Jan 10, 2013

ညမဲ့ညများလွန်နိုင်စေ(တိုက်ပွဲကြားမှာ ကျသွားတဲ့ လူသစ်စုခံရပြီး ကေအိုင်အေရဲဘော်ဖြစ်လာတဲ့ တိုင်းရင်းသားတစ်ဦးရဲ့ အတွင်းရေး)


    စာတိုပေစများရေးသားရသည်ကို ခုံမင်တတ်ခြင်းနှင့် ဟိုစပ်စပ်ဒီစပ်စပ် စိတ်ဝင်စားတတ်သော ကျွန်တော်တို့သူငယ်ချင်းဖြစ်သူကားသူအင်မတန်သံယောဇဉ်ကြီးလှသောသူ့မိသားစုနှင့် မွေးရပ်ရွာကို ကျောခိုင်းကာ ထာဝရအိပ်စက်သွားခဲ့ပြီဖြစ်သည်။ ကျွန်တော့်စိတ်ရင်းအနေဖြင့် စာတိုပေစများ ရေးသား ဖြစ်မည်ကို စိတ်ကူးပင်မယဉ်ဖြစ်ခဲ့သော်လည်းကျွန်တော့်သူငယ်ချင်းကိုသတိရမိတိုင်းတွင်တစ်စုံတစ်ရာကို ရေးသားဖော်ပြလိုစိတ်ပြင်းပြနေခဲ့ရာမှ လက်တွေ့ရေးသားမိသည်အထိ ဖြစ်ခဲ့ရသည်။

    ကျွန်တော်၏စာရေးလိုသည့်ဆန္ဒမှာ ကျွန်တော့်သူငယ်ချင်းဖြစ်သူ၏ ဆန္ဒများလေလားဟုပင် တွေးထင်မိခဲ့သည်။ ဟုတ်ချင်လည်းဟုတ်ပေမည်။ ကျွန်တော့်သူငယ်ချင်းဖြစ်သူ ဆုံးပါးခဲ့ရသည်မှာ သာမန်ကိုးဆယ့်ခြောက်ပါးသော ရောဂါဖြင့် ဆုံးပါးခဲ့ရသည်မဟုတ်ပါ။ မှတ်မှတ်ရရ ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ လဆန်းပိုင်းအတွင်းက တပ်မတော်နှင့် ကေအိုင်အိုတို့ ထိတွေ့ပစ်ခတ်စဉ်တစ်ခုတွင် ကံမကောင်းစွာ ဆုံးပါးခဲ့ရခြင်းဖြစ်သည်။

    စာရေးသူ၏အမေမှာ ရှမ်းတိုင်းရင်းသူဖြစ်သော်လည်း အဖေဖြစ်သူက ကချင်တိုင်းရင်းသား ဖြစ် သည်။ သူငယ်ချင်းဖြစ်သူမှာမူကားကချင်တိုင်းရင်းသားစစ်စစ်ဖြစ်သည်။၂၀၁၂ခုနှစ်အလယ်ပိုင်း လောက်ကတည်းက “ကေအိုင်အိုအဖွဲ့တွေစည်းလွတ်ဝါးလွတ်ဖြစ်လာပြီကွ” ဟုသူငယ်ချင်းဖြစ်သူက ညည်းတွားခဲ့သည်။



အမှန်တွင်လည်း သူငယ်ချင်းဖြစ်သူရော ကျွန်တော်ပါ ကေအိုင်အေအဖွဲ့၏ အနိုင် ကျင့်မှုကို အကြိမ်ကြိမ်တွေ့ကြုံခံစားခဲ့ကြရသည်။ မည်သည့်စီးပွားရေးလုပ်လုပ် သူတို့ကို ဆက်ကြေး ပေးနေရသည်။ ကိုယ်လုပ်တဲ့အလုပ်က လုပ်တိုင်းမမြတ်သော်လည်း သူတို့ကိုလုပ်တိုင်းပေး၊ မလုပ် လည်းပေး၊ မြတ်လည်းပေး၊ မမြတ်လည်းပေးနေကြရသည်။ ကချင်ပြည်နယ်ကောင်းစားရေးအတွက် ကျွန်တော်တို့ဒေသခံများထံမှ ကေအိုင်အေတို့ ကောက်ခံခဲ့သောငွေကြေးကို စနစ်တကျသုံးစွဲရင်းနှီးမည် ဆိုပါက ယနေ့ကချင်ပြည်နယ်တစ်ခုလုံး နေ့ချင်းညချင်းပြောင်းလဲတိုးတက်သွားမည်မှာ မလွဲဧကန်ဖြစ်ပါ သည်။ တစ်နေ့တွင် သူငယ်ချင်းဖြစ်သူမှာ ကေအိုင်အေတို့ဖွင့်လှစ်သော ဒုက္ခသည်စခန်းများတွင် လုပ်အားပေးတာဝန်ထမ်းဆောင်ရန် လိုက်ပါသွားခဲ့ရသည်။ မလိုက်လို့လည်းမရပါ။ သူတို့ခိုင်းစေတိုင်း လိုက်မလုပ်သူတွေအားလုံး သစ္စာဖောက် ဒါမှမဟုတ် သူလျှိုအဖြစ်စွပ်စွဲခံရပြီး နောက်တစ်နေ့နေမင်းကို မကြည့်နိုင်ဖြစ်သွားခဲ့ကြရသည်ကို အားလုံးတွေ့မြင်ခံစားထားကြဖူးသည်။

    သူငယ်ချင်းဖြစ်သူမှာသွက်လက်ချက်ချာသူဖြစ်ရုံသာမကစိတ်ရင်းခံကောင်းရှိသူဖြစ်သည်။ ကေအိုင်အေတို့ ဖွင့်လှစ်ထားသော ဒုက္ခသည်စခန်းများသို့ အတင်းခေါ်ဆောင်ခြင်းခံခဲ့ရသည့် တိုင်းရင်းသားများကို ကူညီဆောင်ရွက်ပေးနေခဲ့သည်။ ကျွန်တော်တို့ဒေသခံအားလုံးကို ကေအိုင်အေ တို့က သံသယမျက်လုံးများဖြင့် စောင့်ကြည့်နေကြသည်။ ကျွန်တော်တို့သည်လည်း မွေးရပ်မြေတွင် ဆက်လက်နေထိုင်ပါက မလွဲမသွေတွေ့ကြုံရမည့် အသက်အန္တရာယ်ကို ရိပ်စားမိလာခဲ့သည်။

    ကေအိုင်အေအဖွဲ့များမှာ ဒေသခံများကို ဒုက္ခသည်စခန်းများသို့ အတင်းအဓမ္မ၊ မလိုက်မနေရ ခေါ်ဆောင်နေကြသော်လည်း လိုအပ်သောစားဝတ်နေရေးကိစ္စ၊ ကျန်းမာရေးကိစ္စများကို မယ်မယ်ရရ စိတ်ဝင်တစားဆောင်ရွက်ပေးခဲ့ခြင်းများမတွေ့မိခဲ့ပါ။ နောက်ပိုင်းတွင် တပ်မတော်စစ်ကြောင်းများနှင့် ထိတွေ့နိုင်သည့်အခြေအနေနှင့် နေရာရွှေ့ပြောင်းမှုများတွင် ကျွန်တော်တို့ဒေသခံများကို လုပ်အားပေး အဖြစ်လူအင်အားအများအပြားခေါ်ဆောင်အသုံးပြုပါသည်။ ထို့ကြောင့် တပ်မတော်စစ်ကြောင်းများနှင့် ထိတွေ့မှုဖြစ်စဉ်အချို့တွင် အကာအကွယ်မဲ့နေသော ဒေသခံများသေကျေထိခိုက်မှုများ ရှိလာခဲ့ပါ သည်။

    နောက်ပိုင်းတွင် ကေအိုင်အေအဖွဲ့အနေဖြင့် တပ်မတော်စစ်ကြောင်းများနှင့် တမင်တကာ ထိတွေ့မှုများဖြစ်အောင် ဖန်တီးလုပ်ဆောင်လာသည်ကို ကျွန်တော်ကိုယ်တွေ့ တွေ့မြင်လာခဲ့ပါသည်။ ကျွန်တော်တို့ဒေသခံများတွင် စာမတတ်သူ၊ စဉ်းစားတွေးခေါ်မှုအားနည်းသူများရှိသော်လည်း စဉ်းစား တွေးခေါ်တတ်၊ အမှန်အမှားကို သုံးသပ်တတ်သူတွေ အများအပြားရှိပါသည်။ ကေအိုင်အေအဖွဲ့၏ ရည်ရွယ်ချက်မှာ ထိတွေ့မှုဖြစ်လျှင် အရပ်သားများဖြင့် တပ်မတော်စစ်ကြောင်းများကို အာရုံထွေပြားစေ ရန်ဖြစ်သည်ကို ကျွန်တော်တို့တွေ့မြင်လာခဲ့သည်။ တပ်မတော်စစ်ကြောင်းများမှ ဒေသခံများကို ထိခိုက် မိမည့်အတွက် ထိန်းသိမ်းလှုပ်ရှားမှုများကို ကေအိုင်အေတို့က အကြိမ်ကြိမ်အမြတ်ထုတ်ခဲ့ကြသည်ကို တွေ့ရသည်။

    ဒီဇင်ဘာလ ညတစ်ည၏ ထိတွေ့မှုတစ်ခုတွင် ကျွန်တော်၏သူငယ်ချင်းဖြစ်သူမှာ ရှုပ်ထွေးနေ သောအခြေအနေတစ်ခုတွင် ဆုံးပါးခဲ့ရသည်။ ဖြစ်စဉ်မှာ တပ်မတော်စစ်ကြောင်းတစ်ခုကို အလစ် အငိုက် ၀င်ရောက်တိုက်ခိုက်ခဲ့သည့်ကေအိုင်အေတစ်စုမှာ တပ်မတော်စစ်ကြောင်းမှ လိုက်လံရှင်းလင်း စဉ် ဒေသခံများစုဆောင်းထားသည့်စခန်းအတွင်းပြေးဝင်ကာ အကာအကွယ်ယူခဲ့ကြခြင်းဖြစ်သည်။ ထို သတင်းကိုကြားကြားချင်း ကျွန်တော်မခံမရပ်နိုင်အောင် ကြေကွဲခံစားခဲ့ရသည်။ ထိုဖြစ်စဉ်တွင် ကျွန်တော့် သူငယ်ချင်းအပါအ၀င် ဒေသခံများ ထိခိုက်သေကျေမှုဖြစ်ခဲ့ရသည်။ မိတ်ဆွေအထမ်းသမား တစ်ယောက်က “ဒီကောင်တွေတော်တော်ယုတ်မာတယ်၊ ကျုပ်တို့လို ကိုယ့်ကချင်တိုင်းရင်းသား အချင်းချင်းကိုတောင် လူတံတိုင်းလုပ်ရက်တယ်” ဟု ကြေကွဲညည်းတွားသံကို ကျွန်တော်ထူးဆန်းစွာ ကြားလိုက်မိပါသည်။

    လူမျိုးစွဲ၊ ဝါဒစွဲမကြီးလှသော်လည်း ဒေသစွဲအင်မတန်ကြီးလှသော ကျွန်တော်လည်း အံကြိတ်ပြီး ကျွန်တော်တန်ဖိုးထားမြတ်နိုးခဲ့ရသော ကျွန်တော့်မွေးရပ်မြေဒေသကို အသက်အန္တရာယ်ကို ငဲ့ညှာပြီး ခွဲခွာခဲ့ရပြီဖြစ်သည်။ နေ့ခင်းထင်သာမြင်သာသောအခြေအနေများတွင် တပ်မတော်စစ်ကြောင်းများ အန္တရာယ်ကို သိပ်ကြောက်စရာမလိုသော်လည်း ညအခါကဲ့သို့သော အချိန်များတွင် ကေအိုင်အေအဖွဲ့ ၏ ယုတ်မာရက်စက်စွာ တွန်းထိုးအကာအကွယ်ပြုမှုများက ကျွန်တော်တို့၏အသက်ကို အလွယ်တကူ နုတ်ယူသွားနိုင်ပေသည်။

    ကေအိုင်အေတို့ အထိန်းသိမ်းခံစခန်းအများအပြားတွင် ကျန်ရစ်နေခဲ့သည့် ကျွန်တော့်ကဲ့သို့ပင် တွေ့ကြုံခံစားနေကြရသော ဘ၀တူဒေသခံများ၏ အသက်အန္တရာယ်ကို စာနာထောက်ထားမိပါသည်။ သို့သော် ကျွန်တော်တို့ ဒေသခံအချင်းချင်းအနေဖြင့် မည်သို့မျှ ကူညီဖြေရှင်းပေးနိုင်မည်မဟုတ်ပါ။ လိုင်ဇာ အနီးအနားက စခန်းတွေနဲ့ အခြားစခန်းတွေမှာ ဆွေမျိုးသားချင်းများ၊ မိတ်ဆွေအပေါင်းအသင်း များ အများအပြားကျန်ရစ်နေခဲ့ပါသည်။ တစ်နေ့နေ့တွင် ဘ၀တူဒေသခံများအား ရက်စက်ယုတ်မာသူ များ၏ လက်အတွင်းမှ ကူညီကယ်တင်ပေးနိုင်မည်ဟု ကျွန်တော်ယုံကြည်ပါသည်။ ကျွန်တော်တို့ ကြားသိရသလောက် နိုင်ငံတော်သမ္မတကြီးအနေဖြင့် စိတ်ရင်းစေတနာအမှန်ဖြင့် ထာဝရငြိမ်းချမ်းရေး တည်ဆောက်ကြရန် စဉ်ဆက်မပြတ် ကမ်းလှမ်းနေကြောင်း ကြားသိထားပါသည်။
    ကျွန်တော်တို့ဒေသခံများသည်ကမ္ဘာ့နိုင်ငံများနှင့်ရင်ဘောင်တန်းသိမြင်နားလည်သဘော ပေါက်ထားကြသည့် လူမျိုးကြီးစိတ်ဓာတ် တစ်နည်းအားဖြင့် ပြည်ထောင်စုစိတ်ဓာတ် အရင်းခံရှိသူများ ဖြစ်ကြသည်။ ကျွန်တော်တို့ဒေသခံများအား ကိုယ်ကျိုးစီးပွားရှေ့တန်းတင်သူတို့၏ ကျဉ်းမြောင်းသော ကေအိုင်အေခေါင်းဆောင်ပိုင်းအချို့၏ လူမျိုးခွဲခြားရေးဝါဒစွဲဖြင့် ကာလကြာထိန်းချုပ်အမှောင်ချထားရန် မဖြစ်နိုင်သည်ကို အချိန်မီသိသင့်သည်ဟု ကျွန်တော်တွေးမြင်မိပါသည်။

    ငြိမ်းချမ်းရေးရှိမှ ခိုင်မာတောင့်တင်းသည့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ကိစ္စများ ဖွံ့ဖြိုး တိုးတက်ရေးကို စနစ်တကျ အချိန်ယူလုပ်ဆောင်နိုင်မည်ကို ကျွန်တော်တို့နားလည်လက်ခံထားသည်။  ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများအားလုံးတွင် ကျဉ်းမြောင်းသည့် လူမျိုးခွဲခြားရေးမူဝါဒကို အခြေခံတည်ဆောက်ထားသည့် နိုင်ငံဟူ၍မရှိသည်ကိုလည်း ကျွန်တော်တို့ဒေသခံများနားလည်ထားပြီး ဖြစ်သည်။ ကျွန်တော်တို့ဒေသခံများအနေဖြင့် အခြားသော တိုင်းရင်းသားညီအစ်ကိုများနည်းတူ နိုင်ငံတော်မှ တညီတညွတ်တည်း စုစည်းဖော်ဆောင်ချီတက်နေသည့် ဒီမိုကရေစီခရီးလမ်းတွင်ပါဝင် ချီတက်လိုပါသည်။

    ကျွန်တော့်အနေနှင့် နိုင်ငံတော်အစိုးရ၊တပ်မတော်နှင့် ပြည်ထောင်စုကြီးအတွင်းချစ်ကြည်ရင်း နှီးစွာ ပေါင်းစည်းနေထိုင်လျက်ရှိကြသော တိုင်းရင်းသားညီအစ်ကိုများ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏အကျိုးကိုလိုလားသောနိုင်ငံတကာအဖွဲ့အစည်းများအား အသိပေးတောင်းဆိုလိုသည်မှာတပ်မတော် နှင့်ထိပ်တိုက်ထိတွေ့မှုဖြစ်စေရန်ပြုမူနေသော ကေအိုင်အေအဖွဲ့၏ တမင်တကာလုပ်ကြံဖန်တီးမှုအား ဝိုင်းဝန်းတားဆီးပေးကြပါ။

တပ်မတော်စစ်ကြောင်းများအနေဖြင့် ကေအိုင်အေတို့လှည့်ဖျားဖန်တီးထား သည့် ထိတွေ့မှုများတွင် တိုင်းရင်းသားဒေသခံ အရပ်သားများ ဓားစာခံဖြစ်နေသည့်အရေးကို ကြိုတင် သိမြင်ထားကြပါ။ စစ်မှန်သည့်ထာဝရငြိမ်းချမ်းရေးကို လိုလားသည့်အချို့သော ကေအိုင်အေ ခေါင်းဆောင်ပိုင်းနှင့် ပွင့်လင်းမြင်သာသော နားလည်မှုကို အလျင်အမြန်တည်ဆောက်ပေးပါ။ ကေအိုင်အေအထိန်းသိမ်းခံ ဒုက္ခသည်စခန်းများတွင် ရောက်ရှိခံစားနေသော ဒေသခံများ၏ လမိုက်ည များကို ဖယ်ရှားရှင်းလင်းကယ်တင်ပေးကြပါဟု ဒေသခံတိုင်းရင်းသား ညီအစ်ကိုများ ကိုယ်စား တောင်းဆိုအပ်ပါသည်။
ဒရစ်နော်
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ