Dec 12, 2012

ကေအိုင်အေ ဇာတ်တူသား စားနေပြီလား

       ၂၀၁၂ ခုနှစ် ဒီဇင်ဘာလဆန်းမှစ၍ ပန်ဝါဒေသမှာစစ်တပ်နှင့် KIA တပ်မဟာ (၁)လက်အောက်ခံ တပ်များနှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက်ကျဆုံးမှုများပြားခဲ့ကြောင်း သိရှိရပါတယ်။
KIA ဘက်မှကျဆုံး၊ဒဏ်ရာရသူတွေအနက် အများစုဟာ ချီဖွေ၊ ပန်ဝါဒေသတွင်းမှာရှိတဲ့ ဖရဲ ၊ လဂွေ၊ ၀ါးဆုတ်၊ လောခေါင်၊ မန်ဒုံ၊ ဖလ စတဲ့ ကျေးရွာတွေက ရွာသားတွေကို KIA မှဖမ်းဆီးပြီ ရက်ပိုင်း အတွင်းသင်တန်းပေးကာ လက်နက်ပေးကိုင်ထားသည့် ပြည်သူ့စစ်အဖွဲ့များဖြစ်ကြောင်း ၊ သေဆုံး သူများတွင် ယခင် NDAK တပ်ရင်း (၄) မှူးဟောင်းမှ KIA ၏စည်းရုံးခြင်းခံရသူ ဖရဲကိတန့်ဆိုသူလည်း ပါဝင်ကြောင်း နယ်စပ်ကျောက်တိုင် အမှတ် (၆) အနီးရှိ ဒုက္ခသည်စခန်းမှ ဒုက္ခသည်တစ်ဦးက ပြောပြပါတယ်။


          ဒုက္ခသည်စခန်းမှာရှိတဲ့ ဖရဲရွာသူကြီးတစ်ဦးက “ ပြီးခဲ့တဲ့ နွေရာသီတုံးက KIA တွေဝင်လာပြီးတော့ ကျွန်မတို့ ရွာနဲ့ လဂွေရွာက လူတွေကို အကုန်ခေါ်တယ်။ ဒီနယ်မြေကိုသိမ်းလိုက်ပြီး ရွာသားတွေကို စီးပွားရေးကောင်း အောင်လုပ်ပေးမယ်။ ဘိန်းစိုက်ခွင့်ပေးမယ်ပြောပြီးတော့ ရွာကာကွယ်ဘို့လိုတယ်ဆိုပြီး သေနတ်ပစ်နည်းတွေ သင်ပေးတယ်။ နောက်မကြာဘူး စစ်တပ်ကလည်းဝင်လာရော တိုက်ပွဲတွေဖြစ်တာဒီနေ့အထိဘဲ။ တိုက်ပွဲဖြစ်ရင် လည်း ရှေ့မှာ ဖရဲ၊ လဂွေရွာသားတွေချည်းဘဲ KIA ကဟိုးနောက်မှာ ၊ ရှေ့ပစ်ထား မင်းတို့နောက်မလှည့်နဲ့ သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ ဘယ်နေရာမှာဘဲဖြစ်ဖြစ် တိုက်ပွဲဖြစ်ရင် ဒီဖရဲ၊ လဂွေရွာသားတွေဘဲ သေကြ ပြတ်ကြနဲ့ မုဆိုးမဖြစ်ကုန်တာလဲ အများကြီးဘဲ။ အခုချိန်ငြိမ်းချမ်းလို့ ရွာပြန်ရရင်တောင် ရွာမှာသေခါနီး အဘိုးကြီးတွေဘဲရှိတော့မယ်။ ဒီဒေသက လော်ဝေါ်နဲ့ လာချိတ်တွေနေတာလေ။
       
  ဒီ KIA ဂျိန်းဖောကချင်တွေရဲ့ ရက်ရက်စက်စက် အသုံးချတာကိုခံနေရတယ်။ ကျွန်မတို့ကလည်း စားဝတ်နေရေး အဆင်မပြေတာရယ်။ နီးရာဓား ကိုကြောက်နေရတာလဲပါတာပေါ့။ ဦးဇခုန် တိန့်ယိန်း ကလည်း အရင်လို ကျွန်မတို့ကို ဂရုမစိုက်နိုင်တော့ဘူးလေ။ ဘ၀က သေမထူး ၊ နေမထူးဘဲ။ မစိုက် မပျိုးနိုင်တော့ ကိုယ် ဖာသာကိုယ်နေရင် ထမင်းငတ်သေမယ်။ KIA နဲ့နေရင် တိုက်ပွဲဖြစ်ပြီးသေမှာဘဲ။ ဒုက္ခသည်စခန်းက ထွက်ပြေးလို့ ပြန်မိရင် KIA ကသတ်ပစ်မှာဘဲ လူဖြစ်ရကျိုးမနပ်တော့ပါဘူး။ ”လို့ပြောပြ လာပါတယ်။
From:[_KDN _]
 (မောင်ကျောက်ခဲ အဖွဲ့)
_____________________________________________________________________
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ