုံး

အမေရိကန် ပြည်ထောင်စုသည် Pollux အမည်ရှိ အဆိုပါ စမ်းသပ်မှုကို နီဗားဒါး အမျိုးသား လုံခြုံရေးရာ ဌာနရှိ လော့စ်အဲ လာမို့စ် အမျိုးသား ဓာတ်ခွဲခန်းနှင့် ဆန်ဒီဘာ အမျိုးသား ဓာတ်ခွဲခန်းတို့ ပူးပေါင်း၍  ဒီဇင်ဘာ ၅ ရက်တွင် ပြုလုပ် ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ စမ်းသပ်မှုသည် နျူကလီးယား လက်နက်များ၏  အကျိုး သက်ရောက်မှုနှင့် လုံခြုံရေး ဆိုင်ရာ အရေးကြီးသော အချက် အလက်များကို ရယူရန် အတွက် ရည်ရွယ် လုပ်ဆောင်  ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
From:[_မြဝတီ _]
(မောင်ကျောက်ခဲ အဖွဲ့)

Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ