Dec 13, 2012

သပိတ် သပိတ် မှောက် မှောက်

အခုတလောဆန္ဒပြတာတွေ သပိတ်မှောက်တဲ့ ဖြစ်ရပ်တွေက စဉ်ဆက်မပြတ်ဆိုသလို တောက်လျှောက်ဖြစ်လာနေတော့တာပဲ။ ဒီဖြစ်ရပ်တွေရဲ့ နောက်ကနေ ကစားနေကြတာ ဘယ်သူတွေလဲဆိုတာတော်တော်နဲ့ စဉ်းစားမရဘူး။
ခေတ်အဆက်ဆက်နဲ့ သမိုင်းချီပြီး တော့ ပြောရရင် ၈၈ ၀န်းကျင်က ဦးအောင်ဆန်းဦးကို တည်ကြက်ထားတယ်။ နောက်တော့ ဒေါ်စု။

ဒေါ်စု ကိုယ်တိုင်လဲ အိမ်ထဲမှာတုန်းက သူတို့ပြောသမျှ နားယောင်ပြီးတော့ ၂၀၀၈ ကိုလုံးဝ လက်မခံဘူး ဖြစ်နေခဲ့တာ။ 
ဒေါ်စုက အကျယ်ချုပ်နောက်ပိုင်း အတော်လေး ပြောင်းလဲသွားတော့ သူတို့တွေ အားမရကြဘူး ထင်ပါရဲ့။

ဟော...ခု ဘုန်းကြီးတွေ သွေးဆူအောင်လုပ်၊ နောက်ပေါက်တွေ မပါပါအောင် ဆွဲခေါ်။ လူမရှိတဲ့အဆုံး ဒေါ်နော်အုံးလှလို ခေါင်းမရှိတဲ့သူကို ရှေ့တင်လာတာ အတော်လေး ရယ်စရာကောင်းတယ်။

ထစ်ကနဲရှိ လယ်ယာကိစ္စလဲ လာခဲ့၊ ဆန္ဒအကုန်ပြမယ်ဆိုတဲ့ activist တွေ လူတောင် လက်ရှောင်နေတဲ့ လက်၇ှိအခြေအနေဆိုတာ နောက်ပိုင်းသူတို့တတွေကြားမယ် ဘာတွေ အယူအဆမတူတယ်မသိဘူး။လယ်သမား ကိုယ်စားပြု ဆန္ဒပြသူတစ်ယောက် မပါတာကို တွေ့ရပြန်တယ်။ 

ဖြစ်နိုင်တာတစ်ခုက ထမင်းဆိုတာအိုးထဲကရတယ် အဲဒီအိုးထဲကို လာဖြည့်ပေးတဲ့ လူတွေရှိတယ်လို့ ခံယူထားတဲ့လူတွေနဲ့ ထမင်းဆိုတာ စပါးပင်ကရမှန်းသိပြီး သူ့ဟာသူချက်စားရတဲ့ activist တွေနဲ့ ကွာသွားတယ် ထင်တယ်။

၈၈တွေလက်ရှောင်ကြတဲ့ အကြောင်းအရင်းတော့ ဒေါ်စုသိမှာပဲ။
၁၂/၁၂/၁၂ နေ့မှာ အရေးတောင်မလုပ်ဘူး မင်္ဂလာဆောင် သွားနေလိုက်သေးတယ်။ ကြည့်တတ်ရင် မြင်နိုင်ပါတယ်။

နောက်ကွယ်က လူတွေအနေနဲ့ မြန်မာနိုင်ငံကြီးမတည်ငြိမ်ရေးသာအဓိကကျတဲ့ ရည်ရွယ်ချက်ဖြစ်တယ်။ သူတို့မှာ လုံလောက်တဲ့ငွေကြေးအင်အား အတောင့်အတင်းနဲ့ကို ဒီကစားပွဲတွေကို စီစဉ်နေကြတယ်လို့ သံသယဖြစ်ဖွယ်ရှိတယ်။

အစိုးရ အနေနဲ့ ဒီငွေကြေး(နောက်ကွယ်ကစီစဉ်သူများသုံးနေတဲ့ငွေကြေး) လှည့်ပတ်စီးဆင်းနေတာကို မသိဘူးဆိုတာ အံ့သြစရာကြီး...

အဲ့ဒိလူတွေကို နောက်ကနေ တကယ်သာ ထောက်ပံ့ရိုးမှန်ရင်.. သူတို့ သိကိုသိရမယ် ဘယ်ကလာလဲ ဘယ်သူက နောက်ကွယ်ကလဲ... တိုက်ရိုက်မသိတောင် အခွဲလောက် သိသင့်တယ်။

ဘာလို့တိတ်နေတာလဲ ????

အဖြစ်နိုင်ဆုံးကတော့ မြန်မာနိုင်ငံရဲ့ ဒုက္ခရောက်လေ ငါတို့ ဘ၀စိုပြေလေဆိုပြီးတွက်ထားတဲ့ အချိုအချောင်နှိုက်ချင်တဲ့ မိုးသီး နဲ့ ဒေါက်တာနိုင်အောင်၊ ခင်ဥမ္မာတို့ပဲလား။ နိုင်ငံတကာ အထောက်အပဲတွေရနေတဲ့ စုစုနွေး နဲ့ မာကီးပဲလား ၊ အခုတလော Myanmar Age ဆိုတဲ့ အွန်လိုင်း အဖွဲ့ကလဲ လူဘောင်သစ်ကို လောဘီတွေ လုပ်လာတယ်။ 

တိုင်းပြည်မတည်ငြိမ်မှ ဒါမှ အဆီအသားတွေကို အလကားနီးနီး စားသောက် ခွါလို့ရမှာကိုး။ ဒါမှ မဟုတ် ပြည်တွင်းမှာနေပြီး ဆန္ဒပြတဲ့ နော်အုံးလှတို့ကို နောက်က တိတ်တိတ်လေး မြောက်ပေးနေတဲ့ ဂျာနယ်လစ်ဒေါက်တာကြီးများလား... အို.... ကြောင်လဲ မသိတော့ပါဘူး။ ကြောင်ကိုယ်တိုင်လဲ ၀င်ပြီး ဆန္ဒပြ၊ ဆန္ဒပြတဲ့ ကိုယ်တော်တွေနဲ့ အတူ အလှုငွေ ရတဲ့ ၂၉၃ သိန်းကိုပဲ ၀ိုင်းလုရင်ကောင်းမလား၊ 

၃၃ လမ်းထဲက ဗွီနိုင်းဆိုင်မှာ သွားပြီး ဗွီနိုင်ကြီးကြီး သွားရိုက်လိုက်အုန်းမယ်။ ဒါမှ ခါတော်မှီမှာလေ....

(မင်းသားမလုပ်ရမခြင်း ပတ်မကြီးဖောက်နေဦးမည့်ကြောင်)

From:[_မဟာကြောင် _]
 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

4 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့သူတွေကြောင့်မြန်မာပြည်
မတိုးတက်တာ။ဥပမ-ဒေါ်စု

Anonymous said...

ဒီအချိန်မှာ ဗွီနိုင်းဆိုင် ဖွင့်စားတာ အကောင်းဆုံးပဲ၊ သူတောင်းစား ကအစ ...အဆုံး ဆနပြနေတာဆိုတော့ ဗွီနိုင်းဆိုင် ဖွင့်စားတဲ့ ကုလားတွေကတော့ အကြိုက်ပဲ ၊ အလှူငွေလိုရင် လှူပေးပါရစေလို့တောင် ပြောနေ စီစဉ်ပေးနေမှာ အမှန်ပဲ။

Anonymous said...

အပေါ်က လူတွေ ပြောသွားတာ အမှန်တွေကြီးပဲ..။ဘယ်သူသေသေငတေမာရင် ပြီးရောဆိုတဲ့ လူတွေကြောင့်မတိုးတက်တာ။ခက်တာ ကမြန်မာလူမျိုးတွေ ကလဲ အဲ့လို လူတွေကို မှ အထင်ကြီးနေတာ ပြောကို မပြောတက်ဘူး။တစ်ကယ်လုပ်တဲ့ သူများကြတော့ လည်းဟို ကတိုက်ခိုက်လိုက် ဒီက တိုက်ခိုက်လိုက်နဲ့ ။ငါတို့ မြန်မာတွေ ကယောင်ကြီးတွေပါကွာ။တစ်ကယ် လုပ်တဲ့သူနဲ့ နိုင်ငံကို ရောင်းစားမယ့် လူမခွဲတက်ဘူး။ဥပမာ ဦးသိန်းစိန်နဲ့ ဒေါ်စု။လုပ်တော့ ဦးသိန်းစိန်.။နာမည်ကောင်းရ တာ ဒေါ်စု........။

Anonymous said...

၂၀၁၅ အတွက် စီအိုင်အေ မှ့  ကြို တင် ပြင် ဆင် မူ့ 

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ