Dec 9, 2012

သပိတ်ထနေသော ဆရာတော်များ ကိုယ်တိုင် သံဃာစင်စစ် ပီသစေလို

နည်းမျိုးစုံနဲ့ သပိတ်ထနေသော ဆရာတော်များ ဘုရား
 လက်ပန်တောင်းတောင်နှိပ်ကွပ်ရေးမှာ လက်လွန်ခြေလွန်ဖြစ်ခဲ့လို့ ရဲမှူးချုပ်နဲ့ ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် လူသိရှင်ကြားတောင်းပန်ပြီးဖြစ်ပါတယ်..ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်လည်းဖွဲ့ပြီးပြီ..ဒေါ်အောင်ဆန်းစုကြည်ကလည်း..မြင်တာတွေ့တာ ဘက်မလိုက်ဘဲ အမှန်တရားအတိုင်း လူထုကို အသိပေးမယ်လို့ ပြောပြီးသွားပြီ။ 


ဒါကြောင့်..ချစ်စကိုရှည်စေ..မုန်းစကိုတိုစေဆိုသလို လူကြားသူကြားမှာ တရားထိုင်မယ့်အစား လူသူဆိတ်ငြိမ်တဲ့အရပ်မှာ တရားထိုင်၊ လမ်းလျှောက်ပြီး မေတ္တာပို့မယ့်အစား ထိုင်ပြီးစူးစူးစိုက်စိုက်နဲ့ မေတာပို့တာကမှ မိမိအတွက်နဲ့ သာသနာအတွက် ပိုမိုအကျိုးရှိပါမယ်ဘုရား..တဖြည်းဖြည်းနဲ့ လက်ပန်တောင်းတောင်ကန့်ကွက်မှုကနေ တောင်းဆိုချက်တွေမှာ ဘာမဆိုင် ညာမဆိုင် လွှတ်တော်မှာ တပ်မတော်ကိုယ်စားလှယ်တွေမပါဝင်ဖို့တောင်းဆိုမှုတွေကလက်ပန်းတောင်းတောင်စီမံကိန်းနဲ့သော်လည်းကောင်း၊ သံဃာတော်များကို ဖြိုခွဲခဲ့မှုအပေါ်သော်လည်းကောင်း မည်သို့မျှမသက်ဆိုင်တဲ့၊ အကျိုးသက်ရောက်မှုမရှိတဲ့တောင်းဆိုချက်တွေ ပါဝင်လာခဲ့ပါတယ်ဘုရား။ ဒီတောင်းဆိုချက်တွေက ဘာတွေရနိုင်သလဲ၊ ဘာရည်ရွယ်ချက်နဲ့လဲ၊ သာသနာအတွက် နယ်မြေခံလူထုအတွက် ဘယ်လိုအကျိုးကျေးဇူးခံစားရမလဲ စဉ်းစားသင့်ပါတယ်ဘုရား။ ဘယ်သူက ဒီတောင်းဆိုချက်တွေ စတင်ခဲ့သလဲ ဂရုပြုစောင့်ကြည့်ဖို့လိုပါမယ်ဘုရား။


အချို့ကလည်း တပည့်တော်ကို ဘုရားရှင်ကိုယ်တိုင်ဆန္ဒဖော်ထုတ်ခဲ့ကြောင်း၊ ဗုဒ္ဓ သာသနာ ကဘာကိုထွန်းလင်းစေခဲ့တဲ့ လယ်တီဆရာတော်ဘုရားကြီးရဲ့ သမိုင်းအမွေအနှစ်ပျေုာက်ပျက်ဖို့ရှိတာကို ဆန်ဒမပြသင့်ဘူးလားလို့ပြောလာတာရှိပါတယ်ဘုရား။  ဘုရားရှင်ကဆန္ဒပြခဲ့တာမဟုတ်ဘဲ အသိမှားနေသူကို ဆုံးမချင်လို့ ဥပစ်ခါပြုတာလို့ မှတ်သားမိသလို လယ်တီဆရာတော်ဘုရားကြီးရဲ့ သမိုင်းအမွေအနှစ်ကို ထိန်းသိမ်းဖို့ဆိုတဲ့နေရာမှာလည်း အဆင့်ဆင့်သော သံဃာ့နာယကတွေကနေတစ်ဆင့် တာဝန်ရှိသူတွေကို အသိပေးကန့်ကွက်ရင် ငြိမ်းချမ်းစွာနဲ့ ပြေလည်ပြီးစီးသွားမယ့်အခြေအနေလို့ ယူဆပါတယ်ဘုရား။ အလိုမကျတိုင်း ဒေါသမထွက်ဘဲ  ပြသနာဖြေရှင်းဖို့ နည်းလမ်းကို ဘက်စုံ ဒေါင့်စုံက သုံးသပ်ပြီး ဆောင်ရွက်ခြင်းက အကောင်းဆုံးအဖြေလို့ယူဆပါတယ်ဘုရား။ ဒီကနေ့အစိုးရခေတ်မှာ လူတန်းစားအမျိုးမျိုးက သတ်မှတ်ပေးထားတဲ့ဘောင်အတွင်းမှာမိမိဆန်ဒကို မည်သူမဆိုထုတ်ဖော်နိုင်တဲ့ အခြေအနေရှိနေပါတယ်ဘုရား။
 ဘောင်ကျော်လွန်တဲ့ ဆန္ဒထုတ်ဖော်မှုတွေကတော့ ဘယ်ဒီမိုကရေစီနိုင်ငံတွင်မှ ခွင့်မပြုပါဘုရား။


 ဒီအချိန်မှာ ဒီကနေ့မှာ အာရဗီဘာသာနဲ့ ရခိုင်အရေးကိစကို အယ်ဂျာစီးယားက ဘာသာရေးနှိပ်ကွက်မှုအသွင်နဲ့ အပုပ်ချနေပြီ။ NGO အဖွဲ့အစည်းကို အကာကွယ်ယူ ဖြစ်ရပ်မှန်တစ်ချို့ကို လုပ်ကြံမှု အများအပြားနဲ့ နိုင်ငံတကာမီဒီယာမှာ ၆ရက်ဆက်တိုက် ထုတ်လွှင့်တော့မယ်။ ဒီအရေးက အမှန်တကယ် နိုင်ငံတော် ပြည်သူလူထုနဲ့ ဘာသာ သာသနာအတွက်ပိုမိုအရေးကြီးတာမို့ အရှင်ဘုရားတို့အနေနဲ့ ဘုရားသားတော်များပီပီ အရှည်မျှော်တွေး၊ အဝေး ကိုမြင်ပြီး ပြည်သူလူထုနဲ့နိုင်ငံတော်ကို စောင့်ရှောက်မေတ္တာပို့သပေးဖို့ တောင်းပန်လိုပါတယ်ဘုရား။ ဒီနေ့ ကဘာပေါ်မှာ အစ္စလာမ် ဘာသာဟာ အများစုကိုးကွယ်တဲ့ဘာသာဖြစ်သလို တရားမ၀င်၊ တရားဝင်ကွန်ယက်တွေ အများကြီးရှိတဲ့ဘာသာဖြစ်တဲ့အတွက် ဒီလိုထုတ်လွှင့်မှုတွေ တပည့်တော်တို့ တိုင်းပြည်အပေါ်အကျိုးသက်ရောက်မှုတွေ ကြီးမားလာနိုင်ပါတယ်ဘုရား။ အရှင်ဘုရားတို့အနေနဲ့ ဘုရားသားတော်များပီပီ ဒီကိစ္စမှာ ၀င်ရောက် ဆောင်ရွက်ခြင်းမပြုရင်တောင်မှ လူကြားသူကြားမှာ ထိုင်လိုက် ထလိုက် လမ်းလျှောက်လိုက်ဆန္ဒပြမယ့်အစား ဖြစ်သင့်ဖြစ်ထိုက်သော တရားဒေသနာတွေနဲ့ ဆုံးမမှုတွေကို ဟောပြောဆုံးမရင်း ပြည်သူပြည်သားတွေကို စောင့်ရှောက်ပေးပါလို့ တောင်းပန်အပ်ပါတယ်ဘုရား။


ဗုဒ္ဓဘာသာရဟန်းသံဃာတော်များနဲံ့ ပြည်သူအပေါင်း ရန်သူမျိုးငါးပါးမှ ကင်းဝေးလွတ်မြောက်ပြီး နိုင်ငံတော်နဲ့ပြည်သူလူထုအတွက် ဆူးတစ်စင်း၊ ညှောင့်တစ်ချောင်းမဖြစ်စေဘဲ အုတ်တစ်ချပ်သဲတစ်ပွင့်ဖြစ်ပါစေရန် ဆုတောင်းမေတာပို့လိုက်ပါတယ်ဘုရား..

   ထေရ၀ါဒဗုဒ္ဓ ဘာသာဝင်စစ်စစ်  ဒကာကြီးရာကျော်
 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ