Dec 9, 2012

 တူရကီ နိုင်ငံခြားသား ၄ ဦး ပျောက်ဆုံးနေကြောင်း သတင်းမှာ မမှန်ကန်ကြောင်း သိရ

လွန်ခဲ့သော ဒီဇင်ဘာလ (၃) ရက်နေ့က စစ်တွေမြို့နယ်တွင် အလည်အပတ်ဗီဇာနဲ့ ရောက်ရှိနေသော တူရကီ နိုင်ငံခြားသား ၄ ဦး ပျောက်ဆုံးနေကြောင်း သတင်းမှာ မှန်ကန်မှု မရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကောက်မတီ ဥက္ကဌ ဦးလှသိန်းက ''ဒီကိစ္စက လုံးဝမဖြစ်နိုင်ပါဘူး။ ပြည်နယ်အစိုးရဖွဲ့အနေနဲ့ အ၀င်အထွက် စာရင်းအားလုံးကို ထိန်းသိမ်းထားပါတယ်။ တကယ်လို့ ပျောက်သွားတယ်ဆိုရင်တောင် တိုင်တန်းတာတို့ ရှိမှာပေါ့။ အခုက ဘယ်အဖွဲ့ကမှလည်း အကြောင်းမကြားပါဘူး။ တူရကီအဖွဲ့နဲ့လည်း အမြဲအဆက်အသွယ် ရှိပါတယ်။ ဒီလို တိုးရစ်ဗီဇာနဲ့ ၀င်နေတာလည်း မရှိပါဘူး။ လုံခြုံရေးဝန်ကြီးကိုလည်း ဒီသတင်း မေးထားပြီးပါပြီ။ ဒါဟာ မဟုတ်မမှန် သတင်းလွင့်တာပဲ ဖြစ်ပါတယ်" ဟုပြောကြားခဲ့ပါသည်။

အဆိုပါသတင်းအား အင်တာနက် စာမျက်နှာဖြစ်သည့် The Arakan Times စာမျက်နှာတွင် ရေးသားထားခြင်းဖြစ်သည်။
 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ