ယနေ့ဖြစ်ပွားလျှက်ရှိသည့် ဆန္ဒဖော်ထုတ်မှုများကို ဒေသဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့တို့မှ ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ပြီး၊ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေခြင်းများဖြစ် ကြသောကြောင့်ငြိမ်းချမ်းစွာပင်ဖြေရှင်းသွားလိမ့်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက Popular News သို့ပြောသည်။
"အခုပြနေကြတာကတရားဝင်စာတင်တယ်လို့မဟုတ်ပေမယ့်ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒဖော်ထုတ်နေကြတာလေ။ ဒါကြောင့် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ပြေလည်အောင်ဖြေရှင်းသွားကြမှာပါ"ဟု ဦးဇော်ဌေးကပြောသည်။
သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ ဆန္ဒဖော်ထုတ်မှုများကို ကိုင်တွေဖြေရှင်းခြင်းမပြုနိုင်ပါမူ၊ လုပ်ထုံးလုပ်နည်းများအရ ပြည်ထောင်စုအဆင့်သို့ ထပ်ဆင့်တင်ပြရမည်ဖြစ်ပြီး၊ ယင်းသို့တင်ပြလာပါက ပြည်ထောင်စုအစိုးရအဖွဲ့က တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းသွားမည်ဟုလည်း ဦးဇော်ဌေးက ထပ်လောင်းပြောကြားသည်။
From:[_ Popular News_](မောင်ကျောက်ခဲ အဖွဲ့)
0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။