Jan 12, 2013

အလင်းဝင်ရောက်လာသော ကေအိုင်အေ တပ်မဟာ ၅ မှ ကေအိုင်အေရဲဘော်တစ်ဦးမှ ၄င်းတို့အားလူတစ်ယောက်ကျည်တောင့် ၃၀ နှင့် တိုက်ခိုင်းထားပြီး ကေအိုင်အေအတွင်းရေးသိသူလုပ်သက်ရင့် ရဲဘော်များကို လိုင်ဇာတွင်ထိန်းချုပ်နေပြီဖြစ်ကြောင်း ပြောကြား

ကေအိုင်အေသောင်းကျန်းသူအဖွဲ့မှ အလင်းဝင်ချင်သူများအား ခြိမ်းခြောက်၍တနည်း မက်လုံးပေးကာတသွယ် ထိန်းချုပ်ထားနေပြီဖြစ်သည်။

အလင်းဝင်လာသော ကေအိုင်အေ တပ်မဟာ ၅ လက်အောက်ခံ ရဲဘော်တစ်ဦးအား သူ၏ မိသားစုမှ ဝမ်းသားအာရပွေ့ဖက်ကြိုဆိုနေပုံ

ကေအိုင်အေမှ ကွန်ပျူတာ အလုပ်လုပ်ရမည်။ လိုင်ဇာတွင် ထားမည်။ လခ ကောင်းကောင်းပေးမည်ဟုဆိုကာ စည်းရုံး ကာ ကေအိုင်အေ စစ်သားအဖြစ် သိမ်းသွင်းခြင်းခံခဲ့ရသည့် အလင်းဝင် ကေအိုင်အေ သတင်းဖြန့် တစ်ဦးမှ ကေအိုင်အေ တပ်ဖွဲ့အတွင်း ရိက္ခာ၊ခဲယမ်းများ မလုံလောက်တော့ကြောင်း၊ ရှေ့တန်းစခန်းများရှိ ကေအိုင်အေ ရဲဘော်များအား ကျည် ၂၉ တောင့်ခန့်သာ ပေးနိုင်တော့ကြောင်း ပြောခဲ့သည်ဟု သိရသည်။
သူ့ကဲ့သို့ပင် ဖမ်းဆီးပြီး ကေအိုင်အေ အတွက် ၀ါဒဖြန့် လုပ်ပေးရသူများကို လိုင်ဇာ ဌာနချုပ်တွင် ထားရှိကြောင်း၊ အပြင်သို့ သူတို့ မပါဘဲ ပေးမထွက်ကြောင်း၊ မိုင်းများ ထောင်ထားသည့်အတွက် ထိမှာ စိုးသည် ဟု အကြောင်းပြပြီး အဆောက်အအုံထဲတွင် ထိန်းသိမ်းထားခဲ့သည်ဟု ၄င်းမှ ဆိုသည်။


ကေအိုင်အေမှ စုဆောင်းခဲ့သည့် တိုင်းရင်းသားများအား ရခိုင်လူမျိုးဆိုလျှင် ရခိုင်တပ်ဖွဲ့၊ ရှမ်းဆိုလျှင် ရှမ်းတပ်ဖွဲ့ သီးခြားစီ ထားရှိကြောင်း၊ လူမျိုးစုများ တစ်စုစီခွဲခြား ဆက်ဆံယုံမက ကျွေးသည့် အစားအသောက်တွင်လည်း ကေအိုင်အေ ဂျိမ်းဖောများက အခွင့်အရေး ပိုရကြောင်း၊ မြန်မာ့တပ်မတော်မှ သတ်မည် မဟုတ်ဘဲ ကူညီထောက်ပံ့ပေးမည် ဆိုသော သတင်းများသူတို့ သိပါက ကေအိုင်အေကို ပြန်တိုက်ကာ အလင်းဝင်ကြမည် ဖြစ်သည်ဟု ၄င်းမှ ဆက်ပြောခဲ့သည်။

 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

4 ယောက် ဆွေးနွေးခဲ့တယ်:

ဗိုလ် တေ ဇ said...

ပြန် ချ ကြ ကွာ့ မင်း တို့ ကို ဆန် ၃ ဘူး အ ပြင် ဖက် ကြမ်း ၅ လိပ် နဲ့ ကော် ဖီ မစ် တစ် ထုပ် ပါ ထပ် ပေး မယ့့်

အလယ်ကလူ said...

ကိုကိုဗိုလေတဇ ဆန်ဗူး ၃ ဗူး ဖက်ကြမ်း ၅ လိပ် ကောကော ၁ ထုပ် ဆိုတော့ အားရစရာကြီး သားသား kia ကိုပြန်ချမယ်

Unknown said...

မင်းရဲ့ အလယ်ပေါက်ကိုငါချမယ် အလယ်ကလူ

Anonymous said...

စောက်ရူးအပြာဆိုဒ်မှာပဲနေဒီဆိုဒ်ကိုတက်မလာနဲ့မင်းနဲ့မတန်ဘူး

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ