Dec 14, 2012

အကယ်၍ ၂၁-၁၂-၂၀၁၂ တွင် ကမ္ဘာပျက်သော် မီဒီယာများမှ မည်သို့ရေးသားမည်နည်း

ကမ္ဘာပျက်ချိန် ရောက်လာပါက သတင်းမီဒီယာများက မည်သို့ သတင်းခေါင်းစီး တပ်ကြမည်နည်း။

USA Today သတင်းစာ - ကျွန်တော်တို့ သေပြီ။
The Wall Street ဂျာနယ် - ကမ္ဘာပျက်၍ ဒေါင်ဂျုံးစ် စတော့ဈေးကွက် ထိုးကျ။
Playboy မဂ္ဂဇင်း - ကမ္ဘာပျက်ချိန် သမီးပျိုများ။
Microsoft Systems ဂျာနယ် - Apple ဈေးကွက် ရှယ်ယာ ဆုံးရှုံး။
Victoria Secret ကက်တလောက် - နောက်ဆုံး ဈေးရောင်းပွဲတော်။
Sports Illustrated အားကစားစာစောင် - ပွဲ ပြီးပါပြီ။
Wired နည်းပညာ ၀က်ဘ်ဆိုက် - နောက်ဆုံး ပစ္စည်းသစ်။
Rolling Stone ဂီတစာစောင် - သေသည်၏ အခြားမဲ့ ဂီတပွဲ။
Readers Digest - ဘိုင့်ဘိုင်။
America Online - ခေတ္တခဏ စက်ချို့ယွင်းသွားပါ၍ ၁၅ မိနစ်ကြာလျှင် ပြန်လည် ကြိုးစားကြည့်ပါ။
Inc စီးပွားရေး မဂ္ဂဇင်း - ကမ္ဘာပျက်ချိန် အမြတ် ရနိုင်သော နည်းလမ်း (၁၀) မျိုး။
ကိုးကား - ဆဲဗင်းဒေးစ်ဂျာနယ်။

မြန်မာ့ဖေ့ဘွတ်ယူဇာများ...
"-ဒါပြည်သူ့ဆန္ဒကိုသောက်ဂရုမစိုက်တာ၊
-ကမ္ဘာဆိုတာ ပျက်ချင်တိုင်း ပျက်လို့ရမလားကွ
-ပွင့်လင်းမြင်သာမှုမရှိဘူး...ဆန္ဒပြကွာ"

ကုလသမဂ္ဂ...
"-ကျွန်တော်တို့ အင်မတန်စိုးရိမ်ပါတယ်
-ကျွန်တော်တို့စောင့်ကြည့်နေပါတယ်"

လဖျူဂျီများ...
"-ကော်တာပဲဟေ့ အင်္ဂါဂြိုဟ် လဖျူဂျီခံလို့ရပြီ"

ဘင်္ဂလီ...
"ခုမှခြေကုပ်လေးရကာစရှိသေးတယ်...သေပြီဆရာ"

ပြည်ပသောက်တလွဲမီဒီယာများ...
"ယင်းသို့ကမ္ဘာပျက်ရခြင်းမှာ စစ်အစိုးရကြောင့်ဖြစ်သည်ဟုသတင်းရ"

From:[_ ဖေကြီးသိတယ်_]
 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ဟား ဟား ဟား နောက် ဆုံးပြည် ပ စောက် တလွဲ မီ ဒီ ယာ ရဲ. သတင်း တော. ကြိုက် တယ် ဗျာ

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ