Dec 15, 2012

သမ္မတဦးသိန်းစိန်အား တစ်နှစ်အတွင်း အထင်ရှားဆုံး အာရှတိုက်သား (Asian of the year) အဖြစ် စင်ကာပူ The Straits Times သတင်းစာရွေးချယ်


မြန်မာနိုင်ငံ၏ သမ္မတဦးသိန်းစိန်အား ယခုနှစ်အတွက် အထူးချွန်ဆုံးအာရှတိုက်သား (Asian of the year) အဖြစ် စင်ကာပူနိုင်ငံထုတ် The Straits Times သတင်းစာက ရွေးချယ်လိုက်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် စီးပွားရေးဖြေလျှော့မှုများ လုပ်ဆောင်ရာ၌ သမ္မတဦးသိန်းစိန်၏ အခန်းကဏ္ဍအတွက် အဆိုပါသတင်းစာ၏ ထိပ်တန်းအယ်ဒီတာများက ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ယင်းဖြေလျှော့မှုများကြောင့် ဒီမိုကရေစီမီးရှုးတန်ဆောင်နှင့် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား မြန်မာ့လွှတ်တော်တွင် ကိုယ်စားလှယ်တစ်ဦးဖြစ်လာစေခဲ့ခြင်း၊ အနောက်နိုင်ငံများက ပိတ်ဆို့တားဆီးမှုများ ဖယ် ရှားခြင်းနှင့် တစ်ချိန်က သီးခြားဖြစ်နေသော နိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုမြင့်တက်လာခြင်းများ ဖြစ်ပေါ်လာစေသည်ဟု အဆိုပါသတင်းစာက ဖော်ပြသည်။

သမ္မတဦးသိန်းစိန်၏ လုပ်ကိုင်ဆောင်ရွက်မှုများသည် မြန်မာနိုင်ငံအတွက် မဟာဗျူဟာမြောက် အခွင့်လမ်းသစ်များ ဖွင့်လှစ်ပေးလိုက်ခြင်းသာမက အရှေ့တောင်အာရှဒေသတွင်သာမက အခြားအာရှဒေသများတွင်ပါ အပြုသဘောသက်ရောက်မှုဖြစ်စေနိုင်သည့် အင်အားစုများကို သက်ဝင်လှုပ်ရှားလာစေခဲ့သည်ဟု သတင်းတွင် ဆက်လက်ဖော်ပြသည်။

ယင်းသို့ပွင့်လင်းလာမှုများကို စနစ်တကျ ကိုင်တွယ်ထိန်းကျောင်းနိုင်ပါက သဘာဝသယံဇာတအရင်းအမြစ်များ ကြွယ်ဝသော်လည်း နိုင်ငံခြားသားများအပေါ် သံသယရှိမှု ဆယ်စုနှစ်များစွာနှင့် အလုံပိတ်ထားသော စီးပွားရေးကြောင့် ရပ်တန့်နေသော နိုင်ငံမှ ပြည်သူသန်း ပေါင်းများစွာအား ဆင်းရဲတွင်းမှ ဆွဲထုတ်နိုင်သည့် အလားအလာရှိသည်ဟု စင်ကာပူသတင်းစာက ဆက်လက်ဖော်ပြသည်။

''သမ္မတရဲ့ ရဲရင့်ပြီးသတ္တိရှိရှိ ကြိုးပမ်းမှုတွေကနေပြီး အိမ်နီးချင်းနိုင်ငံတွေလို ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဆီ ချီတက်ရေး၊ သူ့ရဲ့ပြည်သူတွေအ တွက်မျှော်လင့်ချက်တွေဖြစ်ပေါ်လာစေပါလိမ့်မယ်'' ဟု The Straits Times သတင်းစာအယ်ဒီတာ ၀ါရင်းဖာနန်ဒက်စ်က ပြောသည်။

The Asian of the Year ဆုအားနှစ်စဉ် ဒီဇင်ဘာလတွင် ကြေညာပြီး မိမိနိုင်ငံမှာဖြစ်စေ၊ ကျယ်ပြန့်သော ဒေသအတွက်ပါ ဖြစ်စေ သိသာထင်ရှား စွာပါဝင်လုပ်ဆောင်ပေးသော လူပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းအား အသိအမှတ်ပြုခြင်းဖြစ်ကြောင်း ၁၈၄၅ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့သည့် အဆိုပါ သတင်းစာတွင် ဖော်ပြထားသည်။



From:[_The Straits Times _]
 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ