Dec 11, 2012

တနိုင်း-မြစ်ကြီးနား သွားသည့် လီဒိုကားလမ်းမကြီးပေါ်ရှိ ရေအေးချောင်းတံတား မိုင်းခွဲခံရ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကံလှရွာအနီး တနိုင်းနှင့် မြစ်ကြီးနား သွားသည့် လီဒိုကားလမ်းမကြီးတွင် ရှိသော ရေအေးချောင်းတံတားကို ဒီဇင်ဘာ ၅ ရက် ညနေ ၅ နာရီအချိန်ခန့်တွင် KIA အဖွဲ့က မိုင်းခွဲ ဖျက်ဆီးခဲ့သည့်အတွက် ချွတ်ယွင်းပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။

 “ကျွန်တော်တို့ ရွာနားက တံတားကြီးကို မိုင်းခွဲသံကြားရတယ်၊ မိုင်းခွဲသံက တကယ်တုန်လှုပ်စရာ ကောင်းပါတယ်၊ ဒီတံတားတည်ရှိတဲ့ နေရာက တနိုင်းနဲ့ မြစ်ကြီးနားကိုသွားတဲ့ အဓိကကျတဲ့ နေရာလည်း ဖြစ်တယ်။ အခုလို တံတားတွေ မိုင်းခွဲ ဖျက်ဆီးခံနေရတာကို  ကျွန်တော်တို့လည်း နားမလည်အောင် ဖြစ်နေတယ်။ ကျွန်တော်တို့ ဒေသမှာ စကားပြောတာ ဆိုတာကအစ မမှားရဲအောင် ဖြစ်နေတယ်၊ KIA ရဲ့ အန္တရာယ်တွေကို ကြောက်နေရတာပေါ့'' ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။



ကချင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများသည် တံတားများ မကြာခဏ မိုင်းခွဲဖျက်ဆီးမှုများ ရှိနေသည့်အတွက် ခရီးသွားလာသည့်အခါ စိုးရိမ်ပူပန်မှုများဖြင့် သွားလာနေရကြောင်း သိရသည်။

 ''အခုလို မကြာခဏ တံတားတွေကို မိုင်းခွဲခံနေရတာဟာ ကျွန်တော်တို့ ဒေသခံတွေအတွက် များစွာနစ်နာပါတယ်။ ဘာကြောင့်လဲဆိုတော့ မိမိရဲ့လုပ်ငန်းတွေကို စိတ်ချလက်ချ မလုပ်ကြရဘူး။ ဟိုသွားတဲ့အခါလည်း မိုင်းနင်းမိမှာစိုးရ၊ ဒီကိုသွားရင်လည်း မိုင်းထိမှာစိုးရနဲ့ နေကြရတာ၊ အန္တရာယ်ကင်းကင်း ဆိတ်ငြိမ်မှုနဲ့ အေးချမ်းမှုကို ဘယ်အချိန်မှာမှ ကျွန်တော်တို့ ခံစားကြရမလဲ မသိဘူး။ အခုလည်း ကြည့်လေ ကံလှရွာအနီးက ရေအေးချောင်း ကားလမ်းတံတားကြီး ချွတ်ယွင်းပျက်စီးသွားပြီ'' ဟု မိုးကောင်းမြို့နယ် နမ္မတီးကျေးရွာမှ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။ ကချင်ပြည်နယ်အတွင်း ဒေသခံ ပြည်သူများသည် မိုင်းကွဲသံများကို မကြာခဏ ကြားနေကြရသည့်အတွက် လမ်းခရီးသွားလာရေးတွင် စိုးရိမ်ပူပန်စိတ်များ နေ့စဉ်ရှိနေကြကြောင်း သိရှိရပါသည်။

(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ