Dec 10, 2012

ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ပေးရန် ပြည်သူများသိထားသင့်သည့် အချက်များ

၁။ဒီအရည်အချင်းတွေပြည့်ရင် ရွေးချယ်ခံပိုင်ခွင့်ရှိနေတယ်


(က)နိုင်ငံသားမိဘနှစ်ပါးမှမွေးဖွားသူ
(ခ)အသက်၂၅နှစ်ပြည့်သူ
(ဂ)သင့်တင့်သောပညာအရည်အချင်းရှိသူ
(ဃ)စားဝတ်နေရေးဖူလုံမှုရှိသူ
(င)သက်ဆိုင်ရာရပ်ကွက်အတွင်းအနည်းဆုံး(၁၀)နှစ်နေထိုင်လျှက်ရှိသူ၊
(စ)ရပ်ရွာကကြည်ညိုလေးစားပြီးသိက္ခာသမာဓိရှိသူ
(ဆ)ကျန်းမာသူ
(ဇ)နိုင်ငံတော်နှင့်ရပ်ရွာအကျိုးကိုစေတနာထားသူ၊
(ဈ)အတူနေမိသားစုဝင်များသည်အကျင့်စာရိတ္တကောင်းမွန်သူများဖြစ်ရန်၊
(ည)တာဝန်ထမ်းဆောင်ဆဲ အစိုးရဝန်ထမ်းမဟုတ်၊
(ဋ)လက်နက်ကိုင်အဖွဲ့အစည်းဝင်မဟုတ်သူ တွေကို ရွေးချယ်နိုင်သည်။

၂။ဆယ်အိမ်စုကိုယ်စားလှယ်ကိုဘယ်လိုရွေးကြမလဲ
(က)ရပ်ကွက်မှအများကြည်ညိုလေးစားသူရပ်မိရပ်ဖ (၅)ဦးကို ကြီးကြပ်ရေးအဖွဲ့အဖြစ်ဦးစွားရွေးချယ်ရန်
(ခ) ကြီးကြပ်ရေးအဖွဲ့မှ အိမ်ထောင်စုစာရင်းကိုကောက်ယူ၍ အများဆုံး (၁၀)စုပါဝင်သည့်ဆယ်အိမ်စုများ
ဖွဲ့စည်းရန်၊(ဂ)အဆိုပါ၁၀ဦးအနက်မှ ၁-ဦးကိုဆယ်အိမ်စုကိုယ်စားလှယ်အဖြစ် လျှို့ဝှက်ဆန္ဒမဲပေး၍ရွေး
ချယ်ရန်။ (မှတ်ချက်= ဆယ်အိမ်စုကိုယ်စားလှယ်များသည် ဆယ်အိမ်မှူးများမဟုတ်ပါ)

{အိမ်ထောင်စု ဆိုသည်မှာ သန်းခေါင်စာရင်းဖြင့်နေထိုင်သူ သို့မဟုတ် ယာယီသန်းခေါင်စာရင်ဖြင့်နေထိုင်
သူဖြစ်ရမည်ဖြစ်ပြီး ဧည့်စာရင်းဖြင့်နေထိုင်သူ မပါဝင်ပါ}


၃။ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဘယ်လိုရွေးချယ်မလဲ
ရွေးချယ်ခံထားရသော ဆယ်အိမ်စုကိုယ်စားလှယ်များထဲမှသင့်လျှော်သူကိုအမည်စာရင်းတင်သွင်း၍(၁-
ဦးသော်၎င်း၊၃/၄ ဦးသော်၎င်း)လျှို့ဝှက်ဆန္ဒမဲပေး၍ရွေးချယ်ရန်၊
 ၁။ကြီးကြပ်ရေးအဖွဲ့သည်အဆိုပါပုဂ္ဂိုလ်များ၏မဲအများအနည်းအလိုက်မှတ်တမ်းတင်ထားရှိရန်၊နောင်တွင်လိုအပ်သလို အစားထိုးရွေးချယ်နိုင်ရန် ဖြစ်ပါသည်။
(၂)ဆန္ဒမဲဖြင့်ရွေးချယ်ပြီးသောရပ်ကွက်အုပ်ချုပ်ရေးမှူး ၏ အမည်ကို မြို့နယ်အုပ်ချုပ်ရေးမှူးက
ခရိုင်အုပ်ချုပ်ရေးမှူးထံ တင်ပြအတည်ပြုချက်ရယူရန်။


၎။ အထူးမှတ်သားရန် အချက်များ
(က) ထုတ်ပြန်ထားသောဥပဒေများအတိုင်း ဆောင်ရွက်ရန်ဖြစ်၍မည်သည့်ပါတီကြီးတစ်ခုမှ လက်သိပ်ထိုး
စည်းဝါးရိုက် ရွေးချယ်မှုမဟုတ်ပါ၊
(ခ)ရပ်ကွက်ကြီးကြပ်ရေးအဖွဲ့များကို မည်သည့်ပါတီကမျှလက်ဝါးကြီးအုပ်
တင်မြှောက်၍မရပါ၊ရပ်ရွာလူထုမှအများသဘောကျရွေးချယ်ရန်သာဖြစ်ပါသည်။
(ဂ)ဆယ်အိမ်စုမှူးများရွေး
ချယ်ရာတွင်လျှို့ဝှက်မဲစနစ်ကျင့်သုံးရန်ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုလည်းအဆိုပါကိုယ်စားလှယ်များမှလျှို့ဝှက်
စနစ်ဖြင့်ရွေးချယ်ရန်၊
(ဃ)ပါတီဝင်များအရွေးချယ်ခံနီုင်သည်၊သို့ရာတွင် ရွေးကောက်တင်မြှောက်ခံရပါကပါတီလုပ်ငန်းများ
ရပ်ဆိုင်းရန်။

ယခုရွေးချယ်မှုစနစ်သည်သတ်မှတ်အရည်အချင်းပြည့်မီသူများကိုပြည်သူအကြိုက်ရွေးချယ်တင်မြှောက်နိုင်
သည့် စနစ်ဖြစ်ပါ၍ ပြည်သူများအနေဖြင့် ကိုယ်တိုင်ကိုယ်ကျပါဝင်ရွေးချယ်ပေးကြပါရန်နှိုးဆော်အပ်ပါသည်။

မရှင်းလင်းသည်များ၊ သိလိုသည်များ၊မသမာမှုများ ကို ဖုန်း ၀၉၇၃၁၁၉၀၁၈ သို့မေးမြန်းစုံစမ်းနိုင်ပါသည်။
From:[_သန်းထွန်း _]
 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ