Jan 11, 2013

မလေးရှား ရဲတပ်ဖွဲ့သည် ဘာသာရေးဂိုဏ်း ခေါင်းဆောင် တစ်ဦး၏ နေအိမ်အား ဝင်ရောက် စီးနင်းခဲ့ရာ လက်နက် အများ အပြားကို သိမ်းဆည်းရမိ

မလေးရှား ရဲတပ်ဖွဲ့ အနေဖြင့် ဘာသာရေး ဂိုဏ်း ခေါင်းဆောင် တစ်ဦး၏ နေအိမ်အား ဝင်ရောက် စီးနင်းခဲ့ပြီး လက်နက် အများ အပြားကို သိမ်းဆည်း ရမိခဲ့ကြောင်း ဇန်နဝါရီလ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အစီရင် ခံစာ တစ်ခုအရ သိရှိ ရပါသည်။ အစီရင်ခံစာတွင် ဖော်ပြထားချက် အရ အဆိုပါ ဘာသာရေး ဂိုဏ်း အနေဖြင့် လက်နက်ကိုင် တိုက်ခိုက်မှုများ ပြုလုပ်ရန် ပြင်ဆင် နေခြင်း ဖြစ်ကြောင်း ဖော်ပြ ထားပါသည်။ ထို့ပြင် မလေးရှား တောင်ပိုင်း ပြည်နယ် မလက္ကာမှ ရဲတပ်ဖွဲ့ သည်လည်း ဇန်နဝါရီလ ၅ ရက်နေ့က အသက် ၄၆ နှစ် အရွယ်ရှိ တစ်ကိုယ်တော် ဘာသာရေး ဂိုဏ်းခေါင်းဆောင် တစ်ဦးကို ဖမ်းဆီး ထိန်းသိမ်း ခဲ့ကြောင်း သိရှိ ရပါသည်။ ထိုသို့ ထိန်းသိမ်း ခဲ့ရာတွင် ၎င်း၏ နေအိမ်မှ ဓားရှည်များ၊ ပုဆိန်များ၊ ဓားမြှောင်များ၊ ရာပေါင်း များစွာသော လေးနှင့် မြားများ၊ မှိန်းများ၊ သေနတ်အတု အမျိုးမျိုး၊ ယမ်းထည့်သည့် ဗူး ၂၃ ဗူးတို့ကို သိမ်းဆည်း ရမိခဲ့သည်ဟု သတင်းစာတွင် ဖော်ပြထားကြောင်း သိရှိ ရပါသည်။


From:[_ရခိုင်လူမှုရေး အသင်း _] (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ