Jan 10, 2013

ဟိုပင်နဲ့ ပင်းဘောကြား KIA မှ ရထားလမ်းမိုင်းခွဲမှုအခြေအနေ

မနေ့ ည ၁၁နာရီခန့်မှာ ဟိုပင်နဲ့ ပင်းဘောကြား ကြာကြီးကွင်းရွာအနီး မိုင်တိုင်အမှတ် ၆၅၄/၁၈ နဲ့ ၁၉ ကြားမှာ ဟိုပင်ကနေ မြစ်ကြီးနားဘက်ထွက်လာတဲ့ နဘားခေါက်ပြန်မီးရထားကို KIA ကအဝေးထိန်းမိုင်းနဲ့ ခွဲလိုက်လို့ စက်ခေါင်းနောက်က ခရီးသည်လိုက်ပါလာတဲ့ ရထားတွဲကို မိုင်းထိမှန်ပြီး ရထားတွဲ ၅ တွဲ လမ်းချော်ခဲ့ရပါတယ်။ မိုင်းပေါက်ကွဲမှုကြောင့် ရထားပေါ်ပါလာတဲ့ ခရီးသည်တစ်ဦး ကွဲသွားတဲ့ ကြမ်းပေါက်ကထွက်ကျပြီး ရထားကြိတ်မိသေဆုံးသွားပါတယ်။ ဒါ့အပြင် ခရီးသည်တစ်ဦးကလည်း ဦးခေါင်းမှာ ဒါဏ်ရာအနည်းငယ်ရသွားခဲ့ပါတယ်။ သေဆုံးသွားတဲ့သူက အသက်၃၂ နှစ်ရှိ ဟိုပင်သား ဦးမြင့်နိုင်ဆိုသူဖြစ်ပြီးတော့ ဒါဏ်ရာရသွားတဲ့သူကတော့ နွားတွေကို ရထားတွဲနဲ့တင်ပို့နေတဲ့အသက် (၄၀)ရှိ ဦးဇော်အောင် ဖြစ်ကြောင်းသိရပါတယ်။ ပေါက်ကွဲမှုကြောင့် အနောက်ဘက်ရထားသံလမ်း ၃ ပေပြတ်ထွက်၊ သံလမ်း ပေ ၅၀ ခန့်ဘယ်ညာကားထွက်၊ ဇလီဖားတုံး ၄၀ ခန့်ပြုတ်ထွက်ပျက်စီးခဲ့တယ်လို့ သတင်းရရှိပါတယ်။ ၂၀၁၂ ဒီဇင်ဘာလောက်ကစပြီး KIA က ရထားလမ်းများ၊ ကားလမ်းများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ ရဲစခန်းနဲ့ ပြည်သူ့စစ်စခန်းတွေကို အင်အားသုံးတိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖျက်ဆီးခြင်းစတဲ့ အဖျက်အမှောက်လုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်လာပြီး ယခုကာလတွေမှာ ရထားတွဲတွေမထိမထိအောင် အချိန်ကိုက် ဖေါက်ခွဲလာပြီး အပြစ်မဲ့ပြည်သူလူထုကိုပါ တမင်ရည်ရွယ်ချက်နဲ့ ထိခိုက်အောင်လုပ်လာနေတာကြောင့် အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်က ထိထိရောက်ရောက် အရေးယူဆောင်ရွက်သင့်ကြောင်း ဒေသခံတွေက ပြောကြားနေတယ်လို့ သတင်းရရှိပါတယ်။ ဓာတ်ပုံများရရှိက KIA ရဲ့အကြမ်းဖက်မှုကိုဆက်လက်တင်ပြသွားပါမယ်။
 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ