Jan 6, 2013

ကချင်ဒေသစစ်မြေပြင်က မြန်မာတပ်မတော်သားတစ်ဦး၏ ဒိုင်ယာရီစာအုပ်ထဲမှ မျက်ရည်စို့စေမယ့် စာသားတွေ



ဒီစာတွေကို စစ်သားတစ်ယောက် ရေးခဲ့ပါတယ်။ အတိအကျ ပြောရရင်တော့ ကချင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်သား တစ်ယောက်ရေးခဲ့တဲ့ ဒိုင်ယာရီက စာသားတွေပါပဲ။
သူ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ခဲ့တယ်။ သူ စားစရာ မရှိတဲ့ဘ၀ကို ရင်ဆိုင်ခဲ့ရတယ်။ သူနာဖျားချိန်မှာ ဆေးတပ်ဖွဲ့က ပေးတဲ့ စားဆေးလောက်နဲ့ သူကျန်းမာအောင် နေခဲ့တယ်။ သူဟာ သူ့ရဲ့ မိန်းမနဲ့မိသားစုကို အရမ်း ကို သတိရခဲ့ပါတယ်။

သူ့ရဲ့ ဟင်းတစ်ခွက်က တောထဲက ပေါက်တဲ့ မျစ်ကို အချဉ်လုပ်ပြီး စားခဲ့ရတယ်။ နှင်းဒဏ်တွေနဲ့ ကချင်တောင်တန်းရဲ့ ချမ်းစီးတဲ့ ဒဏ်တွေကို သူခံခဲ့ရတယ်။ စိုရွဲနေတဲ့ နှင်းစိုဝတ်တွေကို မီးကင်ပြီး ကျောပိုးအိတ် တစ်လုံးမှာ ပါသမျှ အ၀တ်အထည်တွေနဲ့ သူတိုင်းပြည်တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။

ပေ တစ်သောင်းကျော် တောင်ကုန်းကို သူတက်ခဲ့ရတယ်။ သူ ရသင့်တယ်လို့ ထင်ခဲ့တဲ့ ရိက္ခာတွေကို သူစားသုံး ခွင့် မရှိဘူး။ တာဝန်ပေး ခိုင်းစေချက်တွေကို သူမကျေနပ်ဘူး။ ဒါပေမယ့် သူအကုန်လုံးကို ထမ်းဆောင်ခဲ့တယ်။ နောက်တော့ သူ ဂရုဏာဒေါသောနဲ့ အားလုံးကို မကျေမနပ် ဖြစ်ခဲ့တယ်။
သူဒီလောက် အပင်ပန်းခံလုပ်နေတာတောင်မှ အရပ်ထဲမှာ အစိမ်းရောင်ကို မြင်လို့ အထင်သေးတဲ့ သူတွေကို သူ စိတ်တိုတယ်။ ဒီလောက် ပင်ပန်းဆင်းရဲတာကို ဒီအတိုင်း ကြည့်နေရမလားဆိုပြီး လူကြီးတွေကို အပြစ်ဆိုမိတယ်။ ငါ့သားတွေ ဘယ်တော့မှ စစ်ထဲ မ၀င်နဲ့လို့ သူရေးခဲ့တယ်။


တစ်နေ့မှာတော့ တိုင်းပြည် တာဝန်ထမ်းဆောင်ရင်း သူ့အသက်ကို ပေးခဲ့ရတယ်။ အောင်ပွဲဆိုတာကို သူမမြင် ခဲ့ဘူး။ ငြိမ်းချမ်းရေးဆိုတာ အတွက် အသက်ကို ပေးဆပ်ရင်း မကျေမနပ်ဖြစ်ခြင်းတွေနဲ့ သူဟာအခုထိ ကချင် တောင်တန်းတွေကြားမှာ ရှိချင်ရှိနေအုံးမှာပါ။From:[_ oppositeye_] (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

4 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

တိုင်းပြည်တာဝန်ထမ်းဆောင်၇င်းကျဆုံးသွာတဲ့ရဲဘော်တွေအားလုံးကိုဂုဏ်ယူလေးစာပါတယ်...ကောင်ရာမွန်ရာဘ၀ကိုရောက်ပါစေ

Anonymous said...

နဲတောင်နဲသေးတယ်

Anonymous said...

စာနာပါတယ်ဗျာ။နော်ပြီးကျေးဇူးလည်းတင်ပါတယ်။တရားသောစစ်အောင်မြင်ပါစေ။

Anonymous said...

ကိုယ်ချင်းစာပါတယ်ဗျာ မြန်မြန်ငြိမ်းချမ်းရေးရပါစေလို့လဲဆုတောင်းပါတယ်
တကယ်ဆိုကချင်လဲမြန်မာ ဗမာလဲမြန်မာပဲဖြစ်ရမှာ အခုတော့အမြင်မှားနေကြတယ်
ဘာကြောင့်ဒီလိုဖြစ်သလဲဆိုတော့ပြည်ပအင်အားကြီးကိုလိုနီ mediaြ၂ပြည်တွင်းသစ္စာဖောက်
mediaြ၃အကုသိုလ်ဂန်ရှောင်နဲ့ဂွမ်မော်

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ