Dec 11, 2012

နောင်လာမည့်တစ်နှစ်တွင် သမ၀ါယမဘဏ်မှ Master Card များ ထုတ်ပေးခြင်းကို ဆောင်ရွက်မည်

နောင်လာမည့်တစ်နှစ်တွင် သမ၀ါယမဘဏ်မှ Master Card များ ထုတ်ပေးခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါ ဘဏ်မှ သိရသည်။

 လက်ရှိတွင် Master Card များကို သမ၀ါယမဘဏ်တွင် စတင်အသုံးပြုနိုင်မည် ဖြစ်သော်လည်း လောလောဆယ်တွင် ကတ်ထုတ်ပေးခြင်းကို ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း၊ ပြည်တွင်းမှ Master Card အသုံးပြုလိုသူများ အနေဖြင့် နောင်လာမည့် တစ်နှစ်တွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ Master Card အနေဖြင့် ယခုအခါ ATM မှ ငွေသား ထုတ်ပေးသည့် ၀န်ဆောင်မှုကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ Master Card ဖြင့် ATM စက်များတွင် ငွေထုတ်ယူပါက မြန်မာကျပ်ငွေဖြင့် ထုတ်ပေးမည်ဖြစ်ပြီး ၂၄ နာရီပတ်လုံး ထုတ်ယူနိုင်မည်ဟု ဆိုသည်။ တစ်ကြိမ်ထုတ်လျှင် အများဆုံး ငွေကျပ် ၃ သိန်းမှ တစ်ရက်လျှင် အများဆုံး ကျပ် ၁၀ သိန်းအထိ ထုတ်ယူနိုင်မည်ဖြစ် သည်။
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ