Dec 15, 2012

မိုးသီးဇွန် တရားစွဲခံရပြီ

(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

8 ယောက် ဆွေးနွေးခဲ့တယ်:

bluesky05 said...

တရားစွဲသင့်တာကြာပေါ့။ဒေါ် ခင်မေမြင့်နဲ့ဘဝတူတွေ အားလုံးစုပြီး
တပြိုင် တည်းတရားစွဲရင် ပိုကောင်းတာပေါ့ဗျာ။သူလုပ်ခဲ့ပြစ် မှု့တွေ
ကိုဖုန်းကွယ်ချင် လို့မြန်မာပြည်ကိုပြန်လာပြီး ဒေါင်းယောင်ဆောင်နေတပါ။

Unknown said...

ဒီလူကိုတော့မကြိုက်ဘူးဗျာ

Anonymous said...

မိုးသီးဇွန် တ လ ဘယါ လောင်္က ရ လဲ

Anonymous said...

လူသတ်ကောင်နိုင်အောင်နဲ့
လူသတ်ကောင်မိုးသီးဇွန် ...

ဒီကောင်တွေ ပြည်ပမှာဒေါ်လာစားပြီး ၀လို့ဖီးလို့ အဆီတ၀င်းဝင်းမျက်နှာတွေနဲ့ မြန်မာပြည်ပြန်ပြီး လုပ်ကွက်ရှာကြတာ

ဇတ်တူသားစားတဲ့ နိုင်အောင်နဲ့ မိုးသီးဇွန် ဖေါ်ကောင်လုပ်လို့ ပြည်တွင်းကအဖွဲ့တွေ အဖမ်းခံရသူတွေလည်းအများကြီးပါပဲ မင်းတို့ ဥပဒေရဲ့အဆုံးအမကိုတ၀ကြီးခံစားရမှ ပြည်သူတွေကကျေနပ်နိုင်မယ်

နိုင်အောင်က အေဘီမြောက်ပိုင်းမှာ ကျောင်းသား၇ဲဘော်ချင်း သလှျိုလို့ မဟုတ်တာကိုအတင်းအဒမစွတ်စွဲဖမ်းဆီးပီး လူမဆန်စွာနှိပ်စက်ပီးခေါင်းဖြတ်သတ်တာတွေကို သဘောတူပီးတာဝန်ယူခဲ့တယ် အဲ့တာတင်မက နိုင်အောင်က အေဘီမြောက်ပိုင်းအဆက် အေဘီတောင်ပိုင်းမှာလည်း သလှျိုလို့ မဟုတ်တာကိုအတင်းအဒမစွတ်စွဲဖမ်းဆီးပီးလူမဆန်စွာနှိပ်စက်တာတွေကို ကိုယ်တိုင်ကိုယ်ကျလည်းလုပ်ခဲ့သေးတယ်

မိုးသီးဇွန်က သလှျိုလို့ စွတ်စွဲဖမ်းဆီးခံထား၇ပီး လူမဆန်စွာနှိပ်စက်ခံနေ၇တဲ့ ဌေးနိုင်ကိုသတ်ဖို့အမိန့်ပေးခဲ့တယ်

မင်းတို့ကို ပြည်ဝင်ခွင့်ပြုခဲ့တာ မြွေပွေးခါးပိုက်ပိုက်တာထက်ပိုဆိုးတယ် မင်းတို့မို့လို့ မရှက်မကြောက်နဲ့ မြန်မာပြည်ကို ပြန်လာရဲတယ်

လူသတ်ကောင်နိုင်အောင်နဲ့ လူသတ်ကောင်မိုးသီးဇွန်၇ဲ့ အဲ့လူသတ်မှုတွေအတွက် သက်သေအများကြီးရှိတယ် အချိန်မရွေးတရားစွဲနိုင်တယ် မတ၇ားနှိပ်စက်သတ်ဖြတ်ခံခဲ့၇တဲ့ကျောင်းသား၇ဲဘော်တွေ၇ဲ့မိသားစုတွေနဲ့ မြောက်ပိုင်းင၇ဲခန်းတွေကနေထွက်ပြေးလာပီး အသက်၇ှင်နေသေးတဲ့ကျောင်းသား၇ဲဘော်တွေက မင်းတို့ကိုတ၇ားစွဲမှာ မယုံမရှိနဲ့ သူငယ်ချင်း

လူသတ်ကောင်နိုင်အောင်နဲ့ လူသတ်ကောင်မိုးသီးဇွန် ... ဖြစ်ရပ်မှန်ကိုဖုံးကွယ်လို့မရတဲ့ခေတ်မှာ မင်းတို့လုပ်ရပ်တွေအတွက်ထိုက်ထိုက်တန်တန်ပြန်ပေးဆပ်ရမှာပါ

MEG said...

Myanmar Express
From : ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားများ

နိုင်အောင် နှင့် မိုးသီးဇွန် ဆိုတဲ့ လူသတ်သမားများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်

၁၉၈၈ ဒီမိုကရေစီ အရေးအခင်းကြီး အပြီး ကျောင်းသားတွေ နယ်စပ်ဒေသများကို ထွက်ခဲ့စဉ်က အများစုဟာ အသက် ၁၉-၂၀ ပတ်ဝန်းကျင်တွေ များပါတယ်။ တချို့ ၁၄-၁၅ နှစ် အရွယ် ငယ်ရွယ်သူတွေ ပါသလို၊ မိုးသီးနှင့် နိုင်အောင်တို့လို ၂၆-၂၇ နှစ် အရွယ်ရောက်ပြီးသူများလဲ ပါခဲ့ကြပါတယ်။

စစ်တပ်ကို လက်နှက်ကိုင်ပြီး ပြန်တိုက်မယ် ဆိုပြီး ထွက်ခဲ့ကြတာပါ။ အဓိကကတော့ ယုံကြည်ချက် နဲ့ အပေါင်းအသင်းတွေကြောင့်ဆို မမှားပါဘူး။ စာသင်ခန်းတွေ၊ မိသားစုတွေ၊ မိဘရင်ခွင် တွေကို စွန့်ပြီး ထွက်ခွာခဲ့ကြတဲ့ သူတွေပါ။

စဉ်းစားကြည့်ပါ၊ တရားဥပဒေ စိုးမိုးမူ မရှိတဲ့ နယ်စပ် လက်နက်ကိုင်ဒေသမှာ မိဘရင်ခွင်ထဲမှ ရုတ်တရက် ခွဲထွက်လာခဲ့တဲ့ ငယ်ရွယ်သူများအတွက် အဓိက မှီခိုအားထားစရာ အဖြစ် သူတို့မိသားစု နေရာမှာ ဘယ်သူကို အစားထိုးမလဲ။ သူတို့ရဲ့ တော်လှန်ရေး အဖွဲ့အစည်း၊ သူတို့ရဲ့ ခေါင်းဆောင်ဆိုသူများနဲ့ သူတို့ရဲ့ အပေါင်းအသင်း အချင်းချင်း တွေဟာ သူတို့ရဲ့ မိသားစုပဲပေါ့။

နယ်စပ်မှာ ကျောင်းသားအချို့ ရန်သူ့လူဟု စွပ်စွဲ ခံရပြီး လူမျိုးစု အဖွဲ့အစည်းများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ အကျည်းတန်ဆုံးနဲ့ ရင်နာစရာ အကောင်းဆုံးက "ကျောင်းသား" ဆိုတဲ့ အမည်ခံထားတဲ့ ခေါင်းဆောင် ဆိုသူအချို့က အုပ်စုဖွဲပြီး ကျောင်းသားတွေကို ရန်သူလူအဖြစ် စွတ်စွဲပြီး ညှင်းပန်းနိုပ်စက် သတ်ဖြတ်ခဲ့ခြင်းပါဘဲ။

မိမိကိုယ်ကျိုးအတွက် တခုမှမပါဘဲ တိုင်းပြည်အတွက် ဆိုပြီး မိဘတွေကို စွန့်ပြီး ထွက်လာကြတဲ့ ကျောင်းသားလူငယ်တွေဟာ လပေါင်းများစွာ လူမဆန်စွာ ညှင်းပန်းနိုပ်ဆက်ခံပြီးမှ သတ်ဖြတ်ခံခဲ့ကြရတာပါ။ တစ်ရက် မဟုတ်ဘူး၊ တစ်ပတ် မဟုတ်ဘူး၊ တစ်လ မဟုတ်ဘူး၊ လပေါင်းများစွာ ရက်ရက်စက်စက် ညှင်းဆဲ ပြီးမှ တရိစ္ဆန်တွေလို သတ်ခဲ့ကြတာပါ။

· မိုးသီးဇွန်က ကိုဌေးနိုင် (၁၉၈၈ တွင် သင်္ချာံ နောက်ဆုံးနှစ်ကျောင်းသား၊ လက်ရွေးစဉ် ဘောလီဘောသမား၊ ရန်ကုန် တက္ကသိုလ်)ကို စစ်တပ်သူသျှို အဖြစ် စွပ်စွဲပြီး ဖမ်းဆီခဲ့ပါတယ်။

· နည်းပေါင်းဆုံနဲ့ တရိစ္ဆန်တကောင် လို ရက်ရက်စက်စက် စစ်ဆေးခဲ့တယ်။

· ထိုင်လို့ ထလို့ မရတဲ့ မြေကြီးကျွင်းထဲ မှာ လပေါင်းများစွာ ထားခဲ့ တဲ့အတွက် ကိုဌေးနိုင် တကိုယ်လုံး ခေါင်းမှအစ ခြေထောက်ထိ ပွေးများဆွဲ ပြီး တကိုယ်လုံးနူခဲ့ ရပါတယ်။

· ကိုဌေးနိုင်ကို ထဲ့ထားတဲ့ အချုပ်ကျွင်း ကိုဆောင့်ရတဲ့ ABSDF ကျောင်းသားလေး က "ကိုဌေးနိုင်က မျက်ရည် တွေကျပြီး သူကို သတ်ပြစ်ပေးဘို့ သူ့ကိုတောင်းပန်ခဲ့တယ်" လို့ ပြန်ပြောပြခဲ့ဘူးပါတယ်။

· မိုးသီးဇွန်က ဌေးနိုင်ကို လွယ်လွယ်ဖြင့် သေခွင့် မပေး ခဲ့ပါဘူး။ အချိန်ကြာမြင့်စွာ အားရအောင် ညှင်းဆဲပြီး နောက်ဆုံး စခန်းပြောင်းရသည့် အချိန်ကြမှ သတ်ပစ်ခဲ့ ပါတယ်။

ဌေးနိုင်ကို သိကြတဲ့ သူများအားလုံး ဌေးနိုင်ဟာတော်တော် သတ္တိကောင်း ပြီး စိတ်ခိုင်မာတဲ့ သူ ဖြစ်တယ်ဆိုတာ ကို သိကြ ပါတယ်။ ကိုဌေးနိုင်ရဲ့ ညီအကို မောင်နှမ အားလုံးဟာ ၁၉၈၈ အရေးအခင်းကြီးမှာ တက်ကြွစွာပါဝင် ခဲ့ ကြသူတွေပါ။

· နိုင်အောင် (ယခု မြန်မာပြည်ရောက်နေသူ) နှင့် အောင်နိုင်(ထိုင်းနိုင်ငံ) တို့ ခေါင်းဆောင်ပြီး ကျောင်းသား ကျောင်းသူ ၁၀၀ ခန့် ကို အစိုးရသူသျှို များအဖြစ် စွတ်စွဲပြီး ဖမ်းဆီးခဲ့ပါတယ်။

· လပေါင်း များစွာ တော်ရုံလူ မကြားဝံ့ရဲလောက် အောင် ရုပ်မာရက်စက်သော နည်းလမ်း များဖြင့် ညှင်းပန်းနိုပ်ဆက်ပြီး ၃၈ ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။

· များစုဟာခေါင်းဖြတ်သတ်ခြင်းခံရပါတယ်။

· အသက် ၁၉နှစ်အရွယ်တွင် တောခိုခဲ့သော ကျောင်းသူ မခင်ချိုဦးအား မသတ်ခင် ညှင်းပန်းသော ကာလများ အတွင်း သတ်ဖြတ်ခံရသော ကျောင်းသားတဦး၏ ရုပ်လောင်းအား လူအများရှေ့တွင် ကာမ ဆက်ရှက်ခိုင်းခြင်း၊

· မခင်ချိုဦး၏ မိန်းမ အင်္ဂါံအတွင်း ဒုတ်ဖြင့်ထိုးကာ ရှာဖွေခြင်း၊ ပါးစပ်အတွင်း ဒါးမြောင် ဖြင့်ထိုးမြွှေကာ စစ်ဆေး ခဲ့ပါသည်။

· ဖမ်းဆီးခံ ကျောင်းသားများ၏ ခြေ လက်များတွင် မိုင်းဗုံးများ ချီနှောင်၍ ပြေးခိုင်းခြင်း။

· လက် ချောင်းများဖြတ်၍ လည်ပင်းတွင် ပြန်ဆွဲခိုင်းထားခြင်း၊ လက်ကိုခုတ်ဖြတ်၍ ပါးစပ်တွင် ပြန်ကိုက်ခိုင်းခြင်း။

· ခေါင်းဖြတ်၍သတ်ခံရသည့် သူ၏ လည်ပင်းပြတ်မှထွက်သော သွေးကို တခြားဖမ်းဆီးခံ ကျောင်းသား တစ် ယောက်အား သောက်ခိုင်းခြင်း။ တို့အပြင် အခြားနည်းလမ်းပေါင်းဆုံဖြင့် မသတ်ခင် လပေါင်းများစွာ ညှင်းဆဲနှိပ်စက်ခဲ့ပါတယ်။

MEG said...

နိုင်အောင် နှင့် မိုးသီးဇွန် ဆိုတဲ့ လူသတ်သမားများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်

မိဘအရွယ်ရောက်လာကြပြီတဲ့၊ ကိုယ်ကိုယ်တိုင် မိဘဖြစ်လာပြီ ဖြစ်တဲ့ ကျနော်တို့တတွေ မိဘမေတ္တာ နှင့် သံယောဇဉ်ကို ပိုနားလည်လာကြပါပြီ။ ခုလိုအချိန်မှာ အပြောင်းအလဲတွေဖြစ်ပြီး ကျောင်းသားတွေ မြန်မာပြည် ပြန်လာကြပြီ ဆိုတော့ သက်ရှိထင်ရှားရှိသေးတဲ့ မိဘတိုင်း သူတို့ရဲ့ သားသမီးတွေ ကိုမျော်ကြမှာပါ။ ညီတွေ ညီမတွေက အကိုတွေ အမတွေကို မျော်ကြမှာပါ။ နိုင်အောင် နှင့် မိုးသီးဇွန် တို့ သတ်ဖြတ်ခဲ့တဲ့ ကျောင်းသားလေးတွေရဲ့ မိဘတွေ ညီအကိုမောင်နှမတွေ နေရာမှာ ကိုယ်ချင်းစာကြည့်ကြပါ။ သူတို့လဲ အခြားမိသားစုတွေလို မျော်ချင်ကြမှာပါ။ အခြားမိသားစုတွေ ပြန်လည် ဆုံစည်းလို့ ပျော်ရွှင်နေချိန်မှာ သူတို့ သားသမီးတွေ ဘယ်တော့မှ ပြန်မလာတော့ဘူးဆိုတဲ့ အသိက သူတို့ကို ဘယ်လောက်ကြေကွဲစေမယ်ဆိုတာ စဉ်းစားစရာ မလိုပါဘူး။

အဆိုးဆုံးက သူတို့ သားသမီးတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ မိုးသီးဇွန် နှင့် နိုင်အောင်တို့ က သူရဲကောင်းတွေလို မြန်မာပြည် ပြန်ရောက်လာကာ ဒီမိုကရေစီ နှင့် လူအခွင့်ရေး အကြောင်းတွေ ပြောနေကြပြီး အစိုးရကိုယ်တိုင် အပြင် မီဒီယာတွေ နဲ့ ဒီမိုကရေစီသမား ဆိုသူတွေက ချီးမြောက် ဆက်ဆံနေတာကို တွေတဲ့အခါမှာ သူတို့ ဘယ်လောက် အားငယ်မလဲ။

ဒီမိုကရေစီ အတွက် ဆိုပြီး သူတို့ရင်ခွင်က ထွက်သွားခဲ့တဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ သူတို့သားသမီးတွေ အတွက် ဘယ်လောက် ယူကြုံးမရ ဖြစ်ကြမလဲ၊ ဘယ်လောက် ခံစားကြရမလဲ။

အဲဒီတော့ ပြည်တွင်းမှာ ရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအားလုံး အနေဖြင့် သတ်ခံခဲ့ရတဲ့ ကျောင်းသား ကျောင်းသူ အားလုံး၊ သူတို့မိဘများ၊ မိသားစုများ၊ နှင့် ကျနော်တို့အားလုံး အဖြူစင်ဆုံး ပါဝင်ခဲ့ကြတဲ့ ၈၈၈၈ အရေးတော်ပုံကြီး မျက်နှာထောက်ပြီး ဒီ နိုင်အောင် နှင့် မိုးသီးဇွန် ဆိုတဲ့ လူသတ်သမားများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်။

အဲဒီနေရာမှာ ဒါတွေဟာတောထဲမှာ ဖြစ်ခဲ့တာ၊ ပြီးခဲ့တာ ပြီးခဲ့ပြီ၊ ငါတို့နဲ့ဘာမှမဆိုင်ဘူး၊ ငါတို့ဟာ နာမည်ကြီး တွေဘဲ ဆင်သွားရင် လမ်းဖြစ်တယ်၊ မိုးသီးဇွန်ဟာ ငါတို့ ဗကသ ကလူ၊ နိုင်အောင်ဟာ ခင်ဥမ္မာ ယောင်္ကျာံး၊ ငါတို့ မကသ ကလူ၊ ငါတို့ကို အများကြီးထောက်ပံ့ ခဲ့တဲ့သူ၊ ဆိုတဲ့ အတွေး မျိုးတွေနဲ့ အသိအမှတ်ပြု ဆက်ဆံခဲ့မယ် ဆိုလျှင် သတ်ခံခဲ့ရတဲ့ ကျောင်းသားကျောင်းသူများနှင့် သူတို့ရဲ့ မိသားစုများသာမက၊ ခင်များတို့အားလုံးကို လူအခွင့်အရေး နှင့် တရားမျှတမူ တိုက်ပွဲရဲ့ ခေါင်းဆောင်များအဖြစ် အသိအမှတ်ပြု ထားတဲ့သူ အားလုံး နှင့်တကွ ဒီမိုကရေစီရေးတခုလုံးကို စော်ကားလိုက်တာပဲ ဖြစ်မယ်။

တချိန်တည်းမှာ သမ္မတကြီး ဦးသိန်းစိန် နှင့် ဝန်ကြီး ဦးအောင်မင်း တို့အနေဖြင့်လည်း ခုလို ပြောင်းအလဲကာလမှာ အတိုက်အခံ အုပ်စုများအားလုံးနှင့် ညှိ့နှိုင်းဆွေးနွေးပွဲများ ပြုလုပ်ခြင်း အမျိုးသား ညီညွတ်ရေးအတွက် ကြိုးပမ်းခြင်းများ အပေါ် အားလုံးက ထောက်ခံအားပေးကြတယ် ဆိုတာကို သိစေချင်ပါတယ်။ ဒါပေမဲ့ ဒီသတ်ဖြတ်မူတွေဟာ ငါတို့ တပ်မတော်ကို တိုက်ခိုက်တော်လှန်နေခဲ့တဲ့ အချိန်မှာ သူတို့အချင်းချင်း ဖြစ်ခဲ့တာ၊ ငါတို့ အုပ်ချုပ်မူ မရှိတဲ့ ဒေသမှာဖြစ်ခဲ့တာ ငါတို့နှင့်မဆိုင်ဘူး ဆိုပြီး မိုးသီးဇွန် နှင့် နိုင်အောင် တို့ကို အသိအမှတ် ပြု ဆက်ဆံမည် ဆိုလျှင် ခင်ဗျားတို့ ကြိုးစားခဲ့တဲ့၊ စေတနာထားခဲ့တဲ့ အမျိုးသားညီညွတ်ရေး လုပ်ငန်းစဉ်ကိုများကို ထိခိုက်ရုံသာမက ဒီမိုကရေစီ နှင့် လူအခွင့်အရေး ချစ်မြတ်နိုးသူ အားလုံးကို စော်ကား မထီမဲ့မြင် ပြုလိုက်ခြင်း ဖြစ်ပါလိမ်မယ်။ သမ္မတကြီးတို့အနေဖြင့် မြန်မာသမိုင်းမှာ ဒီလို အရုပ်ဆိုး အကျည်း တန်လှတဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ သတ်ဖြတ်မူကြီးမှာ ဘယ်လိုရပ်တည်ခဲ့တယ်၊ ဘယ်လိုတာဝန်ယူ ဖြေရှင်းပေးခဲ့တယ်၊ ကျန်ရစ်သူ မိသားစုတွေကို ဘယ်လိုနှစ်သိပ်မူမျိုး ပေးနိုင်ခဲ့တယ်ဆိုတာ သမိုင်းမှာ မှတ်တမ်းတင် ကျန်ရစ်ခဲ့မှာပါ။ အဓိကတော့ သမ္မတကြီး တို့အနေနဲ့ မိဘချင်း ကိုယ်ချင်းစာနိုင်မယ်လို့ ယုံကြည်ပါတယ်။

ပြည်းတွင်းမှာရှိတဲ့ ကျောင်းသားအားလုံး နှင့်တကွ လူအခွင့်အရေး မြတ်နိုးသူ အားလုံးအနေဖြင့် ကျောင်းသား သတ်သမား မိုးသီးဇွန် နှင့် နိုင်အောင် နှစ်ယောက်စလုံး အား သူတို့ ကျုးလွန်ခဲသော လူမဆန်သည့် ရာဇဝတ်မူများအတွက် ပြန်လည်ပေးဆပ်ရမယ် ဆိုတာကို သူတို့သဘောပေါက်ရန် ဝိုင်းဝန်း ဆောင်ရွက်ကြဘို့ တိုက်တွန်း လိုက်ပါတယ်။ နောက်ဆုံးအနေနဲ့ ကျနော်တို့အားလုံး ကိုယ်ချင်းစာ နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

From : ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားများ
Myanmar Express

Anonymous said...

မျက်နှာကမျောက်ရုပ်နဲ့ မျက်မှန်တပ်ထားတဲ့ လေကြီး မိုးသီး ဝုန်းဒိုင်းကိုတော့ အေဘီတောင်ပိုင်းမှာ ဌေးနိုင်ကိုနှိပ်စက်သတ်ဖြတ်တဲ့လူသတ်မှုနဲ့ အမှုဖွင့်လိုက်ပါပြီဗျာ

ဟိုတကောင် အေဘီမြောက်ပိုင်း အေဘီတောင်ပိုင်းနှိပ်စက်သတ်ဖြတ်မှုတွေအားလုံး၇ဲ့အဓိကတ၇ားခံ နိုင်အောင် လဲ အင်တာနက်မှာလူသတ်မှုအထောက်အထားတစ်ခုပီးတစ်ခုပေါ်လာတိုင်း အပူတွေဖိစီးပီး၇င်းဖိစီး၇င်းဖြစ်ပီး ဆံပင်တွေဖြူလို့ ရုပ်ကတော့အရက်ဖေါဖေါနေပုံပဲ မြန်မာပြည်ပြန်လာပြီးလုပ်စားဖို့ဂွင်ချောင်းတာ ကံကောင်းလို့ လည်ပင်းကြိုးကွင်းမစွပ်မိတယ်ဆိုရုံလေး မနဲထွက်ပြေးရတယ်

ဘယ်လောက်ပြေးနိုင်ကြမလဲကြည့်ကြတာပ ပြည်သူကဒဏ်ခတ်ဖို့စောင့်နေကြပြီ ဟေးဟေး

sithu said...

သိပ်ကောင်းတာပေါ့ဗျာ လုပ်သင့်တာကြာပေါ့

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ