Nov 4, 2012

ဆမ်ဆောင်းဂလက်စီမီနီဟန်းဆက် ကျပ် ၅၀၀၀ နှင့် မရောင်းဖြစ်သောကြောင့် လူကြီးမင်းဖုန်းဆိုင်နှင့် ၀ယ်သူများအကြားပြဿနာဖြစ်

From:...7 Days..
လူကြီးမင်းမိုဘိုင်းဝန်ဆောင်မှုလုပ်ငန်းက ကျပ်တစ်သိန်းကျော်ဝန်းကျင်ရှိ ဆမ်ဆောင်းဂလက်စီမီနီဟန်းဆက်များအား တစ်လုံးလျှင် ကျပ်ငါးထောင်ဖြင့် ၄င်းတို့၏ ဆိုင်ခွဲ ၁၁ ဆိုင်လုံး၌ ယနေ့ ရောင်းချပေးမည့်အစီအစဉ်သည် ထောင်ချီသောလူအုပ်ကြီးကို တိုကင်နံပါတ်များ စေ့ငှအောင် မဝေငှပေးနိုင်ခြင်းကြောင့် ဖျက်သိမ်းလိုက်ရကြောင်း ယင်းလုပ်ငန်း၏ မန်နေဂျာတစ်ဦးဖြစ်သူကပြောသည်။

 လူကြီးမင်းမိုဘိုင်းသည် ၄င်းတို့၏ ယခုအစီအစဉ်ကို အထက်ပါအတိုင်း တရားဝင် ကြေညာခဲ့ခြင်းဖြစ်သဖြင့် ကျပ်ငါးထောင်တည်းနှင့် ဆမ်ဆောင်းဂလက်စီမီနီဖုန်းကို ရယူလိုသူများသည် ရန်ကုန်မြို့ရှိ ဆိုင်ခွဲခုနစ်ဆိုင်လုံးတွင် ထောင်နှင့်ချီသည်အထိ ဖြစ်သွားခဲ့သည်။ "ဆိုင်ဖက်ကလည်း အစီအစဉ်ကို စနစ်တကျနဲ့လုပ်ဖို့လိုတယ်။ ဈေးကွက်မှာက ပရိုမိုးရှင်းအတွက် တစ်ခုခုကို စမ်းသပ်ကြည့်မယ်ဆို အစကတည်းက သေချာမစီစဉ်ထားရင် မနိုင်မနင်းဖြစ်တတ်တယ်။ အခု လူအုပ်ထဲမှာ အခြေခံလူတန်းစားတွေပါနိုင်ပြီး တစ်အိမ်ကို မိသားစုလိုက် လာကံစမ်းနိုင်တယ်။ သူတို့သာပေါက်သွားခဲ့ရင် ပြန်ရောင်းဖို့ကများတယ်။ ဒါတွေကို အစကတည်းက စိစစ်ထားရမှာ။ လူတွေအနေနဲ့လည်း မကျေနပ်ရင် ဖျက်ဆီးမယ်ဆိုတဲ့ စိတ်တွေ မရှိဖို့လိုတယ်"ဟု ရန်ကုန်အခြေစိုက် ကွန်ပျူတာနှင့် မိုဘိုင်းဖုန်းလုပ်ငန်းတစ်ခုမှ ဒုတိယအထွေထွေမန်နေဂျာတစ်ဦးက သုံးသပ်သည်။
 အဆိုပါ မိုဘိုင်းဖုန်းဆိုင်များမှ ၄င်းတို့သတ်မှတ်ထားသော ယနေ့နံနက် ၈ နာရီ မိနစ် ၃၀ တွင် ဆိုင်ရှေ့အသီးသီးသို့ ရောက်ရှိစောင့်ဆိုင်းနေကြသည့် လူအုပ်ကြီးကို ကံစမ်းနိုင်ရန်တိုကင်နံပါတ်ပြားများ စတင်ဝေငှခဲ့ပြီး တိုကင်နံပါတ်ပြားများမှာ စောင့်ဆိုင်းနေသူအရေအတွက်နှင့် မမျှတရာမှတစ်ဆင့် တိုကင်မရရှိသူများ၏ မကျေနပ်ချက်များမှ စတင်ခဲ့ခြင်းဖြစ်သည်ဟု ယင်းနေရာအချို့တွင် ရောက်ရှိနေကြသည့် ရန်ကုန်မြို့ခံအချို့ထံမှ သိရသည်။ မြန်မာတစ်နိုင်ငံလုံးရှိ လူကြီးမင်းဖုန်းဆိုင်ခွဲ ၁၁ ဆိုင်လုံးတွင် အဆိုပါဖုန်း အလုံးတစ်ရာကျော်ကို ကံစမ်းမဲဖြင့် မဲဖောက်ရောင်းချပေးမည့် အစီအစဉ်သည် ရန်ကုန်မြို့ရှိ ဆိုင်ခွဲခုနစ်ဆိုင်လုံးတွင် ပျက်ပြယ်သွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ထိုပြဿနာအား ရဲဝန်ထမ်းများက ဝင်ရောက်ဖြန်ဖြေပေးခဲ့ရပြီး လူအုပ်ကြီးထဲမှ ဝန်ထမ်းများကို ခဲများဖြင့် ပစ်ပေါက်ကြသူများနှင့် ဆိုင်များကို အရာဝတ္ထုများဖြင့် ပစ်ပေါက်ကြသူများရှိခဲ့သဖြင့် ၀န်ထမ်းအချို့ထိခိုက်ဒဏ်ရာ အနည်းငယ်ရခဲ့ကာ ရန်ကုန်မြို့ရှိ ဆိုင်ခွဲအများစု ပျက်စီးခဲ့ရကြောင်း လူကြီးမင်းမိုဘိုင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။



 အားပေးသူများကို ကျေးဇူးတုံ့ပြန်ရန်အတွက် ယခုကဲ့သို့ ပြုလုပ်မည့်အစီအစဉ် ပျက်သွားခဲ့ရခြင်းအတွက် လူကြီးမင်းမိုဘိုင်းမှ လာရောက်အားပေးကြသူများကို တောင်းပန်ကြောင်းနှင့် မထင်မှတ်ပဲ ဖျက်သိမ်းလိုက်ရသော အစီအစဉ်ကို မည်ကဲ့သို့ ပြန်လည်စီစဉ်ပေးမည်ကို တာဝန်ရှိသူများက မဆုံးဖြတ်ရသေးကြောင်း ၄င်းကပြောသည်။

 လူကြီးမင်းမိုဘိုင်းသည် ယနေ့တွင် ၄င်းတို့၏ အားပေးသူများအတွက် ဆမ်ဆောင်းဂလက်စီမီနီ အလုံး ၁၁၀ ကို တစ်ဆိုင်လျှင် ၁၀ လုံးကျစီဖြင့် တစ်နိုင်ငံလုံးရှိ ဆိုင်ခွဲပေါင်း ၁၁ ဆိုင်အတွက် ကျပ်ငါးထောင်တည်းဖြင့် ရောင်းချပေးမည့်အစီအစဉ်ကို ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်မှစတင်ကာ ကြေညာမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုအစီအစဉ်ကို စိတ်ဝင်စားကြသူများသည် လူကြီးမင်းမိုဘိုင်းဖုန်းဆိုင်များရှေ့တွင် နံနက် ၄ နာရီဝန်းကျင်မှ ရောက်ရှိနေခဲ့ကြခြင်းဖြစ်သည်။

 ယင်းအစီအစဉ်ကြောင့် ရန်ကုန်မြို့ရှိ ဆိုင်ခွဲများနှင့် အနီးတစ်ဝိုက်တွင် လမ်းများပိတ်ဆို့သည်အထိ ဖြစ်ပွားခဲ့ပြီး အချို့သောနေရာများတွင် လူကြီးမင်းမိုဘိုင်းဖုန်းဆိုင်များ၏ အဆိုပါကြော်ငြာဗီနိုင်းများ ပျက်စီးနေသည်ကို တွေ့ရှိရသည်ဟုလည်း ရန်ကုန်မြို့ခံအချို့ကပြောသည်။ (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ