Jan 8, 2013

လိုင်ဇာနားက စိုးမိုးကုန်းကို တပ်ခွဲမှူးဗိုလ်ကြီးတစ်ဦး အသက်နဲ့ရင်းပြီး သိမ်းနိုင်ခဲ့တဲ့ ခလရ ၁၀၁ အောင်မြင်မှူ

(ကျောက်ကြီး )ခလရ ၁၀၁ လိုင်ဇာနားက စိုးမိုးကုန်းကို သိမ်းနိုင်ခဲ့ပါပြီ ။ စိုးမိုးကုန်းက အမြင့်ဆုံးတောင်ကုန်းပါ ။ အများကြီးရင်းခဲ့ရပါတယ် ။ ဒုရင်းမှူးပါ ဒဏ်ရာရတယ် ။ နောက်တန်းပြန်ဆွဲပေါ့ ။ နောက်တပ်ခွဲဗိုလ်ကြီးဦးဆောင်ပြီး တိုက်တယ် ။ တောင်ကုန်းရတယ် ။ ဗိုလ်ကြီးကျတယ် ။ အမြဲပြုံးနေပြီး ခပ်ပေပေနေတတ်သူ ။ ၄၆ဆင်းက ။ မိန်းမနဲ့ ဆယ်လသားကလေးလေး ကျန်ခဲ့တယ် ။ ကျောက်ကြီးက KNUဂွင်နယ်ကပါ ။ KNUနဲ့ ငြိမ်းချမ်းရေးရပြီဆိုပြီး ကျနော်တွေးမိသေးတယ် ။ သြော်ဗိုလ်ကြီးတော့ အေးဆေးပြီပေါ့လို့ ။ ခုတော့ ဒီကချင်မှာတိုက်ရပြီး ကျတယ် ။ ဒါပါပဲ . . လူကြီးတွေ စားပွဲဝိုင်းမှာ စကားပြောတယ် . . လူငယ်တွေသေရတယ် . . စစ်စစ် . . ငြိမ်းချမ်းရေး အလိုချင်ဆုံးက စစ်သားတွေပါ အကိုကြီး ကောင်းရာသုဂတိပါစေ ။


 From:[_Okkar Shwe Win _] (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

24 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

အကိုကြီး ကောင်းရာသုဂတိပါစေ ။

Shancherry said...

အရမ်းကို ကိုယ်ချင်းစာပါတယ်. ကျဆုံးသွားတဲ့ တပ်မတော်သားတွေ ကောင်းရာသုဂတိ လားပါစေလို့ ဆုတောင်းပေးပါတယ်.

Anonymous said...

စိတ်မကောင်းပါဘူး...တကယ်ပါ

မြစ်ကြီးနားသား။

Anonymous said...

တရားသောစစ်ပါ ငြိမ်းချမ်ရေးဆိုတာ လက်နက်နဲ့လဲမယူရင် အကုန်လံုး ပြန်စစ်တိုက်ကြမှာပေါ့

Anonymous said...

ကျဆုံးမြန်မာ့တပ်မတော်သားတွေ ခင်ဗျားတို့ဟာကျွန်တော်တို့ရဲ့သူရဲကောင်းတွေပါ ကောင်းရာမွန်ရာရောက်ပါစေ။

Anonymous said...

ဝမ်းနည်းပါတယ်ဗျာ
ဂုဏ်လည်းယူပါတယ်
ကောင်းတဲ့မြင့်မြတ်တဲ့ဘုံကို
ရောက်ပါစေ

မောင်မှန် said...

``ရဲသော်မသေ..သေသော်ငရဲမလား´´ တဲ့။ အမိမြေငြိမ်း ချမ်းစေဘို့ အသက်စွန့်သွားတဲ့ တပ်မတော်သားတွေအ တွက်တပ်မတော်က ပေးထားတဲ့ ဆောင်ပုဒ်ပါ။ ကျန်ရစ် သူမိသားစုဝင်တွေအတွက်တော့ တကယ်စိတ်မကောင်း ပါဘူး။ ဒါပေမယ့် တပ်မတော်ကို စော်ကားခဲ့တဲ့ KIA ကို တပ်မတော်ရဲ့အကြောင်း ကောင်းကောင်းကြီးသိသွား အောင် သူရသတ္တိပြနိုင်ခဲ့တဲ့အတွက် ကျေနပ်တယ်။

Anonymous said...

တာဝန်ကျေပွန်ပါတယ်.လေးစားပါတယ်ရဲဘော်တို

Anonymous said...

သူငယ်ချင်း ဂုဏ်ယူပါတယ် တိုင်းပြည်အတွက် တရားသောစစ်ကိုဆင်နွှဲပြီး အသက်စွန့်ခဲ့ရလို့ ငါတို့ Intake အတွက်မင်းက သူရဲကောင်း ပါ မင်းနဲ့ငါက ကျောင်းဆင်းပြီးကတည်းက မဆုံဖြစ်ခဲ့ကြဘူးကွာ မှူးဗက ထွက်တော့ Intake Book ကိုကြည့်ပြီး မင်း BC နဲ့ဆိုပါမှာကွ ဆိုပြီး ပျော်နေခဲ့သေးတာ ရဲဘော် ကောင်းရာသုဂတိလားပါစေ....
{ဗိုလ် (ငြိမ်း)- ကုလား}

တောသားကြီး said...

စစ်ခွေးတွေလို့ အော်နေတဲ့ လူတွေ တွေ့နိုင် မြင်နိုင် ကြား နိုင်ကြပါစေ။
ဘယ်သူတွေ ရင်း ရဲပါသလဲ,?မေးကြည့် ပါရစေ။

Anonymous said...

လေးစာပါတယ်. ရဲသော်မသေ. သေသော် ငရဲမလားပေါ့

KoKoYe said...

ကျွန်တော်တို့ရဲ့ ၁၀၁ ကဆိုတော့လုံးဝစိတ်မကောင်းဘူး

Anonymous said...

လေးစားပါတယ်အကိုကြီး ဗလ တုန်းကျွန်တော်တို.တပ်ခွဲမှုးအကို.ကိုအမြဲသတိရနေမှာပါ ကောင်းရာသုဂတိလားပါစေ

Anonymous said...

အစ်ကိုကြီး ကျဆုံးမှုအတွက် မိသားစုနဲ့အတူ ထပ်တူထပ်မျှ ၀မ်းနည်းရပါတယ်
အစ်ကိုကြီး ကောင်းရာသုဂတိလားပါစေလို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်

(၄၉) အပတ်စဉ်ညီငယ်များ

Anonymous said...

good job for nationality, but for ur family.....

Anonymous said...

လေးစားပါတယ် တာဝန်ကျေပါတယ် ပြောနေယုံနဲ့မပြီးဘူး သူတို့မိသားစုဝင်တွေရဲ့ရှေ့ရေးကိုလဲ
တာဝန်ယူပေးရမယ် မိုင်းထိစစ်သားသူတောင်းစားလို့သူများပြောရင်ဘယ်လောက်အသည်းနာ
စရာကောင်းလဲ တပ်မတော်ဟာအဲဒီလိုမျက်နှာလွှဲခဲပစ်မလုပ်လောက်ဘူးလို့ယုံကြည်ပါတယ်
သူများတွေပြောတာမဟုတ်ပါစေနဲ့လို့လဲဆုတောင်းပါတယ် အားလုံးကျေးဇူးပါ

Anonymous said...

ဘယ်သူတွေ ဘာပဲပြောပြော သမိုင်းတခုကသာဆုံးဖြတ်

ပေးသွားမှာပါ ဂုဏ်ယူလေစားလျှက်ပါ........

Anonymous said...

စိတ်တော့မကောင်းပါဘူး။ ဒါပေမယ့် လူပဲဗျာ တနေ့သေရမှာပဲ။ အသက်ကြီးပြီး သေရမှာထက် အခုလို တိုင်းပြည်အတွက်သေသွားရတာမျိုးက ပိုပြီးတော့ မွန်မြတ်တယ်လို့ ယူဆတဲ့ အတွက် သူ့အတွက် ဂုဏ်ယူပါတယ်။

Anonymous said...

ကျသွားတဲ့ ဗိုလ်ကြီး အမည် က ကျော်စွာလှိုင် လားမသိဘူး? ကျနော်နဲ့ ကျောင်းနေဖက် ငယ်သူငယ်ချင်း ဗိုလ်ကြီး ဒီဇင်ဘာလထဲမှာ ကျသွားတယ်လို့ ကြားလိုက်လို့ပါ။ ဘာပဲဖြစ်ဖြစ် အရမ်းစိတ်မကောင်းပါဘူး။ တိုင်းပြည်အတွက် အသက်စွန့်သွားတဲ့ စစ်သားကောင်း ကောင်းရာသုဂတိလားပါစေ။

မောင်မှိုင်း said...

ဘယ်သူတွေမကောင်းပြောပြောဒီလူတွေကတော့နိုင်ငံကိုအသက်ပေးကာကွယ်နေတယ်ဆိုတာငြင်းလို့မရပါဘူး။

Anonymous said...

မျက် လုံး နဲ့ တပ် အပ် မြင် ဘူး လိုက် တဲ့ သူ့ ဇ နီး နဲ့ က လေး လေး ကြား သိ လိုက် ရ တော့ အရမ်း ကို ရင် နင့် ရ ပါ တယ် တပ် မ တော် သား တွေ ရဲ့ ဘ ဝ ကို နား လည် ပေး ကြ နိုင် ပါ စေ။ (စိတ် မ ကောင်း ပါ ဘူး ညီ မ လေး)

ခင်မိုးသူ said...

အင်းးးးး.တစ်ယောက်တော့တာဝန်ထမ်းဆောင်ရင် ကျဆုံးသွားရပြန်ပြီး..ကျန်ရစ်ခဲ့တဲ့ ညီမငယ်လေးနဲ့ကလေးအတွက် အရမ်းစိတ်မကောင်းဖြစ်ရပါတယ်.. ကိုယ့်တိုင်လည်း ရင်တထိတ်ထိတ်နဲ့နေရတဲ့ဘ၀ဆိုတော့.. ရှေ့တန်းရောက် ရဲဘော်၊စစ်သားအရာရှိအားလုံး ကျန်းကျန်းမာမာနဲ့ မိသားစုရင်ခွင်ဆီ အမြန်ဆုံးပြန်လာနိုင်ပါစေလို့ ဆုတောင်းလျှက်ပါ..

Unknown said...

ထပ်တူထပ်မျှဝမ်းနည်းရပါတယ်

Anonymous said...

နောင်တော်စစ်သည်များတို့  တိုင်းပြည်အတွက် တိုက်ခိုက်နှင့်ကြ......နောင်တော်စစ်သည်များတို့  တိုင်းပြည်အတွက် တိုက်ခိုက်နှင့်ကြ......ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်ကြ.......ဒီသီချင်းလေးကို ကြားနေမိတယ်....ကိုကြီးကိုကြီး အတွက်ဂုဏ်ယူပါတယ်.....လေးစားပါတယ်။အပတ်စဉ်(၄၈)မှ ညီငယ်များ

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ