Oct 14, 2013

အခမဲ့ဆေးခန်းကိုသာရောက်အောင်လာခဲ့ပါ


ဟင်္သာတမြို့နယ် ၊ လယ်တီကွင်းရပ်ကွက် ၊မေဃ၀တီကျောင်းတိုက်အတွင်း၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် မေဃ၀တီဆရာတော်မှူးပြုသည့် “မေတ္တာရေစင်” အခမဲ့ဆေးကုခန်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုအသင်းဖွင့်ပွဲအခမ်းအနားကို (၁၂-၉-၂၀၁၃)ရက် ၊နံနက်
(၁၀း၀၀)နာရီအချိန်တွင်ဟင်္သာတမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်-ဦးညွန့်လှိုင်၊ခရိုင်အုပ်ချုပ်ရေးမှူး-ဦးစန်းဌေးနှင့်ရန်ကုန်ရောက်ဟင်္သာတအသင်းမှဦးလှသိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
             
အခမ်းအနားဒုတိယပိုင်းဆက်လက်ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယက မေဃ၀တီ ဆရာတော်မှသြ၀ါဒကထာချီးမြင့်တော်မူပြီး၊ခရိုင်အုပ်ချုပ်ရေးမှူး-ဦးစန်းဌေးမှအမှာစကားပြောကြားကာ အသင်းဥက္ကဌလယ်တီကွင်းရပ်ကွက်အုပ်ချုပ်ရေးမှူး-ဦးကျော်ထူးမှအသင်းကြီး၏ ရည်ရွယ်ချက်နှင့်ရှေးလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။ဆက်လက်၍ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် - ဒေါက်တာသိမ်းစိုးဦးဆောင်သော ဆရာဝန်(၅)ဦးနှင့်တိုင်းရင်းသ္မားတော်(၂)ဦး
တို့မှ လူနာ(၂၀၀)ဦးတို့အားအခမဲ့ဆေးကုသမှုများပြုလုပ်ခဲ့ပြီး၊၄င်းအခမဲ့ဆေးခန်းကို တစ်ပါတ်လျှင် တစ်ကြိမ်-ကြာသပတေးနေ့တိုင်းဖွင့်လှစ်ကုသပေးမည်ဖြစ်ကြောင်းသတင်းရရှိသည်။

မောင်ဟင်္သာ(ဟင်္သာတ)
အမည်                         - ဦးသန်းအောင်
ကလောင်အမည်          -မောင်ဟင်္သာ
မှတ်ပုံတင်အမှတ်          -၁၄/ဟသတ(နိုင်)၀၄၁၂၁၅
နေရပ်လိပ်စာ                -အမှတ်(၃၃)၊နတ်မော်ရွာအလယ်လမ်း၊ဟင်္သာတမြို့။
ဖုန်းနံပါတ်                     -09/8581094

(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ