Dec 9, 2012

ရှမ်းမျိုးနွယ်စု နှစ်သစ်ကူးပွဲတော်နှင့် သက်ကြီးပူဇေကာ/ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တတ်ရောက်ပြီး အလှူငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း


ကျိုင်းတုံမြို့တွင် ရောက်ရှိနေသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်သူရသက်ဆွေ၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ကျိုင်းတုံတပ်နယ်မှ တပ်မတော် အရာရှိ ကြီးများလိုက်ပါလျက် ဒီဇင်ဘာ ၈ ရက် နေ့လယ်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ တိုင်းလိခန်းမသို့ ရောက်ရှိကြရာ ရှမ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းလာနှင့် အဖွဲ့ဝင်များက ချစ်ခင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ရှမ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့ကဦးစီး၍ ဒီဇင်ဘာ ၁၂ ရက်မှ ၁၄ ရက်ထိ ကျင်းပမည့် ရှမ်းမျိုးနွယ်စုနှစ်သစ် ကူးပွဲတော်နှင့် သက်ကြီးပူဇော်ပွဲ အခမ်းအနားအတွက် တပ်မတော်မှ လှူဒါန်းသည့် အလှူငွေ၊ ဆန် ၁ဝ အိတ်နှင့် စားသောက် ဖွယ်ရာများ ပေးအပ်လှူဒါန်းရာ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းလာနှင့် အဖွဲ့ဝင်များက လက်ခံရယူကြပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား ရှမ်းရိုးရာယဉ်ကျေးမှု ဝတ်စုံကို အမှတ်တရ လက်ဆောင်အဖြစ် ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံမြို့ ကက်သလစ် သာသနာကျောင်း အတွင်း၌ကျင်းပ ပြုလုပ်သော ကျိုင်းတုံကက်သလစ် သာသနာ တည်ထောင်ခြင်းနှစ် တစ်ရာပြည့်ဂျူဗလီပွဲတော် အခမ်း အနားသို့ ရောက်ရှိကြရာ ဒေသခံ တိုင်းရင်းသား ပြည်သူများမှ လမ်းဘေးဝဲယာ တစ်လျှောက်ရိုးရာယဉ် ကျေးမှုအကများဖြင့် ချစ်ခင်ရင်းနှီးစွာ တပျော်တပါး ကြိုဆိုကြသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ကက်သလစ် သာသနာကျောင်း အဝတွင် ကျိုင်းတုံကက်သလစ် သာသနာပိုင် ဆရာတော်ကြီး ပီတာ လွီးစ်ကျာခူက ကြိုဆို နှုတ်ဆက်ပြီး အမျိုးသမီးငယ် တစ်ဦးက ဂုဏ်ပြု ပန်းကုံးပေးအပ်သည်။

ယင်းနောက် ကျိုင်းတုံ ကက်သလစ် သာသနာတည်ထောင် ခြင်း နှစ်တစ်ရာပြည့် ဂျူဗလီပွဲတော် အတွက် အလှူငွေနှင့် စားသောက် ဖွယ်ရာများလှူဒါန်းခြင်း အခမ်း အနားကိုကျင်းပရာ ရှေးဦးစွာ ကျိုင်းတုံ ကက်သလစ် သာသနာပိုင် ဆရာတော်ကြီး ပီတာလွီးစ်ကျာခူ က နှုတ်ခွန်းဆက် ဆုတောင်းစကား ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ အလှူငွေနှင့်စား သောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းရာ ကျိုင်းတုံကက်သလစ် သာသနာပိုင် ဆရာတော်ကြီး ပီတာလွီးစ်ကျာခူက လက်ခံရယူပြီး ရာပြည့်ဂျူဗလီပွဲတော် အထိမ်းအမှတ် ကျောက်စီပန်းချီကားနှင့် အမှတ်တရ လက်ဆောင် ပစ္စည်းများ ပြန်လည်ပေးအပ်သည်။

၎င်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရာပြည့် ကက်သလစ် သာသနာသမိုင်း ပြခန်းသို့ ရောက်ရှိကြပြီး ပြခန်းအတွင်း ခင်းကျင်း ပြသထားမှုများအား လှည့်လည်ကြည့်ရှု လေ့လာကြရာ ဆရာတော်ကြီး ပီတာလွီးစ်ကျာခူနှင့် တာဝန်ရှိသူများမှ လိုက်လံရှင်းလင်း ပြသခဲ့ကြကြောင်း သတင်းရရှိသည်။
From:[_ မြဝတီ_]
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ