Dec 14, 2012

ဒေါ်အောင်ဆန်းစုကြည်၏ဟောပြောပွဲ တွက် မြေနေရာရှင်းလင်း ၍ အမှိုက်ပုံရှင်းလင်းရာမှ အသေးစားပေါက်ကွဲမှု ဖြစ်ပွား

မြိတ်ခရိုင်ကျွန်းစုမြို့နယ်ကန်မော်ရွာရှိ၊ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောကြားမည့်စင်အားသန့်ရှင်းရေးပြုလုပ်နေစဉ် အမှိုက်ပုံအားမီးရှို့ရာမှ ပေါက်ကွဲမူအသေးစားတစ်ခု ယနေ့ သုံးနာရီအချိန်တွင် ဖြစ်ပွားခဲ့သည်။

သန့် ရှင်းရေးပြုလုပ်နေသူများမှ ကန်မော်ကျေး၇ွာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အဖွဲ့ ဝင်သုံးဦးဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။ တစ်ဦးမှာ အသက်ကြီးပိုင်းအမျိုးသမီးဖြစ်ပြီး ပေါင်တွင် အနည်းငယ်ဒဏ်ရာရရှိခဲ့သည်။ ကျန်နှစ်ဦးမှာ လူငယ်များဖြစ်ကြပြီး မျက်နှာတွင်ဒဏ်ရာများရရှိခဲ့သည်ဟု မြိတ်မြို့ နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဝင်တစ်ဦးက သတင်းပို့ ခဲ့သည်။

ပေါက်ကွဲမူဖြစ်ပွားခဲ့သည့်နေရာတွင် တစ်တောင်ခန့် တွင်းတစ်ခုဖြစ်ပေါ်ခဲ့ပြီး၊ သတ္တူများ ခဲစများ တွေ့ ရှိခဲ့ရသည်ဟု အဆိုပါအဖွဲ့ ဝင်ကပြောဆိုသည်။ကန်မော်ပြည်သူ့ ဆေးရုံမှ သူနာပြုဆရာမတစ်ဦးက ပေါက်ကွဲမူကြောင့်ရရှိခဲ့သည့် ဒဏ်ရာဖြစ်ကြောင်းအတည်ပြုပြောကြားခဲ့ပြီး။ ကန်မော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘာဘူးကလည်း ပေါက်ကွဲမူဖြစ်ပွားခဲ့သည်မှာ
မှန်ကန်ကြောင်းအတည်ပြုပြောကြားခဲ့သည်။တနင်္သာရီဒေသသည် ဒေါ်စုအတွက် ကံမကောင်းစေသောနယ်မြေဖြစ်နေပြီး မြိတ်-ထားဝယ် NLD ပါတီတွင်း ပြဿနာများစွာဖြစ်ပေါ်နေပြီး ဒေါ်စု လာရောက်တိုင်း ကျမ္မာရေး မကောင်းခြင်း ရေကြောင်းခရီးသွားလာရာတွင် သောင်တင်ခြင်းများလည်း ရှိခဲ့သည် ။
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ