Dec 11, 2012

အပူးကြိုက်တဲ့ ဆူပူသူများ ၁၂ ပူးတွင် ဘာလုပ်ကြအုံးမလဲ


၈ ရက် ၈ လ ၈၈ မှ စပြီး ဆူပူလျှင် နာမည်ကြီးတတ်လို့ အပူများတွင်မှ ဆူပူလေသလား မသိ။ အခုလည်း ထပ်ပြီး ၁၂ ရက် ၁၂ လ ၂၀၁၂ တွင် ထပ်ပူးကြပြန်လေပြီ။ ၁၀ နှစ်တစ်ခါ ပူးရသည့် အခွင့်အရေးမို့ လက်မလွှတ်ချင်တာလား။ အစဉ်အဆက်လေး မပျက်စေချင်လို့ ပူးသလား တော့ မပြောတတ်။၈ ရက် ၁၂ လ တွင် ကြီးကြီးကျယ်ကျယ်များ ကြွေးကြော်ခဲ့ကြသော်လည်း အခု ပြောလို့ကောင်း ၁၂ ပူးသို့ ပြောင်းလိုက်ကြ ပြန်သည်။ တော်လွန်းပေစွ။ သို့ပေမယ့် ၁ နှစ်လုံးပူးရာကနေ သုည ၂ လုံး ပူးသွားသည့် လက်ထိပ်လေးကြောင့် လက် ၂ ချောင်း ပူးသွားလျှင်တော့ ပူးပူးကပ်ကပ် ရှိနေသည့် သံတိုင်များကြားတွင် ဆောင်းတွင်း အခါ သာမယ ပေါင်နှစ်လုံး ပူးပြီး လက်ထည့် ကွေးနေရမည်ကိုတော့ မမေ့သင့်။


ကတုံးများ ပူးပြီဆိုကတည်းက တိုင်းပြည် ပျက်မတတ် ဖြစ်ရလေသည်။ အရင်တုန်းကတော့ ကျောင်းသားဆိုး များ ပူးကြ၏။ သို့သော် ၈ ပူးတွင် ကျောင်းသားများ ထောင်မကျ။ ဟိုပြေး ဒီပြေး မအေပေးများ ၈၉ တွင်မှ ဖမ်းမိသည်။ လက်ပံတောင်းဆူပူမှုကို ကြိုတင် အားထုတ်သည်မှာ ၈ ပူးများ ဖြစ်ကြောင်း သက်သေများလည်း ရပြီး ဖြစ်သည်။
ဘာမှ မဖြစ်ခင် ဒေါင်းအလံ စိုက်သည်။ ဗကသ နှင့် ပူးပေါင်း လုပ်ဆောင်သည်။ မင်းကိုနိုင်နှင့် အဖွဲ့ နယ်တစ်ကာလှည့် ၀ါဒဖြန့်သည်။ မြအေး ဘင်္ဂလီနှင့်ရန်တိုက်သည်။ စုံစမ်းရေး ကော်မရှင်ဖွဲ့သည်တွင် မပါရဲ။ မြွေမြွေချင်း ခြေမြင်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ပရိယာယ်ကို ရအောင် ရှောင်သွား၏။ အံ့သြသင့်ဖွယ် မည်သူမှ အသံမထွက်ရဲခဲ့ကြ။
၈ လေးလုံးမှာ ဆူပူသူများ အပြင်ထွက်၍ လှုပ်ရှားနေကြသည်။ အစိုးရအဖွဲ့ကလည်း မသိဟန်ဆောင် ပေးထား၏။
၉ လေးလုံးတွင် ဖောက်ခွဲ ရေး ပစ္စည်းများ သယ်ဆောင်လာသည့် ကေအိုင်အေ ဆက်စပ် လူမိုက် များ လွတ်လာပြန်၏။ ၉ လေးလုံးကာလတွင်တော့ မိုးသီးဇွန် မြှောက်ပင့်သွေးထိုးခဲ့သည့် နိုင်ငံရေးသမား ထောင်ထွက်တော်တော်များများကို စစ်အစိုးရက ပြန်လည်ဖမ်းဆီးခဲ့တယ်။ ၈၈ က ဇော်ဇော်မင်း ၊ ညို ထွန်း၊ မင်းဇေယျာ ၊ဘသက်အောင် (ဗကသ) ဇေယျာဝင်း (အကသ) တို့ကို ၁ ပူးတွေကို ၀ ပူးလုပ်ပြီး ထိန်းသိမ်းခဲ့တယ်။
ကမ္ဘာမှာဗမာလို့ သမိုင်းသွင်မည့် ‘’၁ ခြောက်လုံး ဆန္ဒပြပွဲ” လို့ ကြွေးကြော်တဲ့ ၁၁-၁၁-၂၀၁၁ တွင် တော့ အမျိုးဘာသာကိုစော်ကား၊ ငတ်မွတ်ခေါင်းပါးသောပြည်သူလူထုကိုမထောင၊် အသိတရား ကင်းမဲ့သော စစ်အာဏာရှင် တို့ဘိုးဘွားစဉ်ဆက် ဗုဒ္ဓဘာသာတင်မက အခြားအခြားသော ဘာသာများမှားနှင့် ရောယှတ်ပြီစော်ကားသည စစ်အစိုးရ၏ အာဏာအလွဲ သုံးစားချင်းကို၊
၈၈ မျိုးဆက် သစ် လူများများဦိးဆောင်မည့် ၁ ခြောက်လုံးဆန္ဒပြပွဲတွင် ရဟန်းရှင်သူ မိဘပြည်သူ အပေါင်းမှ ပါဝင်ဆင်နွှဲရန် မေတ္တာရပ်ခံအပ်ပါသည်၊။

မည်သူ့ မှမထောက်ခံသည့်ရွေးကောက်ပွဲ၏ရလက်၏အကျိုးဆက်များကို ပြည်သူအပေါင်း၏ သားပျိုသမီးပျိုများ ၁၈နှစ်အထက်မှအစ စစ်မှူထမ်းဆောင်ရတော့မည်လာ? ဒီမိုက ရေစီ လိုလား ငတ်မွတ်တောင်းတသော ဗမာပြည်သူပြည်သားအပေါင်း ၂၀၁၁ ခုနှစ် ၁ ခြောက်လုံး ဆန္ဒပြပွဲမှ သည် စစ်အာဏာရှင် ထိန်ချုပ်မှုအောက်မှ အမြန်ဆုံးလွတ်မြောက်ရပါစေသော်။
ဆိုတဲ့ ကြွေးကြော်မှုတွေနဲ့ ဒီ ၈ ပူးတွေပဲ လုပ်ခဲ့တယ်။ နှစ်ပူးတိုင်း ၈ပူးများ အလုပ်ကောင်းကောင်း မလုပ်ချင်ကြ။ ကိုယ်တိုင်ထောင်ကျလို့ ဆုတံဆိပ် ယူရုံ အားမရ၍ ပြည်သူကို မြှောက်ပင့် သွေးထိုးသည်။ သံဃာကို ပျက်စီးစေသည်။
ကဲ..အခုတော့ ၁၂-၁၂- ၂၀၁၂ တွင် မဖြစ်နိုင်သည့် တောင်းဆိုချက်များဖြင့် လှုပ်ရှားဖို့ တာစူနေလေပြီ။ သံဃာများကို ရှေ့တန်းတင်ကာ သူယုတ်တို့ အကောက်ကြံကြပြီ။ ပြီးလျှင် သံဃာများကို ခေါင်းစဉ် တပ်ကြလေမည်လည်း အမှန်ပင် ဖြစ်သည်။ သို့သော် ဓာတ်ပုံ အထောက်အထားများ၊ စာရွက် အထောက်အထားများ အရ ဒီတစ်ခါတွင် ပြေးမလွတ်တော့။ ၁၂ ရက် ၁၂ လ ၂၀၁၂ တွင် အပူးများ နိဂုံးချုပ်လေမလား ဆိုသည်ကိုတော့ စောင့်ကြည့်ရပေတော့မည်။From:[_oppositeye _] (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

5 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

HI All A PU AYUE,, WHAT you want to do

Anonymous said...

စောက်လုပ်မရှိစောက်လုပ်ရှာနေတာ

ဗိုလ် တေ ဇ said...

အ ကုန် လုံး ကို ဖမ်း ပြီး ဆီး ရီး ယား နဲ့ အီ ဂျစ် ကို ပို့ ပေး လို က် ကွာ့ ဒီ လောက် တောင် ဆန္ဒ ပြ ခြင် တဲ့ ကောင် တွေ ပိာု မှာ ဆို သေ လိုက် မဲ့ မျိုး တွေ့အဲ့ ဒီ့ လောက် ဇ ရှိ မှာ မ ပာုတ် လောက် ဘူ့း့

Redidian02 said...

ငရဲပြည်ကို အ ပေါ်ကကောင်တွေသွားဖို့ စရိတ်လိုရင် ထည့်ပေးမယ်။

ကျဲခေါက် said...

အပူးဆိုရင် ၂ လုံး ၃ လုံးပဲစိတ်ဝင်စားတာ

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ