Jan 12, 2013

KIA တပ်မဟာ(၅)၊ တပ်ရင်း(၉)မှ အင်အား ၃၅ ယောက် လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်

KIA တပ်မဟာ(၅)၊ တပ်ရင်း(၉)မှ ဒုတိယ တပ်ရင်းမှူး လရိန် ဦးစီး အင်အား ၃၅ ဦး သည် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၁ ရက်နေ့ နံနက် ၀၈၃၀ ချိန်ခန့်တွင် တပ်မဟာ(၅) နယ်မြေ အတွင်း၊ ဘန်တောင် ကျေးရွာ အနီးရှိ တပ်မတော် စခန်းတစ်ခု၌ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ် ၀င်ရောက်ခဲ့ကြောင်း သိရှိရသည်။

၎င်းတို့နှင့် အတူ အမ်-၂၂ သေနတ် ၂၈ လက်၊ ကျည်အိမ်(၃၀)ခု၊ ၄င်းကျည် ၂၈၀၉ တောင့်၊ အမ် ၂၁ သေနတ် ၇ လက်၊ ကျည်အိမ် ၁၀ ခု၊ ၄င်းကျည် ၁၂၀၀ တောင့်၊ တရုတ်လက်ပစ်ဗုံး ၃၇ လုံး၊ မှန်ပြောင်း (BOSMA) ၂ လက်၊ အိုင်ကွန်အထိုင်စက် ၁ လုံး၊ Kenwood လမ်းလျှောက် စကားပြောစက် ၃ လုံး၊ ရီမုကွန်ထရိုးမိုင်း ၅ လုံး၊ လျှပ်စစ် ဒစ်တိုနေတာ ၅ ခု ပါရှိခဲ့ကြောင်း သိရှိရသည်။


အဆိုပါ အဖွဲ့၏ ပြောကြားချက်အရ အဖွဲ့အတွင်း အာဏာပြိုင်မှုများကြောင့် လည်းကောင်း၊ နိုင်ငံတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပြီး နိုင်ငံတော် တိုးတက်ရေးနှင့် ၄င်းတို့ဒေသ တိုးတက် ဖွံ့ဖြိုးရေးအတွက် လည်းကောင်း၊ ဒေသတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေမည် ကို မလိုလား၍ လည်းကောင်း၊ ကချင် ပြည်နယ် အတွင်းမှ တိုင်းရင်းသားတွေ အားလုံး စားဝတ်နေရေး ၊ ပညာရေး ၊ ကျန်းမာရေး ပြဿနာတွေ ၊ သေကြေ ပျက်စီးမှု ဒုက္ခတွေကို ခံစား နေကြရသည်ကို မကြည့်ရက်တော့ သောကြောင့်လည်းကောင်း ယခုလို ခွဲထွက်၍ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။
From:[_ OE_]
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

5 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

အရမ်းကောင်းပါတယ်ဗျာ ကိုယ့်အချင်းချင်းတွေပဲ
ြိငိမ်းချမ်းရေးရရမှာပေါ့ တပ်မတော်ကလဲခင်ဗျားတို့ကိုအမြဲ
တမ်းကြိုဆိုနေမှာပါ ညီအကိုချင်းနာကျင်ခြင်းအမြန်ဆုံးအဆုံးသတ်ပါစေ

Anonymous said...

အရမ်းဝမ်းသာတယ်ဗျာ..

Anonymous said...

ကိုကျောက်ခဲရေ....
ကေအိုင်အေတွေနဲ့မြန်မာတွေစစ်ပွဲမဖြစ်ဖြစ်အောင်လုပ်တဲ့သူတစ်ဦးရှိနေတယ်။ သူကတော့ကျောက်မျက်သူဌေးတစ်ဦးဖြစ်တယ်။သူကအေအိုင်အေတွေကိုအမြဲတမ်းလိုလိုပံပိုးတာ။ဘာကြောင့်လိုတော့မသိဘူးဗျ။ကျွန်မကတော့ကိုကျောက်ခဲကိုစုံစမ်းစေလိုတယ်။ကြားရတာတော့သူဟာတော်တော်စိုးမဲ့ပုံပဲ။သူဆီမှာအလုပ်လုပ်တဲ့သူတွေအတွက်တော့ရင်လေးတယ်ဗျာ။အင်းလေ...ခေတ်ကာလမှမကောင်းဘဲကိုး။မနေချင်နေချင်နဲ့လည်းနေရတော့မှာပေါ့ဗျာ။သူက ထွန်းနိုင်အောင် ကျောက်မျက်က ဦးသန်းလွင်(ခ)ဖန်ရှောက်ကြောင်ဘဲ။ သူကတော့ မန်းလေးမှာနေပြီး သူ့တပည့်တွေကိုဘယ်သူမေးမေးတရုတ်ပြည် သွားတယ်လို့ဘဲပြောခိုင်းတယ်ဆိုဘဲ။ စုံစမ်းစေလိုပါတယ်။ မြန်မြန်ပြည်ဒီလို လူမျိုးလက်မှမြန်မြန်လွတ်နိုင်ပါစေ။

Anonymous said...

ကိုကျောက်ခဲရေ...

Anonymous said...

ဝမ်းသာပါတယ်။
ဒါမျိုးတွေများများဖြစ်ပါစေ။များများကြုံပါစေ။
သြော်ဒါနဲ့ ကိုကျောက်ခဲ...စကားမစပ်
ကျောက်မျက်သူဌေးတစ်ယောက်ကေအိုင်အေတွေနဲ့မြန်မာတွေစစ်မဖြစ်ဖြစ်အောင်ဖန်တီးနေတယ်ဆိုပဲ။ ဒါကိုစုံစမ်းပြီးအဖြေတစ်ခုလောက်ထုတ်ပေးစေချင်တယ်။
သူက ထွန်းနိုင်အောင် ကျောက်မျက်က သူဌေး သန်းလွင်(ခ)ဖန်ရှောက်ကြောင် ဆိုပဲ။
အေအိုင်အေတွေအတွက်နောက်ခံတံတိုင်းဆိုလဲမမှားပါဘူး။
ပြီးတော့သူမန်းလေးမှာနေပြီးသူများကိုနိုင်ငံခြားထွက်နေတယ်လို့လဲသတင်း
လွင့်ထားသေးတယ်။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ