Jan 8, 2013

မြန်မာမှာ နူကလီးယားဓါတ်ပေါင်းဖို ရှိသင့်တယ်

ကျွန်ုပ်မောင်ကျောက်ခဲကတော့ အချိန်လည်းမအားလို့ သိပ်အရှည်ကြီးမပြောချင်ဘူး ။နောက်ပြီး ကျုပ်တို့မြန်မာနိုင်ငံသားတွေက စာလေးများ ရှည်လာရင် ကိန်းဂဏာန်းတွေ ပါလာရင် သိပ်ဖတ်ချင်တာမဟုတ်တဲ့လူစားတွေကိုဗျ ။ဒီတော့လည်း ကျွန်ုပ် သိပ်ပြီး ကိန်းကြီးခန်းကြီး မပြောတော့ဘူး ။လိုရင်းပြောမယ် ။

ကျွန်ုပ်တို့နိုင်ငံဟာ အင်အားကြီး နိုင်ငံ တရုတ်နဲ့ အိန္ဒိယ ကြားမှာရှိတယ် ။အဲဒီနှစ်နိုင်ငံမှာ နူကလီးယားဓါတ်ပေါင်းဖိုရှိတယ် ။နိုင်ငံရဲ့ လျှပ်စစ်စွမ်းအားအနေနဲ့ယူသုံးသလို စစ်ဘက်ရေးရာသုံးတယ် ။အဲ.နောက်တစ်ကောင်.အနောက်မြောက်ဘက်က နေ ကျွန်ုပ်တို့နိုင်ငံကို လစ်ရင်လစ်သလိုတွယ်မယ့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသာ သေးတာ နူကလီးယားဓါတ်ပေါင်းဖိုက စွမ်းအင်နဲ့ နိုင်ငံကလည်ပတ်နေတယ် ။မကြာခင်မှာ စစ်ဘက်ကိုပါ နူကလီးယားဒုံးတွေများသုံးလာရင် ကျွန်ုပ်တို့ ရခိုင်ဒေသ က စ ပါပြီ ။နောက် အရှေ့ဘက်က ထိုင်း ..သူတို့လည်း 2025 ကနေစပြီး နိုင်ငံမှာ နူကလီးယားဓါတ်ပေါင်းဖိုတွေဆောက်တော့မယ် ။အခု အစီအစဉ်တွေရေးနေပြီ ။ နောက်မလေးရှား.သူတို့လည်း ရှိတယ် ။

ဒီနိုင်ငံတွေကြားမှာ ကျွန်ုပ်တို့နိုင်ငံက လျှပ်စစ်မီး မမြင်ဖူးသေတဲ့ ဒေသတွေ ရှိသေးတယ် ။ရန်ကုန် မန္တလေး တွေတောင် ဖုတ်လိုက်ဖုတ်လိုက်နဲ့ ။အခု နိုင်ငံတကာက လုပ်ငန်းတွေ အောတိုက်လှိမ့်ဝင်မှာ ။ကိုယ့်နိုင်ငံတောင် မီးမမှန်သေးတာ ။ဒင်းတွေကို ပေးဖို့ခက်တယ် ။အဲဒါကြောင့် မလာချင်တော့ဘူး ။

ကျွန်ုပ်တို့မှာ ရှိတယ့် ရေအားလျှပ်စစ် ရေရှိမှ မီးလာမှ ။အဲလောက်ပေါပေါများများလည်း ရေမသုံးနိုင်ဘူး ။ကျောက်မီးသွေးစက်ရုံ..ဒါကလည်း ဒေသတစ်ခုချင်းစီမှာပဲ တတ်နိုင်မယ် ။တနိုင်ငံလုံးကို ကျောက်မီးသွေးလျှပ်စစ်ဓါတ်အားတွေဆောက်လို့မဖြစ်ဘူး ။ဒါတွေက Limited resource တွေ တစ်ချိန်ကျ ကုန်မှာ ။သဘာဝကိုမထိအောင် သုံးတဲ့နည်းတွေတော့ ရှိတယ်။
သဘာဝဓါတ်ငွေ့..သူကတော့ မျှော်လင့်ချက်ရှိတယ် ။သဘာဝဓါတ်ငွေ့နဲ့ ထုတ်နိုင်ကောင်းရဲ့ ။သို့သော် နိုင်ငံခြားဝင်ငွေက ဒင်းဆီကပဲ ရတာ ။သဘာဝဓါတ်ငွေ့နဲ့သုံးမယ်ဆို ရောင်းထားတာတွေကို ယတိပြတ်ဖြတ်ပြီး ဆောက်မှရမယ် ။သူလည်း တစ်ချိန်ကျရင်ကုန်ဆုံးမယ့် သဘာဝရင်းမြစ်ကြီး ။ကောင်းပြီ။
နူကလီးယား ။ဆောက်သင့်တယ် ။ကျွန်ုပ်အမြင်ပေါ့ ။နူကလီးယားဓါတ်ပေါင်းဖို နှစ်ဖိုလောက်နဲ့ နိုင်ငံကို မီးအပြည့်ပေးနိုင်မယ် ။ဒါက စွမ်းအင်အသုံးချမှူတစ်ခု ။နောက်တစ်ခု  စစ်ရေးယှဉ်ပြိုင်မှူ  နူကလီးယားစွမ်းအင်ရှိတဲ့နိုင်ငံတနိုင်ငံဆိုတာနဲ့ တကမ္ဘာလုံးက ရှိန်တယ် ။သေချာတာတော့ စော်ကားခံရမယ်မဟုတ်ဘူး ။ဒေသတွင်းမှာလည်း ဂုဏ်တတ်မယ် ။မြန်မာနိုင်ငံမှာ နူကလီးယားဓါတ်ပေါင်းဖို ရှိပြီဟေ့ ဆိုတာနဲ့ ဘင်္ဂလားဒေ့ရှ် ထိုင်း အဲနှစ်ကောင် မြန်မာကို မျက်လုံးပြူးနဲ့စောင့်ကြည့်ရတော့မယ် ။


ဒီတော့ ဘာလုပ်လုပ် ကန့်ကွက်ကြမယ့်စီမံကိန်းတွေကြားထဲမှာ ကျွန်ုပ်တို့နိုင်ငံက ပုံထဲကလို ဖယောင်းတိုင်နဲ့ပဲ နေကြတာပဲကောင်းမလား ။စဉ်းစားတော့ဗျာ ။

(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

11 ယောက် ဆွေးနွေးခဲ့တယ်:

Health said...

ဖြစ်သင့်တာကြာပေါ့

Anonymous said...

Ya.. We want nuclear technology.

moemoeaung said...

သိပ်ကောင်းတဲ့စီစဉ်ပါ အမြန်ဆုံးလုပ်ဆောင်ပါ

Anonymous said...

ကျောင်းသား န'ဆ၇ာတော် သပိတ်လုန်လိမ့်မယ် ဖေ၇ာင်း တိုင် န'့နေသားကျ နေ ပာပြိ ။တော်ကြာ သပိတ် မုာ အလုခ'ထ'ထ'. နေ ၇လိ မ့် မယ် ကို့ ဖာ သာ တောင် ထမင်းမန'၇ုာစားနေ ၇ တာပ။

တောသားကြီး said...

ကိုကျောက်ခဲ ကတော့ ပြောစရာ ရှိတာပြောသွားပြီ။ကျွန် တော်လဲ ဖြစ်သငိ့တာ ကြာပြီလို့ ထင်ပါတယ်။

ကောင်း စေ ချင် သု said...

နိုင် င°တော် တိုး တက် ဖို့ case. များ မုာ nld အ နေနုင့် အကြ'ုပြု တာ နည်း တယ် ဝေ ဖန် တာ များ နေ တာ ဘာ့ ကြောင့် ပ။သိချင် လို့ ပ။ပ ယော ၈ မ ၈ို ပ။

Anonymous said...

သိပ်ကိုကောင်းတဲ့စေတနာစကားပါ တိုင်ပြည်အတွက်တစ်ကယ့်ကိုလိုအပ်တဲ့
ပစ္စည်းပါ

Anonymous said...

ကမ်းတယ် ကမ်းတယ်

we need nuke power ?...?..

Anonymous said...

good for our country . lets do it....

Anonymous said...

စောက်ပက်

Anonymous said...

မလုပ်ပါနဲ့ဗျာ။သပိတ်တင်မကဘူးကျောင်းပါမှောက်လိမ့်မယ်။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ