ရုရှားပစိဖိတ်ရေတပ်မှ အထူးစစ်ဆင်ရေးတပ်ဖွဲ့ တစ်ဖွဲ့သည် ဆိုမာလီနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်၌ ပင်လယ်ဓားပြတိုက်ဖျက်ရေး အထူးတာဝန်တစ်ရပ်ကိုထမ်းဆောင်ရန် ထွက်ခွာသွားပြီဖြစ်ကြောင်း အဆိုပါရေတပ်၏ ပြောရေးဆိုခွင့်ရှိသူကနိုဝင်ဘာ ၃ရက်တွင် ပြောကြားသည်။
ရုရှားဖျက်သဘောင်္ маршал шапошников(မာရ်ရှာ ရှာပိုရှညီကော့ဗ်) |
ရုရှားပစိဖိတ်ရေတပ်၏ အထူးစစ်ဆင်ရေးတပ်ဖွဲ့သည်အိန္ဒိယနိုင်ငံ မွမ်ဘိုင်းပင်လယ်ဆိပ်ကမ်းသို့ ရောက်ရှိမည်ဖြစ်ပြီးအေဒင်ပင်လယ်ကွေ့သို့ဦးတည်ရာ ရေလမ်းကြောင်းတွင် အိန္ဒိယရေတပ်နှင့်အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်သည်။
ရုရှားအထူးစစ်ဆင်ရေးတပ်ဖွဲ့၏ ဦးဆောင်စစ်သင်္ဘောမှာအူဒါလွိုင်းအမျိုးအစား ဖျက်သင်္ဘော မာရ်ရှာ ရှာပိုရှညီကော့ဗ်ဖြစ်ပြီး ယင်းတပ်ဖွဲ့တွင် ရေနံတင်သင်္ဘောတစ်စင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းသုံး ဆွဲသင်္ဘောတစ်စင်းတို့လည်း ပါဝင်သည်။
ကေအေ ၂၇ ကယ်ဆယ်ရေး ရဟတ်ယာဉ် |
မာရ်ရှာ ရှာပိုရှညီကော့ဗ် ဖျက်သင်္ဘောပေါ်တွင် ကေအေ-၂၇အမျိုးအစား ရဟတ်ယာဉ်နှစ်စင်းပါရှိပြီး ရေတပ် တပ်ဖွဲ့တစ်ဖွဲ့လိုက်ပါကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်ပါတယ်။
(မောင်ကျောက်ခဲ အဖွဲ့)
____________________________________________________________________
0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။