(၁၄-၁၂-၂၀၀၂) ရက်နေ့တွင် မြန်မာစစ်တပ်နှင့် ကေအိုင်အေ တို့ လဂျားယန် တစ်ဝိုက်တွင်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ရာမြန်မာစစ်တပ်မှရဟတ်ယာဉ်တစ်စင်းပျက်ကျသည်ဟု
သတင်းများ
ထွက်ပေါ်ခဲ့သည်။
၎င်းသတင်းနှင့်ပတ်သက်ပြီးတပ်မတော်လေမှရဟတ်ယာဉ်မောင်းတစ်ဦးအားဆက်သွယ်မေးမြန်းခဲ့ရာ၎င်းသတင်းမှန်ကန်မှုမရှိကြောင်းပြောဆိုသွားသည်။ရဟတ်ယာဉ်ပျက်ကျတယ်ဆိုတဲ့သတင်းဟာလုံးဝမမှန်ပါဘူး တကယ်ပျက်ကျရင်နိုင်ငံတကာသတင်းတွေမှာ ပါလာမှာပါ။ ကျွန်တော်တို့ ရဟတ်ယာဉ်တွေအားလုံး ဘာထိခိုက်မှုမှမရှိပါဘူး ဒီနေ့တောင် တပ်မတော်လေ မွေနေ့အခမ်းအနားကို ရှမ်းတဲလေယာဉ်ကွင်းမှ လေယာဉ် အစင်း ၇၀ ကျော်နဲ့ Air Show လုပ်ခဲ့ပါသေးတယ်ဟုပြောဆိုသွားသည်။
မြစ်ကြီးနားလေတပ်အနီးနေထိုင်သူ ကျောင်းအုပ်ဆရာတစ်ဦးမှလဲ မြစ်ကြီးနားလေတပ်မှ တက်သွားသော လေယာဉ်နှင့်ရဟတ်ယာဉ်များအားလုံးအားလုံးပြန်လည်ရောက်ရှိကြောင်းရဟတ်ယာဉ်တစ်စင်းပျက်ကျသည်ဟုသတင်းမှာမဖြစ်နိုင်ကြောင်းပြောဆိုသွားသည်။
0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။