Jan 7, 2013

နာမည်ကြီး အထူးသင်တန်း

အကယ်၍ သင်သည် မြန်မာပြည်မှာ နာမည်ကြီးချင်ပါသလား၊ လွှတ်တော်အမတ်အဖြစ် ကျိန်းသေ အရွေးခံလိုပါသလား၊ အလွန်တော်သော လူငယ်နိုင်ငံရေးသမားဟု ကင်ပွန်တပ်ခံလိုပါသလား၊ အောက်ဖော်ပြပါ အချက်များကို လိုက်နာပါက ၃ လ မှ ၆ လ အတွင်း ကျိန်းသေ အောင်မြင်စေရမည်။ မည်သည့် ဗေဒင်ဆရာနှင့်မျှ မေးရန် ဓါတ်ရိုက်ဓါတ်ဆင်ပြုရန်မလို။

၁။ မည်သည့် ပုဒ်မှနှင့်မဆို ထောင်ကျဖူးလျှင်ပိုကောင်းသည် (ဆေးမှုနှင့် ထောင်ကျပြီးလည်း နိုင်ငံရေးမှုပြောင်း၍ လွတ်လာလျှင် နိုင်ငံရေးလုပ်လို့ ဖမ်းပါတယ်ဟု ပြောနိုင်ပါသည်)

၂။ ချက်ချင်းလက်ငင်း အမေ အမေ အမေ ဟု မိမိမွေးမိခင်မဟုတ်သည့် အခြားအမေတစ်ဦးကို တန်းတစွာဖြင့် ဘယ်နေရာရောက်ရောက် အော်ပေးပါ တစ်နေ့ အခါ ၃၀၀ အော်လျှင်ပိုကောင်းသည် (facebook ရောက်လည်း အော်ပါ လူပိုကြည်ညိုသည်)

၃။ မြန်မာအစိုးရ ဘာလုပ်လုပ် မတရားဘူး ပွင့်လင်းမြင်သာမှုမရှိဘူး ပတ်ဝန်းကျင်ထိခိုက်တယ်၊ အောက်ခြေလူတန်းစားကိုနှိပ်ကွပ်တယ် ဟုသာ များများအော်ပါ။

၎။ မြန်မာ့တပ်မတော် ဘာလုပ်လုပ် လူမျိုးတုန်းသတ်ဖြတ်နေပါတယ်။ ဂျီနီဗျာကွန်းဗန်းရှင်းကိုချိုးဖောက်တယ် (ဟုတ်လားမဟုတ်လား သိစရာမလို)၊ ထိုးစစ်ဆင်နေတယ်၊ ဒုက္ခသည်တွေကိုသတ်ပစ်တယ် စသည်ဖြင့် များများအော်နိုင်ပါသည်။

၅။ လိုအပ်လျှင် Facebook တွင် အကောင့် ၃ ၄ ခု ဖွင့်၍ အော်နိုင်သလို မြို့တော်ခန်းမရှေ့တွင်လည်း (တစ်ခါတစ်လေ ရွှေတိဂုံဘုရားရှေ့နှင့် ရွှေဂုံတိုင်တွင်) ဆန္ဒပြ၀န်ဆောင်မှုပေးသော လူများနှင့်ပူးပေါင်းနိုင်ပါသည်။ (နေ့တွက်လည်းကိုက်သလို နာမည်ကြီးမည်၊ ထမင်းအလကားလည်း စားရပါသည်)

၆။ ထိုထက်ပိုနာမည်ကြီးလိုလျှင် တပ်မတော်အစိုးရကို အကြမ်းဖက်တိုက်ခိုက်နေသူများ၏ ဌာနချုပ်များသို့အလည်သွား၍ သူတို့ကျွေးတာစားခြင်း၊ သူတို့ပေးသော မိန်းကလေးငယ်များနှင့် ပျော်ပါးခြင်း၊ တပ်မတော်ကို ပစ်ခတ်နေသူများကို ဗီဒီယိုရိုက်ခြင်း ပြန်ရောက်လျှင် မိမိလုပ်ခဲ့သမျှကိုမေ့ထားကာ အင်တာနက်နှင့် လမ်းတကာ လူတကာလှည့်ပြီး တပ်မတော် မကောင်းကြောင်းပြောကြားနိုင်ပါသည်။

၇။ အကြမ်းဖက်သမားများကို လူကောင်းဟု တသက်လုံးမှတ်ယူပြီး ချစ်ခင်ပါက သင်ကောင်းစားနိုင်ပါသည်။

၈။ မည်သည့်နေရာတွင်ဖြစ်စေ သမာသမတ်ကျကျ သုံးသပ်သည့်သူကို တွေ့ပါက မိုးမွှန်အောင်ဆဲဆိုပြီး သူရဲကောင်းလုပ်နိုင်ပါသည်။ အစိုးရမကောင်းပြောသည်နှင့် လူအများက သင့်ကို ကောင်းချီးပေးပါလိမ့်မည်။

၉။ မိမိက ဒီမိုကရေစီကို ချစ်မြတ်နိုးသူဟု အမြဲလူကြားအောင်အော်၍ အစိုးရနှင့်ပတ်သက်သမျှ အစိုးရကိုကြားချဝေဖန်သူပါမကျန် ဆဲဆိုကာ မိမိအလှည့်ကျလျှင် ဝေဖန်သူမှန်သမျှကို block လုပ်ခြင်း comment ကို ဖျက်ပစ်ခြင်းများ ဆောင်ရွက်ပေးပါ။

၁၀။ အစိုးရသတင်းမှန်လျှင် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အချိန်မရွေး ဆင်ကို လိပ် ကြံပိုးကို ကြံ့ဖြစ်အောင် ရေးသားပါ။ (ဥပမာ စစ်ဆေးမှ ဗိုလ်လောင်းများ assignment လုပ်နေသည်ကို တပ်မတော်မှ စစ်ဗိုလ်ဝါဒဖြန့်သမားများဟုလည်း သုံးစွဲနိုင်ပါသည်)။

၁၁။ comment များတွင်လည်း အစိုးရအကြောင်း တပ်မတော်အကြောင်း ချီးမွန်းခန်းဖွင့်ထားသူကိုတွေ့ပါက မင်းနိုင်ငံရေးဘယ်လောက်နားလည်လို့လည်း၊ မင်းဘယ်လောက်တတ်လို့လဲ၊ မင်းငယ်ပါသေးတယ်၊ ငါတို့က ဘယ်နှနှစ်ခံရတာစသည်ဖြင့် ကိုယ်မမွေးသေးသော ခုနှစ်များ လိုအပ်လျှင် လွတ်လပ်ရေးမရခင်ကတည်းကခုနှစ်များပါ ထည့်ပြောလျှင် ပိုကောင်းပါသည်။)

၁၂။ မည်သည့် စစ်လက်နက်များ စစ်ဗျူဟာများမှ သိစရာမလိုပါ မည်သည်ဟယ်လီကော့ပတာမဆို တိုက်ခိုက်ရေးရဟတ်ယာဉ်ဟု အမည်ထည့်ပါ သူများနိုင်ငံမှပျံသန်းနေသော ရဟတ်ယာဉ်ပုံများ လေယာဉ်များကိုလည်း photoshop နှင့် ပြုပြင်ပြီး မလိုအပ်လျှင်လည်း မပြင်ပဲ ရုပ်တည်ဖြင့် ထိုးစစ်တိုက်ခိုက်ပုံ ဒုံးပစ်နေပုံဟု ရေးနိုင်ပါသည်။ flares ကျဲချနေသည်ကို တွေ့လျှင်လည်း ဟုတ်သော်ရှိ ဒုံးပစ်နေပုံဟုရေးလျှင် လူများ ပိုစိတ်ဝင်စားပါသည်။

၁၃။ မကြာခဏ ခနဲ့နိုင်ပါသည်။ သင်များများ အစိုးရကို ခနဲ့နိုင်လေ သင်အောင်မြင်လေဖြစ်ပါသည်။ လူအများသည် ခနဲ့ခြင်းကို ကြိုက်ပါသည်။ သင်ပိုမိုကြိုးစားလျှင် ပရိတ်သတ်ပေးသော နံပါတ် ၁ ဖြစ်နိုင်ပါသေးသည်။

၁၄။ မိမိမကျေနပ်သော ပါတီမှ အဖွဲ့ဝင်တစ်ဦး ဥပဒေချိုးဖောက်လျှင် ဒါပါတီကချိုးဖောက်တာ အစိုးရကချိုးဖောက်တာဟု အစဉ်အော်ပြီး မိမိအားပေးသော ပါတီမှ အဖွဲ့ဝင် ဥပဒေချိုးဖောက်လျှင် (ဥပမာ မဒိန်းကျင့်လျှင်) ဒါက သူ့ကိစ္စ ပါတီနဲ့မဆိုင်ဘူးဟု အမြဲယူဆနိုင်ပါသည်။

၁၅။ သင် ၁၀ တန်းအောင်ရန် သို့မဟုတ် သင်တက်နေသောကျောင်းတွင် အမှတ်ကောင်းရန်မလိုပါ။ အစိုးရမကောင်းဘူးနှင့် သင်ယောကျာ်းဖြစ်ပါစေဦး ထမီစကို ပတ်ထားနိုင်လျှင် သူရဲကောင်းဖြစ်နိုင်ပါသည်။ မိမိအားပေးသူပါတီခေါင်းဆောင်တစ်ဦး မိန့်ခွန်းပြောကြားစဉ် အရက်မူးသမားရုပ်နှင့် စင်ပေါ်တက်ပါကလည်း အောက်က ပရိတ်သတ်များက အမေ အမေ အမေ ဟု အော်ကာ သင့်အား ကောင်းချီးပေးပါလိမ့်မည်။

အထက်ပါသင်တန်းများအား မိမိကိုယ်တိုင် လေ့ကျင့်ခြင်းဖြင့် သင်၏ နိုင်ငံရေး အောင်မြင်ကျော်ကြားမှုကို ထိန်းသိမ်းနိုင်ပါသည်။

From:[_ ဝေဟင်ချစ်သူ//www.facebook.com/theuseofforc_]
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

6 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ကိုကျောက် တစ်ခုကျန်နေတယ်ဗျ။

လက်ရှိတရားစီရင်ရေးစနစ်နဲ့ တရားသူကြီးတွေကိုလည်း

ပက်ပက်စက်စက်ဝေဖန်ဖို့ ကျန်နေသေးတယ်လေ။

one of myanmar said...

ko kyaut khae,our tatmataw shall destroyed kia leaders because they will use money poor medias and we will late national power.

one of myanmar said...

kia leaders will call their god father yu ,n c/n.

Anonymous said...

သူများကိုအုပ်ချုပ်ချင်သလား ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ပါဦး
ငါ့သောက်ကျင့်ဘယ်လောက်ကောင်းသလဲလို့ တစ်နိုင်ငံလုံးကလူငယ်တွေလဲဘိန်းစား
လေးတွေဖြစ်ကုန်ပါဦးမယ်ကွာကြည့်လုပ်ကြည့်လုပ်

Anonymous said...

Carry on,Bravo.You are representing my heartfelt feelings and wishing many more to come like you who saw reality and hypocrite.

Anonymous said...

ကောငါးတယါ

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ