Dec 12, 2012

သံဃာတော်များမျှော်သော်လည်းဒေါ်အောင်ဆန်းစုကြည်မရောက်ရှိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် နတ်မောက်ဒေသ ခရီးစဉ်တွင် မကွေးမြို့ သံဃာရာမကျောင်းတိုက်သို့ ဒီဇင်ဘာလ ၉ရက်နေ့ညနေတွင် လာရောက်လိမ့်မည်ဟု မြို့နယ်NLD ရုံးမှ အကြောင်းကြားထားသောကြောင့် သံဃာတော်များ မျှော်နေကြသော်လည်း လာရောက်ခြင်းမရှိဟု ၄င်းကျောင်းတိုက်မှ ဆရာတော် တစ်ပါးကပြောကြားသည်။

ယင်းကျောင်းတိုက်သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိမလာခြင်းသည် ဗဟိုရုံးချုပ်မှ အစီအစဉ်ပါမလာသောကြောင့် ဖြစ်သည်ဟု မြို့နယ်စည်းရုံးရေးမှူးကပြောကြားသည်။


အဆိုပါကျောင်းတိုက်မှဆရာတော်တစ်ပါးက“လူကတစ်ရာလောက် ဘုန်းကြီးကဒီကျောင်းတိုက်က တစ်ရာ့ရှစ် ပါးလောက် စောင့်နေတာ။ဒီကစီစဉ်ပေမဲ့ ဗဟိုကအစီအစဉ်မပါလို့တဲ့ မလာဘူး။
ကျောင်းထိုင်ဘုန်းကြိးကတော့ ပြောဖို့ရှိတယ်။“ဟုပြောကြားသည်။


သံဃာရာမ ကျောင်းထိုင်ဆရာတော်က“ထွေထွေထူးထူး တိုင်ပင်စရာတော့ မရှိပါဘူး။“ဟုပြောကြားသည်။လက်ပံတောင်းတောင်အရေးနှင့်ပတ်သက်၍ ဆရာတော်က“တို့ကတော့သူများတွေလို ဘေးထွက်ပြီးဆန္ဒတော့မပြဘူး။မပြပေမဲ့လို့ ဘောင်ထဲကနေ နေ့တိုင်းပရိတ်ရွတ်တယ် မေတ္တာပို့တယ် အဲ့သလိုလုပ်တယ်“ဟုပြောကြားသည်။

From:[_အောင်သိုက် _]
(မောင်ကျောက်ခဲ အဖွဲ့)
______________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ