Jan 8, 2013

တရားမ၀င် ၀င်ရောက်လာသည့် တရုတ်နိုင်ငံသား(၂)ဦးအား ဖမ်းဆီးရမိ

၇-၁-၂၀၁၃ရက်နေ့ ၁၇၀၀အချိန် ဗန်းမော်မြို့ (၅) မိုင်စစ်ဆေးရေးရဲကင်းရှိတပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက်နေစဉ် လွယ်ဂျယ်မှ ဗန်းမော်သို့ ဗန်းမော်မြို့နယ်၊ သာစည်ရပ်ကွက်နေ ဖိုးခွား(ခ)ပြည့်ဖြိုးဟန်(၂၈)နှစ် မောင်းနှင်လာသည့် ၉က/xxxx ဗင်ကားအား ရပ်တန့်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင်တရားမ၀င် ၀င်ရောက်လာသည့် တရုတ်နိုင်ငံ၊ ရင်ကျန်းခရိုင်နေသူများ ဖြစ်သည့် ဆွန်ရိန်(၃၃)နှစ်နှင့် ဖုန်ဆန်း(၅၀)နှစ်တို့ ၂ ဦးအား မြန်မာငွေကျပ်(၄၅)သိန်း၊ တရုတ်ယွမ်ငွေ ၁၀၀ တန် (၃၈၂)ရွက်၊ LEPHONE တံဆိပ်ပါ တရုတ်ဖုန်း(၁)လုံး၊CHAMGHCNG တံဆိပ်ပါ တရုတ်ဖုန်း (၁)လုံး၊ CERIA တံဆိပ်ပါ တရုတ်ဖုန်း(၁)လုံး၊YUNAN ငွေထုတ်ကဒ် ၁ ကဒ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိ တရုတ်နိုင်ငံသား ၂ ဦးနှင့် သိမ်းဆည်းရမိပစ္စည်းများအား နိုင်ငံခြားသားများ တရားမ၀င် ၀င်ရောက်မှုကာကွယ်ရေးအဖွဲ့ထံ လွှဲပြောင်းအပ်နှံပေးခဲ့ရာ ဗန်းမော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၌် စစ်ဆေးလျက်ရှိပြီး အမှုဖွင့်အရေးယူသွားရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။ From:[_ ရဲဇာနည်_] (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

တ, မောင် န said...

ပြ ည်မ ထ'မုာ အများ ကြိး၇ိုသေး သည် ကို သတိပြု စေ လို ပ သည် မောင်ကျော က် ခ'။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ