Dec 11, 2012

စစ်တပ်ကိုထောင်တဲ့ KIA မိုင်းကို ရွာသားတွေနေ့တိုင်း နင်းမိနေပြီ


မိုးမောက်မြို့နယ်၊ ကျခမ်းဒက်ကျေးရွာနေ ဦဂွန်ထန်တူးလွန်သည် ဇနီးဖြစ်သူဒေါ်အင်ခွန်ထုနှင့် အတူ ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ ညနေစောင်းမှာ ဆိုင်ကယ်နဲ့ မိုးမောက်မှ ကျခမ်းဒက်ကိုအပြန် (၁၄)မိုင်နားမှာ KIA ထောင်ထားတဲ့ မိုင်းတစ်လုံး ဆိုင်ကယ်နဲ့ နင်းမိပြီး ဒေါ်အင်ခွန်ထုရဲ့ ရင်ဘတ်၊ တင်ပါးတွေမိုင်းစထိမှန်ခဲ့လို့ ယောက်ျား ဖြစ်သူက ဆေးရုံပို့ပေးခဲ့ကြောင်း သိရှိရပါတယ်။

ဒီဇင်ဘာ ၆ ရက်နေ့ မနက်စောစော တနိုင်းမြို့နယ်၊ ချောင်းသာမှော်၊ မှော်ဥက္ကဋ္ဌဟောင်း ဦးမောင်အေး၊ (၄၁)နှစ်ဟာ နန့်ကွမ်းရွှေမှော်သို့ သွားရောက်စဉ် နန့်ကွမ်းရွှေမှော်အနီး မိုင်းတစ်လုံးနင်းမိသေဆုံးသွားခဲ့လို့ ရွာသားတွေစုပေါင်းပြီး မီးသင်္ဂြီုလ်ခဲ့ကြောင်း ရွာသားတစ်ဦးကပြောပြလာပါတယ်။

ဒီဇင်ဘာလ ၇ ရက်နေ့ ညနေပိုင်းမှာ သိမ်းမကြိုင်းရွာနေသူ ဒေါ်မရမ်တူး၊ (၃၉)နှစ်ဟာ ဟင်းသီး ဟင်းရွက် ရှာရင်း ရွာအနောက်ဘက်မှာ KIA ထောင်ထားတဲ့ မိုင်းနင်းမိလို့ ဘယ်ခြေထောက်ပြတ် သွားကြောင်း သိရှိရပါတယ်။

KIA အနေနဲ့ စစ်တပ်သွားနိုင်တဲ့လမ်းမှန်သမျှမှာ မိုင်းထောင်ထားရှိရာ ရွာသားများအနေနဲ့ စားဝတ်နေရေး အတွက် သွားလာ၍မရတာကြောင့် KIA  တပ်ရင်းမှူး၊ တပ်မဟာမှူးများကို အသနားခံပေမဲ့လည်း စစ်ရေးအရ မဖြုတ်ပေးနိုင်တဲ့အပြင် သူ့အလိုလို မိုင်းကွဲရင်တောင်မှ နီးစပ်ရာရွာက မိုင်းတန် ဘိုးပေးလျှော် ရမယ်လို့ ညွှန်ကြား ထားကြောင်း ဒေသခံတစ်ဦးကပြောပြပါတယ်။
From:[_ KDN_]
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ