Nov 10, 2012

ဂေါပကအဖွဲ့က ဆိုင်းဘုတ်ဖြုတ်လို့ ဒေါ်စု လေယာဉ်စီးလုံးငှားဖို့ ရန်ပုံငွေရှာပေးနေရတဲ့ NLD မုန့်ဟင်းခါးသည်များက ဂေါပကတွေကို တရားစွဲ

သရက်ခရိုင် ၊ အောင်လံမြို့ သိမ်ကုန်းဓမ္မာရုံ ဘုရားပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ရန်ပုံငွေအဖြစ် ဈေးရောင်းချရာတွင် NLDပါတီ ဆိုင်းဘုတ်အား ဘုရားဂေါပက အဖွဲ့က ဖြုတ်ချခဲ့သည့် အတွက် NLDပါတီက တရားစွဲဆိုလိုက်ကြောင်း ယင်းမြို့နယ် တရားရုံးထံမှ သိရသည်။


အောက်တိုဘာလ ၃ဝရက်နေ့တွင် အောင်လံ NLD ပါတီဝင်များ မုန့်ဟင်းခါးနှင့် ပါတီဝတ်စုံများ ရောင်းချနေစဉ် ဂေါပက အဖွဲ့များကဆိုင်းဘုတ်များကို ဖြုတ်ချခဲ့ခြင်းကြောင့် ချက်ပြုတ်ထားသော မုန့်များ မရောင်းရဘဲ ဆုံးရှုံးရခြင်း တို့ကြောင့် အောင်လံမြို့ NLD ပါတီညီလာခံ ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဦးရန်နောင်ထွန်း က တရားလို ပြုလုပ်၍ တရားရုံး ဦးတိုက် လျှောက်ထားခဲ့ကြောင်း သိရသည်။



(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ