Dec 12, 2012

Quick Link ပြင်ပဈေးကွက် နိုင်ငံခြားငွေ ရောင်းဝယ်သူများ တရားဝင် လိုင်စင်အား အထူးစိတ်ဝင်စား

Money Changer လိုင်စင်များအား ကုမ္ပဏီနှင့် အဖွဲ့အစည်းများကိုပါ  ချပေးတော့မည် ဆိုသော်လည်း လုပ်ငန်းနှင့် စပ်လျဉ်းကာ ပေးဆောင်ရမည့် အခွန်အနေအထားအား ရှင်းလင်းစွာ မသိရှိသေးခြင်းကြောင့် တရားဝင် လိုင်စင်လျှောက်ထား လုပ်ကိုင်ရန် မဝံမရဲဖြစ်နေရကြောင်း နိုင်ငံခြားငွေ ရောင်းဝယ်ရေး ပြင်ပဈေးကွက်မှ လက်ကြီးသမားများက ပြောကြားသည်။

 လိုင်စင်ရရှိရေးအတွက် မတည်ရင်းနှီးငွေအတွက် စတင် စာရင်းဖွင့်ရမည့် ငွေပမာဏသည် ပြင်ပဈေးကွက်တွင် လုပ်ကိုင်နေသူ အားလုံးနီးပါး တတ်နိုင်သည့် ပမာဏဖြစ်ခြင်းကြောင့် တရားဝင်လိုင်စင်ဖြင့် လုပ်ကိုင်ရန် အလွန်စိတ်ဝင်စားလျက်ရှိကြောင်း ယင်းတို့က ဆိုသည်။ နိုင်ငံခြားငွေ ရောင်းဝယ်သူ ကိုနိုင်(အမည်လွှဲ) က “တင်ရမယ့် Deposit က သိန်း ၃၀၀ ပဲဆိုတော့ အားလုံးတက်နိုင်တဲ့ အနေအထားပါ။ ဆိုင်ခန်းငှားမယ် ဘာညာဆိုရင်လဲ သိန်းတစ်ထောင်လောက်ဆိုရင် စလုပ်လို့ ရပါတယ်။ အများစုက အရမ်းကို စိတ်ဝင်စားကြပါတယ်။ ဒါပေမယ့် လုပ်ငန်းနဲ့ ပတ်သက်တဲ့ Tax (အခွန်)ကိုက ဘာမှ ရှင်းရှင်းလင်းလင်း မသိရဘူးလေ။ သွားလုပ်မှ တစ်ခုခုဆိုရင် နောက်ဆုတ်ဖို့ မလွယ်ဘူး။ ဒီတော့ စောင့်ကြည့်နေတုန်းပါပဲ” ဟု ပြောကြားသည်။ 

နိုင်ငံခြားငွေ ရောင်းဝယ်ခွင့် ဘဏ် ၁၈ ဘဏ်ကိုသာ ခွင့်ပြုပေးထားရာမှ ကုမ္ပဏီများမှတ်ပုံတင် အက်ဥပဒေအရ မှတ်ပုံတင်ထားသည့် ကုမ္ပဏီများနှင့် တရားဝင် မှတ်ပုံတင်ထားသည့် အဖွဲ့အစည်းများအနေဖြင့် ဘဏ်တစ်ဘဏ်တွင် မတည်ရင်းနှီးငွေ ကျပ်သန်း ၃၀ စာရင်းဖွင့်ကာ လိုင်စင်လျှောက်ထားနိုင်ပြီး ငွေလဲကောင်တာတစ်ခု ထပ်မံတိုးချဲ့လိုပါက ကျပ်ငွေဆယ်သန်း ထပ်မံပေးသွင်းရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် နိုင်ငံခြားငွေ စီမံခန့်ခွဲရေးဌာန (FMD) က ပြောကြားသည်။ ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက “လာလျှောက်တဲ့သူတွေကို လုပ်နိုင်မယ့် အနေအထားရှိ မရှိ၊ စနစ်တကျ ဆောင်ရွက်နိုင်မယ့် အနေအထားရှိ မရှိကို သွားရောက်စစ်ဆေးမှာ ဖြစ်ပါတယ်။ ပြီးမှပဲ ဖြစ်နိုင်မယ့်သူကို လိုင်စင်ချထားပေးမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။ 


ပြင်ပဈေးကွက်တွင် နိုင်ငံခြားငွေ ရောင်းဝယ်နေသူ လက်ကြီးသမား ကိုတင့်လွင် (အမည်လွှဲ) က “လက်ရှိ ကုမ္ပဏီမှတ်ပုံတင် ရှိပြီးသားသူတွေ ထဲကနေလဲ ဒီလုပ်ငန်းလိုင်စင် လျှောက်မယ့်သူတွေ အများကြီးရှိပါတယ်။ သူတို့ကနေပဲ တစ်ဆင့် အခွန်ကိစ္စကို သေချာစုံစမ်းရမှာပဲ။ အရမ်းစိတ်ဝင်စားပါတယ်။ ဒါပေမယ့် အချိန်ယူပြီးတော့ ကြည့်ရဦးမယ်” ဟု ပြောကြားသည်။ 

ဗဟိုဘဏ် အငြိမ်းစား ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က အထက်ပါကိစ္စရပ်နှင့် စပ်လျဉ်းကာ “ဒီလိုလုပ်ဖို့ အကြံပေးနေတာ ကြာပါပြီ။ အခုတော့ ဖြစ်လာပြီပေါ့။ ဒီ့ပြင်နိုင်ငံတွေမှာ Money Changer ကို ဘဏ်တွေက သိပ်လုပ်တာ မရှိဘူး။ စတိုးဆိုင်လေးတွေ၊ ကုမ္ပဏီ အသေးလေးတွေက သူတို့လုပ်ငန်းလေး တွေနဲ့ တွဲလုပ်ကြတာ။ နေရာတိုင်းမှာ မှိုလိုပေါက်နေတဲ့ လုပ်ငန်းဖြစ်တယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာလဲ ကျယ်ကျယ်ပြန့်ပြန့်ကို ရှိနေဖို့လိုတယ်။ လုပ်ငန်းအသေးလေးတွေ အနေနဲ့ လက်ရှိလုပ်ငန်းနဲ့ တွဲပြီး အပိုလုပ်ငန်း အနေနဲ့ တွဲလုပ်နိုင်တဲ့အထိ ဖြစ်လာဖို့လိုတယ်။ နိုင်ငံခြားခရီးသွားတွေက ဘဏ်တွေကို ဘယ်သွား လဲချင်ပါ့မလဲ။ ဈေးဝယ်မယ့်နေရာ၊ ကားစီး၊ ရထားစီးမယ့်နေရာ စသဖြင့် သူများနိုင်ငံတွေလို နေရာတိုင်းမှာ ရှိတဲ့အထိဖြစ်အောင် လုပ်ရမယ်” ဟု သုံးသပ် ပြောကြားခဲ့ကြောင်း ဆိုပါသည်။

From:[_ မြန်မာတိုင်းမ်_]
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ