၉၆ ပါးမက များလာပြီ ဖြစ်တဲ့ ရောဂါတွေ အနက် AIDS တို့လို၊ ကင်ဆာ တို့လို ကုရာ နတ္ထိ၊ ဆေးမရှိတဲ့ ရောဂါက အလုပ်မလုပ် ချင်တဲ့ ဝေလေလေ ရောဂါ ဖြစ်ပါတယ်။
မြန်မာ နိုင်ငံရဲ့ လက်ရှိ အခြေ အနေဟာ ရိုးသား၊ ကြိုးစား လုပ်အားနဲ့ နိုင်ငံ တည်ရမယ့် ကာလ ပါ။ ဒီလို အခြေ အနေမှာ မလုပ်၊ မရှုပ်၊ မပြုတ်ဆိုတဲ့ ထုံးကို နှလုံးမူ ထားတဲ့လူတွေ၊ လက်ညှိုးထောင် ခေါင်းညိတ် သမားတွေ၊ Money makes Everything ဆိုတဲ့ ရေပေါ်ဆီ လူတန်းစား တွေသည် နိုင်ငံတော် အတွက် ဆူးငြောင့် ခလုတ်တွေ ဖြစ်ပါတယ်။ ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသမျှ ဦးထမ်းပဲ့ ထမ်း နိုင်ပါမှ တန်ကာကျမယ့် အခြေ အနေမှာ ဘေးထိုင် ဘိုင်ကျပြီး ဘုပြောနေလို့ အပိုပါပဲ။ ပညာ ရှင်တွေ ဥပမာ ပေးကြတဲ့ (ပြိုင်တူ တွန်းလျှင် ရွေ့နိုင် ပါသည်) (ပြိုင်တူ မလျှင် ကြွနိုင် ပါသည်) ဆိုတာ သိလွယ် မြင်သာအောင် နှိုးဆော် နေတဲ့ ဥပမာတွေ ဖြစ်ပါတယ်။
ဗုဒ္ဓ ဘာသာ ဝင်တိုင်း နားလည် လက်ခံတာက ကံကံ၏ အကျိုး ဆိုတာ ဖြစ်ပါတယ်။ ကံမကောင်းရင် တစ်နည်း အားဖြင့် အကျိုးပေး မကောင်းရင် အကျိုးပေး ကောင်းတဲ့ သူတွေ လို ခံစားရမှာ မဟုတ်ပါဘူး။ တရားသဖြင့် စီးပွားဖြစ်တဲ့ သူတွေ၊ သမ္မာ အာဇီဝ နည်းနဲ့ ကံကောင်း ကြတဲ့ သူတွေကို နမူနာ ယူပြီး ကိုယ်၌ ကလည်း ကြိုးစားဖို့ လိုပါတယ်။ ဒီနေရာမှာ အဘိဇ္ဈာနဲ့ မုဒိတာကို ခွဲတတ်ဖို့ လိုပါတယ်။ သူကြီးပွားတာ၊ သူတိုးတက်တာ၊ သူကောင်း စားတာ သူ့ကံနဲ့ သူပါ။ ဟစ်တလာလို လူမျိုး လည်း နိုင်ငံ့ ခေါင်းဆောင် ဖြစ်ခဲ့ပါတယ်။ အိုဘား မားလို အာဖရိ ကန်သွေးလည်း သမ္မတ ဖြစ်ပါတယ်။ ဒလိုင်း လားမားလို ပုဂ္ဂိုလ်လည်း လူထု ခေါင်းဆောင် ဖြစ်ပါတယ်။ သူတို့မှာ တူညီတဲ့ အချက်ကတော့ အလုပ် လုပ်ကြတာ ပါပဲ။
ဒီနေရာမှာ ဆရာသမား တစ်ယောက်ရဲ့ ဆုံးမ သြဝါဒကို သတိရ မိတယ်။ အလုပ်မလုပ် ချင်တဲ့သူ တွေက ဆင်ခြေကို သုံးတယ်။ အလုပ်လုပ်ချင်တဲ့ သူတွေက နည်းလမ်း ရှာကြံတယ် တဲ့။ ကျန်းမာရေး အရ ဖြစ်စေ၊ အသက်အရွယ် အရ ဖြစ်စေ မလုပ်နိုင် ကြလို့ ဆင်းရဲကြ တာဟာ ကံအကြောင်း မလှ တာကြောင့် ဖြစ်ပါတယ်။ ကျန်းမာရေး လည်းကောင်းတယ်။ လုပ်နိုင် ကိုင်နိုင်တဲ့ အသက် အရွယ်လည်း ဖြစ်ပါလျက် အလုပ် မလုပ်ကြ တာကတော့ လူသား မဆန်ရာ ရောက်ပါတယ်။ ကိုယ့်ကိုယ် ကိုလည်း မသနား သလို၊ မိသားစုနဲ့ ပတ်ဝန်း ကျင်ကိုလည်း မငဲ့တာ ဖြစ်ပါတယ်။ ယုတ်စွအဆုံး နိုင်ငံသား တစ်ဦး အနေနဲ့ ပြိုင်တူတွန်း ရမယ့် အချိန်မှာ အချောင်ခို နေတာ အကြည့်ရ ဆိုးလွန်းပါတယ်။
အလုပ်အပေါ်မှာ အာရုံ နည်းလာတော့ အခြား အာရုံတွေပေါ် လာတယ်။ လူ့ရဲ့ စိတ်ကိုက မကောင်းမှုမှာ လျင်မြန်စွာ ကျွမ်းဝင်တတ်တဲ့ သဘော ဖြစ်လေတော့ အလုပ်မ လုပ်တဲ့သူဟာ မကောင်း တဲ့ဘက်၊ တစ်နည်းအားဖြင့် အပြုထက် စာရင် အဖျက်ဘက်ကို အာရုံ ပြောင်းသွား တယ်။ ဒီနေရာမှာ သူတော်ချင်းချင်း၊ သတင်းလွေ့လွေ့ ပေါင်းဖက် တွေ့ရင်တော့ သေချာပြီ။ မကောင်းတဲ့ လုပ်ရပ်တွေ ဖြစ်တော့မှာပဲ။ အရလွယ်မှန်း သိတော့ အချောင်နှိုက် ချင်တဲ့စိတ်က ပေါ်လာတယ်။ ကောင်းတယ်၊ မကောင်းဘူး ဆိုတဲ့ နီတိ ကျင့်ဝတ်တွေ ထက်စာရင် ကျင်လည်ရာ ပတ်ဝန်းကျင်ရဲ့ စိုးမိုးမှုက အားကောင်းသွားတယ်။ အစကတော့ အလုပ် မရှိလို့၊ အပေါင်း အသင်းမှားလို့ ဆိုပေမယ့် တဖြည်းဖြည်း မလွန်ဆန် နိုင်ဘူး ဖြစ်လာတယ်။ ခိုးတယ်၊ နှိုက်တယ်၊ လုတယ်၊ မူးတယ်၊ ရမ်းတယ်၊ ဆဲတယ်ဆိုတဲ့ အရသာ တွေကို မက်မော လာတယ်။ ဒီတော့ ပတ်ဝန်းကျင်နဲ့ ကင်းကွာမှန်း မသိ ကင်းကွာ လာတယ်။ နောက်ဆုံးမှာ လူသတ်တာက အစ မကောင်းမှု မှန်သမျှရဲ့ ကန်ထရိုက် ဖြစ်မှန်းမသိ ဖြစ်လာတယ်။ ဘဝနိဂုံးနဲ့သမိုင်းကြောင်း မကောင်း တော့ဘူး။ မည်သူ မပြု မိမိမှုပါပဲ။
မြန်မာ နိုင်ငံမှာ ဒီနေ့ ဖော်ဆောင် နေတဲ့ စနစ်က ဒီမို ကရေစီပါ။ ဒီမို ကရေစီရဲ့ ပုံစံကိုက All inclusive ဖြစ်မှ အောင်မြင် မှာပါ။ အားလုံး ပါဝင်တယ် ဆိုတိုင်းလည်း မျက်စိ စုံမှိတ်ပြီး အများ ညီရင် ဤကို ကျွဲဖတ် လို့မရဘူး။ ဒီမိုကရေစီဆိုတာ ပြီးပြည့်စုံတဲ့ Absolute truth မဟုတ် တဲ့အတွက် သူ့အတိုင်း အတာနဲ့သူ အားနည်းချက် တွေရှိတယ်။ လူထု ပါဝင်မှု အများနဲ့ အားနည်းချက် အနည်းဆုံး ဖြစ်အောင် ဒီမို ကရေစီစနစ် ကျင့်သုံး သူတိုင်း ရည်မှန်းချက် ထားကြတာ ဖြစ်ပါတယ်။ ငါတကော ကောတာတွေ၊ ထစ်ခနဲ ရှိရင် ထအော် လိုက်နဲ့ ဒီမို ကရေ စီကို ပုံဖော်လို့ မရပါဘူး။ တစ်နည်းအားဖြင့် ဒီမို ကရေစီ သံယောင်ပေးပြီး ဒီမို ကရေစီ အနိုင်ကျင့် မှုတွေ မဖြစ်ဖို့ လိုပါတယ်။
ဒီမို ကရေစီ စနစ်ကို မြေစမ်း ခရမ်း ပျိုးနေတဲ့ မြန်မာ နိုင်ငံမှာ အလုပ် မလုပ်ချင်တဲ့ ရောဂါသည် တွေကလည်း ပြဿနာ တစ်ခုပါ။ ပျင်းတဲ့ အပြင် ဖျင်းတဲ့ အရည်အချင်း ကလည်း ကပ်ငြိ၊ ဇာတ်ထဲက လူရွှင်တော် တွေပြက်သလို ထွက်ဆိုလို့သာ ထွက်လာရတယ်။ အစိုးရက နောက် ကြောင်း ပြန်မလှည့် တော့ဘူး ဆိုတာရယ်။ ဥပဒေ အထက်မှာ ဘယ်သူမှ မရှိရဘူး ဆိုတာ ရယ် ပြတ်ပြတ်သားသား ပြောထားပါပြီ။ ဘယ်ခေတ်၊ ဘယ်စနစ်မှ မျက်လှည့်ပြ သလို (အပ်ချ လောင်း) အော်ပြီး ချက်ချင်း ပြောင်းသွားတာမျိုး မရှိခဲ့သလို ဘယ်ခေါင်းဆောင် မှလည်း စေတစ်လုံး ပိုင်ရှင် မဟုတ်ကြောင်း သတိပြုရမှာ ဖြစ်ပါတယ်။
အစိုးရသစ် တက်လာ ပြီးနောက် မြန်မာနိုင်ငံ တစ်နံ တစ်လျားမှာ ပေါ်ပေါက် လာခဲ့တဲ့ ဆန္ဒ ဖော်ထုတ်မှု အသေး၊ အကြီးပေါင်းရင် ရာဂဏန်း ရှိခဲ့ပါပြီ။ ဆန္ဒဖော် ထုတ်တိုင်း အကောင် အထည် ပေါ်တာ မဟုတ်ပါဘူး။ အစိုးရ ပိုင်းကလည်း သူလုပ်ပေး နိုင်သလောက် လုပ်ပေး သင့်တာ တွေထဲက ဦးစားပေး လိုက်လုပ်ပေးမှာ ဖြစ်သလို မလုပ်ပေးနိုင်၊ မလုပ်ပေး သင့်တဲ့ ကိစ္စတွေ အတွက်လည်း လူထု ကိုယ်တိုင် ရွေးချယ်ထားတဲ့ အစိုးရကို နားလည်ရမှာ ဖြစ်ပါ တယ်။ မြန်မာ နိုင်ငံဟာ အရှေ့ အလယ်ပိုင်းက နိုင်ငံ တွေလောက် အခြေအနေ မဆိုးပါဘူး။ ၂၆ ရာခိုင် နှုန်းဆိုတဲ့ ဆင်းရဲသား ဦးရေဟာ တရုတ်ပြည် ထက်တော့ အများကြီး နည်းပါတယ်။
စကား စကား ပြောပါများ စကားထဲက ဇာတိပြ ဆိုတဲ့ ဆိုစကားရှိ ပါတယ်။ ပါးစပ်ပါတဲ့ သူတိုင်း စကားပြော တတ်ပါတယ်။ အပြော တစ်ခုတည်းနဲ့ နိုင်ငံ တိုးတက်လာမှာ မဟုတ်သလို လက်တွေ့ မပါတဲ့ သဘော တရားတွေ ဟာလည်း အချည်းနှီး ပါပဲ။ ဒါကြောင့် အလုပ် မလုပ်ချင်တဲ့ ရောဂါကို ပယ်ဖျောက် နိုင်ဖို့ ဆေးဟာ အလုပ်ပဲ ဖြစ်ပါတယ်။ မင်းမပါ ဘယ်ဟာမှ မပြီး၊ သူမပါ ဘယ်ဟာမှ မပြီး၊ ငါမပါ ဘယ်ဟာမှ မပြီး၊ မင်းသူငါ သုံးပါးစုံမှ အလုံးစုံပြီး ဆိုတဲ့အတိုင်း ပြောင်းချင်၊ ပြင်ချင်၊ အောင်မြင်ချင်ရင် အပြောလျှော့ပြီး အလုပ်နဲ့ သက်သေပြ ရမှာဖြစ်ကြောင်း ပကတိ အမြင်နဲ့ ရေးသား လိုက်ရပါတယ်။
ဆောင်းပါးရှင် (မောင်နေ- မြကျွန်း) (မောင်ကျောက်ခဲ အဖွဲ့)
ကျောင်းတတ်ရမဲ့အရွှယ်မှာ အသက် ၆၀ ကျော် အမယ်အို နားမှာ လက်တွဲကာရံလိုက် ချီးအိုးသေးအိုးသွန်လိုက်နဲ့ လူငယ်လေးတွေ |
မြန်မာ နိုင်ငံရဲ့ လက်ရှိ အခြေ အနေဟာ ရိုးသား၊ ကြိုးစား လုပ်အားနဲ့ နိုင်ငံ တည်ရမယ့် ကာလ ပါ။ ဒီလို အခြေ အနေမှာ မလုပ်၊ မရှုပ်၊ မပြုတ်ဆိုတဲ့ ထုံးကို နှလုံးမူ ထားတဲ့လူတွေ၊ လက်ညှိုးထောင် ခေါင်းညိတ် သမားတွေ၊ Money makes Everything ဆိုတဲ့ ရေပေါ်ဆီ လူတန်းစား တွေသည် နိုင်ငံတော် အတွက် ဆူးငြောင့် ခလုတ်တွေ ဖြစ်ပါတယ်။ ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသမျှ ဦးထမ်းပဲ့ ထမ်း နိုင်ပါမှ တန်ကာကျမယ့် အခြေ အနေမှာ ဘေးထိုင် ဘိုင်ကျပြီး ဘုပြောနေလို့ အပိုပါပဲ။ ပညာ ရှင်တွေ ဥပမာ ပေးကြတဲ့ (ပြိုင်တူ တွန်းလျှင် ရွေ့နိုင် ပါသည်) (ပြိုင်တူ မလျှင် ကြွနိုင် ပါသည်) ဆိုတာ သိလွယ် မြင်သာအောင် နှိုးဆော် နေတဲ့ ဥပမာတွေ ဖြစ်ပါတယ်။
သူမလေးကလည်း ဆန္ဒပြပွဲတိုင်းပါနေပြီး နေရတကာပါတဲ့ ကလေးမပါလား.သူလည်း အလုပ်မရှိသေးဘူး.ဒါပေမယ့် ဘယ်နေရာ ဆန္ဒပြပြ ရောက်အောင်လာနိုင်တယ် |
ဗုဒ္ဓ ဘာသာ ဝင်တိုင်း နားလည် လက်ခံတာက ကံကံ၏ အကျိုး ဆိုတာ ဖြစ်ပါတယ်။ ကံမကောင်းရင် တစ်နည်း အားဖြင့် အကျိုးပေး မကောင်းရင် အကျိုးပေး ကောင်းတဲ့ သူတွေ လို ခံစားရမှာ မဟုတ်ပါဘူး။ တရားသဖြင့် စီးပွားဖြစ်တဲ့ သူတွေ၊ သမ္မာ အာဇီဝ နည်းနဲ့ ကံကောင်း ကြတဲ့ သူတွေကို နမူနာ ယူပြီး ကိုယ်၌ ကလည်း ကြိုးစားဖို့ လိုပါတယ်။ ဒီနေရာမှာ အဘိဇ္ဈာနဲ့ မုဒိတာကို ခွဲတတ်ဖို့ လိုပါတယ်။ သူကြီးပွားတာ၊ သူတိုးတက်တာ၊ သူကောင်း စားတာ သူ့ကံနဲ့ သူပါ။ ဟစ်တလာလို လူမျိုး လည်း နိုင်ငံ့ ခေါင်းဆောင် ဖြစ်ခဲ့ပါတယ်။ အိုဘား မားလို အာဖရိ ကန်သွေးလည်း သမ္မတ ဖြစ်ပါတယ်။ ဒလိုင်း လားမားလို ပုဂ္ဂိုလ်လည်း လူထု ခေါင်းဆောင် ဖြစ်ပါတယ်။ သူတို့မှာ တူညီတဲ့ အချက်ကတော့ အလုပ် လုပ်ကြတာ ပါပဲ။
ထောင်ကထွက်ကတည်းက ကျောင်းသားနာမည်ခံပြီး ဘယ်ကရတဲ့ပိုက်ဆံတွေမှန်းမသိ မြန်မာနိုင်ငံကိုပတ်ပြီး ကြေငြာချက်တွေထုတ်နေကြ |
ဒီနေရာမှာ ဆရာသမား တစ်ယောက်ရဲ့ ဆုံးမ သြဝါဒကို သတိရ မိတယ်။ အလုပ်မလုပ် ချင်တဲ့သူ တွေက ဆင်ခြေကို သုံးတယ်။ အလုပ်လုပ်ချင်တဲ့ သူတွေက နည်းလမ်း ရှာကြံတယ် တဲ့။ ကျန်းမာရေး အရ ဖြစ်စေ၊ အသက်အရွယ် အရ ဖြစ်စေ မလုပ်နိုင် ကြလို့ ဆင်းရဲကြ တာဟာ ကံအကြောင်း မလှ တာကြောင့် ဖြစ်ပါတယ်။ ကျန်းမာရေး လည်းကောင်းတယ်။ လုပ်နိုင် ကိုင်နိုင်တဲ့ အသက် အရွယ်လည်း ဖြစ်ပါလျက် အလုပ် မလုပ်ကြ တာကတော့ လူသား မဆန်ရာ ရောက်ပါတယ်။ ကိုယ့်ကိုယ် ကိုလည်း မသနား သလို၊ မိသားစုနဲ့ ပတ်ဝန်း ကျင်ကိုလည်း မငဲ့တာ ဖြစ်ပါတယ်။ ယုတ်စွအဆုံး နိုင်ငံသား တစ်ဦး အနေနဲ့ ပြိုင်တူတွန်း ရမယ့် အချိန်မှာ အချောင်ခို နေတာ အကြည့်ရ ဆိုးလွန်းပါတယ်။
အလုပ်အပေါ်မှာ အာရုံ နည်းလာတော့ အခြား အာရုံတွေပေါ် လာတယ်။ လူ့ရဲ့ စိတ်ကိုက မကောင်းမှုမှာ လျင်မြန်စွာ ကျွမ်းဝင်တတ်တဲ့ သဘော ဖြစ်လေတော့ အလုပ်မ လုပ်တဲ့သူဟာ မကောင်း တဲ့ဘက်၊ တစ်နည်းအားဖြင့် အပြုထက် စာရင် အဖျက်ဘက်ကို အာရုံ ပြောင်းသွား တယ်။ ဒီနေရာမှာ သူတော်ချင်းချင်း၊ သတင်းလွေ့လွေ့ ပေါင်းဖက် တွေ့ရင်တော့ သေချာပြီ။ မကောင်းတဲ့ လုပ်ရပ်တွေ ဖြစ်တော့မှာပဲ။ အရလွယ်မှန်း သိတော့ အချောင်နှိုက် ချင်တဲ့စိတ်က ပေါ်လာတယ်။ ကောင်းတယ်၊ မကောင်းဘူး ဆိုတဲ့ နီတိ ကျင့်ဝတ်တွေ ထက်စာရင် ကျင်လည်ရာ ပတ်ဝန်းကျင်ရဲ့ စိုးမိုးမှုက အားကောင်းသွားတယ်။ အစကတော့ အလုပ် မရှိလို့၊ အပေါင်း အသင်းမှားလို့ ဆိုပေမယ့် တဖြည်းဖြည်း မလွန်ဆန် နိုင်ဘူး ဖြစ်လာတယ်။ ခိုးတယ်၊ နှိုက်တယ်၊ လုတယ်၊ မူးတယ်၊ ရမ်းတယ်၊ ဆဲတယ်ဆိုတဲ့ အရသာ တွေကို မက်မော လာတယ်။ ဒီတော့ ပတ်ဝန်းကျင်နဲ့ ကင်းကွာမှန်း မသိ ကင်းကွာ လာတယ်။ နောက်ဆုံးမှာ လူသတ်တာက အစ မကောင်းမှု မှန်သမျှရဲ့ ကန်ထရိုက် ဖြစ်မှန်းမသိ ဖြစ်လာတယ်။ ဘဝနိဂုံးနဲ့သမိုင်းကြောင်း မကောင်း တော့ဘူး။ မည်သူ မပြု မိမိမှုပါပဲ။
မြန်မာ နိုင်ငံမှာ ဒီနေ့ ဖော်ဆောင် နေတဲ့ စနစ်က ဒီမို ကရေစီပါ။ ဒီမို ကရေစီရဲ့ ပုံစံကိုက All inclusive ဖြစ်မှ အောင်မြင် မှာပါ။ အားလုံး ပါဝင်တယ် ဆိုတိုင်းလည်း မျက်စိ စုံမှိတ်ပြီး အများ ညီရင် ဤကို ကျွဲဖတ် လို့မရဘူး။ ဒီမိုကရေစီဆိုတာ ပြီးပြည့်စုံတဲ့ Absolute truth မဟုတ် တဲ့အတွက် သူ့အတိုင်း အတာနဲ့သူ အားနည်းချက် တွေရှိတယ်။ လူထု ပါဝင်မှု အများနဲ့ အားနည်းချက် အနည်းဆုံး ဖြစ်အောင် ဒီမို ကရေစီစနစ် ကျင့်သုံး သူတိုင်း ရည်မှန်းချက် ထားကြတာ ဖြစ်ပါတယ်။ ငါတကော ကောတာတွေ၊ ထစ်ခနဲ ရှိရင် ထအော် လိုက်နဲ့ ဒီမို ကရေ စီကို ပုံဖော်လို့ မရပါဘူး။ တစ်နည်းအားဖြင့် ဒီမို ကရေစီ သံယောင်ပေးပြီး ဒီမို ကရေစီ အနိုင်ကျင့် မှုတွေ မဖြစ်ဖို့ လိုပါတယ်။
ဒီမို ကရေစီ စနစ်ကို မြေစမ်း ခရမ်း ပျိုးနေတဲ့ မြန်မာ နိုင်ငံမှာ အလုပ် မလုပ်ချင်တဲ့ ရောဂါသည် တွေကလည်း ပြဿနာ တစ်ခုပါ။ ပျင်းတဲ့ အပြင် ဖျင်းတဲ့ အရည်အချင်း ကလည်း ကပ်ငြိ၊ ဇာတ်ထဲက လူရွှင်တော် တွေပြက်သလို ထွက်ဆိုလို့သာ ထွက်လာရတယ်။ အစိုးရက နောက် ကြောင်း ပြန်မလှည့် တော့ဘူး ဆိုတာရယ်။ ဥပဒေ အထက်မှာ ဘယ်သူမှ မရှိရဘူး ဆိုတာ ရယ် ပြတ်ပြတ်သားသား ပြောထားပါပြီ။ ဘယ်ခေတ်၊ ဘယ်စနစ်မှ မျက်လှည့်ပြ သလို (အပ်ချ လောင်း) အော်ပြီး ချက်ချင်း ပြောင်းသွားတာမျိုး မရှိခဲ့သလို ဘယ်ခေါင်းဆောင် မှလည်း စေတစ်လုံး ပိုင်ရှင် မဟုတ်ကြောင်း သတိပြုရမှာ ဖြစ်ပါတယ်။
အစိုးရသစ် တက်လာ ပြီးနောက် မြန်မာနိုင်ငံ တစ်နံ တစ်လျားမှာ ပေါ်ပေါက် လာခဲ့တဲ့ ဆန္ဒ ဖော်ထုတ်မှု အသေး၊ အကြီးပေါင်းရင် ရာဂဏန်း ရှိခဲ့ပါပြီ။ ဆန္ဒဖော် ထုတ်တိုင်း အကောင် အထည် ပေါ်တာ မဟုတ်ပါဘူး။ အစိုးရ ပိုင်းကလည်း သူလုပ်ပေး နိုင်သလောက် လုပ်ပေး သင့်တာ တွေထဲက ဦးစားပေး လိုက်လုပ်ပေးမှာ ဖြစ်သလို မလုပ်ပေးနိုင်၊ မလုပ်ပေး သင့်တဲ့ ကိစ္စတွေ အတွက်လည်း လူထု ကိုယ်တိုင် ရွေးချယ်ထားတဲ့ အစိုးရကို နားလည်ရမှာ ဖြစ်ပါ တယ်။ မြန်မာ နိုင်ငံဟာ အရှေ့ အလယ်ပိုင်းက နိုင်ငံ တွေလောက် အခြေအနေ မဆိုးပါဘူး။ ၂၆ ရာခိုင် နှုန်းဆိုတဲ့ ဆင်းရဲသား ဦးရေဟာ တရုတ်ပြည် ထက်တော့ အများကြီး နည်းပါတယ်။
စကား စကား ပြောပါများ စကားထဲက ဇာတိပြ ဆိုတဲ့ ဆိုစကားရှိ ပါတယ်။ ပါးစပ်ပါတဲ့ သူတိုင်း စကားပြော တတ်ပါတယ်။ အပြော တစ်ခုတည်းနဲ့ နိုင်ငံ တိုးတက်လာမှာ မဟုတ်သလို လက်တွေ့ မပါတဲ့ သဘော တရားတွေ ဟာလည်း အချည်းနှီး ပါပဲ။ ဒါကြောင့် အလုပ် မလုပ်ချင်တဲ့ ရောဂါကို ပယ်ဖျောက် နိုင်ဖို့ ဆေးဟာ အလုပ်ပဲ ဖြစ်ပါတယ်။ မင်းမပါ ဘယ်ဟာမှ မပြီး၊ သူမပါ ဘယ်ဟာမှ မပြီး၊ ငါမပါ ဘယ်ဟာမှ မပြီး၊ မင်းသူငါ သုံးပါးစုံမှ အလုံးစုံပြီး ဆိုတဲ့အတိုင်း ပြောင်းချင်၊ ပြင်ချင်၊ အောင်မြင်ချင်ရင် အပြောလျှော့ပြီး အလုပ်နဲ့ သက်သေပြ ရမှာဖြစ်ကြောင်း ပကတိ အမြင်နဲ့ ရေးသား လိုက်ရပါတယ်။
ဆောင်းပါးရှင် (မောင်နေ- မြကျွန်း) (မောင်ကျောက်ခဲ အဖွဲ့)
0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။