Dec 10, 2012

လက်ပံတောင်းမှသည် မီးလောင် သံဃာတော်များနှင့် ငွေကြေး အရှုပ်အရှင်းတွေစလာပြီ

မြန်မာလူမျိုး ပီသစွာ သုံးယောက်ရှိလျှင် ၇ ဖွဲ့ကွဲသည်။ တစ်ယောက်စီက တစ်ဖွဲ့စီ လုပ်သည်။ နှစ်ယောက် စီပေါင်းပြီး တစ်ဖွဲ့စီ လုပ်သည်။ သုံးယောက်ပေါင်းပြီး တစ်ဖွဲ့လုပ်သည်။ (၁၂၃= ၁+၂+၃+ ၁၂+၁၃+၂၃+၁၂၃) ပြီးလျှင် အကျိုးအမြတ်ရအောင် လုပ်သည်။

လက်ပံတောင်း ကိစ္စ မဖြစ်ခင်က တစ်ယောက် တစ်မျိုးစီဖြင့် မတူညီသော မြှောက်ပင့်သည့် အဖွဲ့များက အမျိုးမျိုး လှုံ့ဆော်ခဲ့သည်။ လယ်သမား ကို လှုံ့ဆော်သူက လှုံ့ဆော်သည်။ ကျောင်းသားကို လှုံ့ဆော်သူက လှုံ့ဆော်သည်။ သံဃာ ကို လှုံ့ဆော်သူက လှုံ့ဆော်သည်။ နှိမ်နှင်းရန်အတွက်တော့ မည်သူ လှုံ့ဆော်သည် မသိ။ မီးလောင်သံဃာများ ထွက်လာပြီးနောက် အလှူငွေကိစ္စ ချက်ချင်းပါလာသည်။ နိုင်ငံခြားမှ အလှူငွေများကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အဖွဲ့ထောင်၍ နေမျိုးဇင်မှ လက်ခံလှူဒါန်းသည်။ မုံရွာမှ အလှူငွေများနှင့် မန္တလေးမှ အလှူငွေများ စုစုပေါင်း ၂၃၉ သိန်း ရရှိခဲ့သည့်အခါ ၃၉ သိန်းကို သံဃာတော်များကို လှူဒါန်းခဲ့ပြီး သိန်း ၂၀၀ကို ဦးဇင်း ၀ီရသူက ထိန်းသိမ်းထားသည်။ ထိုကိစ္စကို မုံရွာသံဃာတော်များက မကျေနပ်။ မန္တလေး ဘုန်းကြီးများကလည်း မကျေနပ်။ ငွေကိုင် ပြဿနာ များ စကြတော့သည်။

 ဒီကြားထဲ ဆေးရုံတွင် အလှူခံပုန်းချသည့် ကိုယ်တော်လည်း ရှိသည်။ နီးစပ်ရာကို ခေါင်းစဉ်ပြ၍ အလှူခံသည့် ကိုယ်တော်များ လည်း ရှိသည်။ ဆူပူဆန္ဒ ဖော်ထုတ်ကြရင်း လှူဒါန်းမှုများ ရရှိသည် လည်း ရှိသည်။ လူများလည်း မဟုတ်တော့ ငွေကြေး ကိစ္စ ပြောရခက်သည်။ ဘုန်းကြီး အတုကို လှူမိသော ရှင်ဘုရင်ကြီးကဲ့သို့ လိုက်ကြည့်ခိုင်းသည့် အမတ်မှ သံဃာအစစ်ပါဘုရားဆိုပြီး သာဓု ခေါ်ရသည့် ခေတ်လည်း မဟုတ်တော့။ ပြီးခဲ့သည့် လပိုင်းအတွင်း ဆီတွဲမီးလောင် သဖြင့် လူများ မဲတူးကာ ဒဏ်ရာရခဲ့စဉ်က မည်သူမှ မကူညီ သဖြင့် ငွေကြေး အရှုပ်အရှင်း မရှိသည့်အပြင် လူများလည်း တဖြုတ်ဖြုတ် သေခဲ့ရသည်။ မည်သည့် ပါတီ အဖွဲ့အစည်းကမှ ကုသပေးရန် တွန်းအား မပေး။ ကိုယ့်ပြည်သူ မဟုတ်သည့် အတိုင်း မသိဟန် ဆောင်ကြသည်။ ဆန္ဒမည်သို့ပင် ဖော်ထုတ် ဖော်ထုတ်။ ဖြစ်နိုင်သည့် တောင်းဆိုချက်မရှိ။

သမ္မတကြီးနှင့် အစိုးရ အဖွဲ့က အားနာပါးနာ စိတ်မကောင်းပါဘူးလို့ ပြောချင်ပြောပေလိမ့်မည်။ ကြေးနီစီမံကိန်း ရပ်ဖို့က စုံစမ်းရေး ကော်မရှင် ဥက္ကဌကြီးနှင့် သက်ဆိုင်သည်။ ၂၀၁၅ မှာ ရွေးကောက်ပွဲ အနိုင်ရဖို့ ကြိုးစားနေသည့် သူမပါတီကြီးအတွက် ၀န်ထုပ်ဝန်ပိုး ကြီးမားစွာ ဖြစ်စေမည့် စီမံကိန်းကို လွယ်လွယ် ရပ်ဆိုင်းမည် မဟုတ်။ လက်ပံတောင်း ကိစ္စ စုံစမ်းရာတွင်လည်း ဆူပူသူများအကြိုက် အဖြေ လုံးဝ ဖြစ်လိမ့်မည် မဟုတ်။ ထိုအခါ တရားပျက်၊ အစားမပျက်၊ ငွေကြေးများကြောင်းသာ သိက္ခာ ပျက်ကြရ ပေတော့မည်။ သံဃာတော်များ ငွေကြေးကိစ္စလေးတော့ ခဏကင်းစေချင်ပါသည်။

 From:[_oppositeye _]
 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

2 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ဒီလို အလှူငွေတွေရအောင် အစိုးရ အကြပ်ရိုက်အောင် လက်ပံတောင်းတောင် သပိတ်စခန်းမှာ သပိတ် အဖွဲ့အားနှိမ်နင်းပါက အခုလို မီးလောင်မှု့များ ဖြစ်ပွားစေအောင် သပိတ်အဖွဲ့အတွင်းမှ တဦးဦးက မီးလောင်စေသည့် လောင်စာဆီများ ကြိုတင်ဖြန်ချ မထားဘူးဟု မပြောနိုင်ပါ။ အစိုးရ အကြပ်ရိုက်အောင် စီစဉ်ရင်း သံဃာတွေ မီးသင့်ရသည့် အဖြစ်ဆိုး အထိရင်ဆိုင်ရခြင်းဖြစ်နိုင်သည်ဟုလည်း ထင်မိပါသည်။ ဒီမှာ သူတို့ အကြိုက် အော်စရာ ဖြစ်သွားပြီး ၀င်ငွေပါ ခိုင် သွားတာဖြစ်ပါလိမ့်မယ်။ ဒါကြောင့် အခု အချင်းချင်း ခွက်ဇောင်းခုတ်လာသည့် သတင်းထွက်လာတာ ဖြစ်မည်။

Anonymous said...

လူကလူအလုပ်လုပ် ရဟန်းကရဟန်းအလုပ်လုပ်ရင်ဒါတွေဖြစ်လာစရာမရှိဘူး။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ