Nov 4, 2012

ကေအိုင်အေကို တနိုင်ငံလုံးဆန္ဒပြရင်ပြ.မပြရင် စစ်တပ်က အပြုတ်တိုက်ဖို့ လိုပြီ

From:...ဖြိုးဖြိုး..
အစိုးရထိုးစစ်ဆိုတဲ့အကြောင်းနဲ့ ပတ်သတ်လို့ ကျွန်တော်သိသမျှကို အနည်းငယ် ရှင်းပြလိုပါတယ်။ KIO KIA မှာ အမှန်တကယ် တပ်စွဲထားသော စခန်းတွေဟာ သိပ်အများကြီးမဟုတ်ပါဘူး။ သူတို့ တပ်သားတွေအများစုက ရွားသားအဖြစ်နဲ့နေတယ် အစိုးရစစ်ကြောင်းတွေ ရေခပ်ဆင်းတာတို့ ရိက္ခာပို့တာတို့ရှိရင် ဖြတ်တိုက်တယ် ပစ်ပြေးတယ် အဲတော့ လိုက်ရှင်းလင်းရင် ရွားသားအဖြစ်ပြန်နေတယ် ပြီး အစိုးရကပစ်ရင် ရွာသားကိုပစ်ပါတယ် ရွာကို မီးရှို့တယ်စသင့် ပြည်ပမီဒီယာနဲ့ စွပ်စွဲတယ်။
တပ်မတော်အရာရှိတစ်ဦးပြောပြချက်အရ ဒီမိုင်းတွေဟာ ကိုက် ၆၀ အတွင်း ကြွက်တောင်ပြေးမလွတ်ဘူးလို့သိရပါတယ်။တပ်မတ်ာတပ်ရင်းတရင်းမှာတောင် ဆယ်လုံးကျော်ကျော်ပဲရှိတဲ့မိုင်းတွေဟာကေအိုင်အေရှေ့တန်းတပ်ခွဲတစ်ခွဲလက်ထဲမှာအလုံးရေရာနဲ့ချီပြီးရှိနေတာဟာ ဘယ်သူကဘာလဲဆိုတာ သက်သပြနေပါတယ်

 နောက်တစ်ခုက မြို့ပေါ်မှာပါ သူတို့လွှတ်ထားတဲ့ ထောက်လှမ်းရေးရှိတယ်။ အစိုးရထောက်လှမ်းရေးဆိုတာက ဖမ်းမိတယ်ဆိုရင် စစ်ဆေးတာတို့ လုပ်ရတာပေါ့။ သူတို့ထောက်လှမ်းရေးတွေက လူထုကိုလှုံ့ဆော်မယ် ပြီးရင် ဆန္ဒပြပွဲတွေလုပ်မယ် အစိုးရက တဖက်သတ် ပစ်သယောင်လုပ်မယ်။ အဲဒါက မြေပေါ်မြေအောက် ပူးပေါင်း စစ်ဆင်ရေးဗျူဟာကျင့်သုံးတာကို တွေ့ရပါတယ်။

 နောက် KIO KIA တပ်တွေအများကြီးမရှိပဲ များသောအားဖြင့် တောင်ကုန်းတွေ ဗျူဟာကုန်းတွေမှာ နေရာယူထားတာက တပ်မတော်စခန်းတွေဖြစ်တယ် အဲဒီစခန်းမှာရှိတဲ့အင်အားကို ရိက္ခာပို့ဖို့လိုလာတယ် ရိက္ခာပို့တဲ့အခါမှာ ပို့ရတဲ့လမ်းကြောင်းကို ပိတ်ပြီးတိုက်ခိုက်တယ် တံတားတွေဖျက်တယ် အဲတော့ လမ်းကြောင်းမရှိတော့ဘူး မရှိတော့ တောကြိုအုံကြားကနေ ပို့ရတယ် အဲဒီလမ်းကြောင်းတွေမှာက KIA တပ်တွေက အစဖြောက်နေတယ် သူတို့နဲ့ ထိတွေ့မှုဖြစ်တာနဲ့ ပစ်ပြီး ပြေးတာပဲ ပြီး အပေါ်မှာပြောခဲ့သလို ရွာသားယောင်ဆောင် ပြီးတာနဲ့ အစိုးရက စတင်ထိုးစစ်ဆင်ပါတယ်ပြော အဲတော့ ရိက္ခာမပို့ဘူးပဲဆိုပါစို့ တပ်စခန်းမှာရှိတဲ့သူတွေက ငတ်ပြတ်လာတယ် အဲဒီအချိန်မှာ စိတ်ဓါတ်ကျကုန်တယ် အဲတော့မှ KIA က အဲဒီစခန်းတွေကို လူအင်အားတွေသုံးပြီး တက်သိမ်းတယ်။

 သူတို့ကျင့်သုံးတဲ့ဗျူဟာက သူပုန်မှာလူ့အခွင့်အရေးပြစရာမလိုတဲ့အတွက် အဖက်ဖက်ကသူတို့နစ်နာတယ်ပြောတာ အစိုးရမှာက နိုင်ငံတကာကော အတိုက်အခံတွေကော တပ်မတော်ကော တခြားသူတွေပါ ပြသနာပေါင်းစုံရှင်းရတော့ အဖက်ဖက်ကနေ စဉ်းစားရတယ်


အဲဒီတော့ စဉ်းစားကြည့်ရင် အရှင်းကြီးလေ သူတို့ထက် သမိုင်းမှာပိုကြာတဲ့ ပိုပြီးနာမည်ရှိတဲ့ KNU တောင် တပ်မတော်ကော အစိုးရနဲ့ပါပြေလည်တယ် တစ်လောကတောင် KNLA နဲ့ ရုပ်ရှင်အစီးအရုံးနဲ့ ဘောလုံးတောင် ကန်သွားသေးတယ် အဲတော့ ဘယ်ဘက်ကနေ လျှော့ဖို့လိုမယ်ဆိုတာက အရှင်းကြီးလေ ခုတောင် KIA ဆီက ဆက်ကြေးတောင်းစာရသေးတယ် သူတို့ကို လုပ်ငန်းရှင်တိုင်းက သိန်း ၂၅၀ ပေးရမယ် မပေးရင် သတ်ပစ်တဲ့အထိ ထွက်ပြေးရင် လိုက်သတ်တဲ့အထိ အရေးယူမယ်တဲ့....
ကေအိုင်အေရဲ့ လုပ်ငန်းရှင်တွေဆီ ဆတ်ကြေးတောင်းစာ


 ကျွန်တော်ပြောချင်တာရှိတယ် အမှန်တကယ် တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့လက်နက်ကိုင်အဖွဲ့ဆိုရင် အဲလိုအကြမ်းဖက်လုပ်ရပ်တွေလုပ်ပါ့မလား ??? ဆက်ကြေးကောက်ပါ့မလား ???
 အတင်းလူစုပါ့မလား ???
 နည်းမျိုးစုံသုံးပြီး ယုတ်မာမလား ????
 စဉ်းစားပါ တကယ်သာကိုယ်စားပြုအဖွဲ့ဆိုရင် အနစ်နာခံပြမယ် တံတားမိုင်းခွဲမဲ့အစား ဒုက္ခသည်တွေကို ကူညီမယ် ခုတော့ ဒုက္ခသည်တွေထဲမှာ 15 နှစ်ကနေ 50 အရွယ်အထိ လူကောင်းမှ မကျန်ဆိုတာက သူတို့ဘာလုပ်တယ်ဆိုတာ အရှင်းကြီးပေါ်လွင်နေတာပဲလေ။
လူသစ်စုတဲ့ကေအိုင်အေ
 ကျွန်တော်ကတော့ မှန်ကန်စွာ သတင်းထုတ်ပြန်ပြီး လူထုအနေနဲ့လည်း သေချာဘာကြောင့်ဖြစ်တယ်ဆိုတာကို သိစေချင်တယ်။ ဟိုတစ်လောကပဲ မင်္ဂလာဆောင်တာ ၁လတောင်မပြည့်သေးတဲ့ ကောင်လေးတစ်ယောက် တိုက်ပွဲကျသွားတယ်လေ။ သူတို့မိသားစုနေရာကလည်း စဉ်းစားကြည့်ပေါ့.... အမှန်တကယ်တော့ တကယ်တိုက်နေရတဲ့ တပ်မတော်သားတွေရဲ့မိသားစုတွေဟာ ငြိမ်းချမ်းရေးကို အလိုအပ်ဆုံးပါ ဘယ်သူမှ ကိုယ့်ချစ်ခင်ရသူကို မမြင်တွေ့ရတော့ပဲ မဆုံးရှုံးချင်ဘူးလေ.....။
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

မြေလတ်သားnnn said...

ငြိမ်းချမ်းရေး အမြန်ရပါစေ ။ ငြိမ်းချမ်းရေးဆောင်ရွက်တယ်

ဆိုတာ ကိုယ့်မှာရှိတဲ့ လောဘ ဒေါသ မောဟ တွေလျော့ချနိုင်အောင် ကြိုးစားခြင်းပါပဲ။ လက်နက်ကို
နိုင်ငံ နှင့် လူမျိုး ကိုကာကွယ်ဖို့ပဲ ကိုင်သင့်ပါတယ်။

လူမျိုးစုအရေးနဲ့ယှဉ် ရင် ပြည်ထောင်စုအရေးကို
တိုင်း ရင်းသားတိုင်းအရေးပေးရမယ်။ ကျနော်ကမြေလတ်
သားဗမာတိုင်းရင်းသား ဆိုပေမယ့် ကချင်ကိစ္စလည်းစိတ်
ပူတယ် ရခိုင်အရေးလည်းရတက်မအေးဘူး တစ်ခြားသောတိုင်းရင်းသားတွေလည်း ဒုက္ခခပ်သိမ်းအေး
ငြိမ်းစေချင်တယ် မြန်မာတိုင်းရင်းသားတွေစည်းလုံးညီညွတ်ရင်တိုင်းတစ်ပါး
သားတွေရဲ့ ထိပါးမှုရန်ကင်းဝေးပြီး လက်ရှိခံစားဒုက္ခများ
အမှန် ကင်းပျောက်ပါလိမ့်မယ်။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ