Nov 7, 2012

မြန်မာ့နိင်ငံရေးအပြောင်းအလဲကို ဗြိတိန်နိုင်ငံမှ လေးစားချီးကျူး

အဓိကကျတဲ့ မြန်မာ့နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အခုလောက် အထိ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့အပေါ် ချီးကျူးဂုဏ်ယူပါကြောင်း လာအိုနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ EU ထိပ်သီး အစည်းအဝေးရဲ့ သီးခြား တွေ့ဆုံပွဲမှာ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hague က ပြောလိုက်ပါတယ်။

ဇန်နဝါရီလက တွေ့ဆုံမှုအပြီး အခု တကြိမ် မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့တွေ့ဆုံမှုအတွက် ဝမ်းမြောက် ဝမ်းသာဖြစ်ရကြောင်း နိုဝင်ဘာလ ၆ ရက်နေ့က ကျင်းပတဲ့ အစည်းအဝေးအပြီးမှာ ဗြိတိန် နိုင်ငံခြားရေး ဌာနက အခုလို ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အာဆီယံ EU ထိပ်သီး အစည်းအဝေး (ASEM)


ရခိုင်ဒေသက အကြမ်းဖက် ပဋိပက္ခတွေနဲ့ လူမှု ပြဿနာတွေအတွက် စိုးရိမ်ပူပန်မိကြောင်းနဲ့ မြန်မာအစိုးရက ဗြိတိန်သံအမတ်ကြီးကို ရခိုင်ဒေသထဲ သွားရောက် လေ့လာကြည့်ရှုခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါကြောင်းလည်းဖော်ပြထားပါတယ်။

ရိုဟင်ဂျာ နိုင်ငံသားဖြစ်မှု ဆိုင်ရာ ပြဿနာကို ဖြေရှင်းပေးဖို့နဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်စေဖို့ကိုလည်း တတ်အားသမျှ ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံက နိုင်ငံရေး ပါတီတွေကို တိုက်တွန်းထားပါတယ်။

ဗြိတိန်နဲ့ မြန်မာအစိုးရကြား တာဝန်ယူမှုရှိတဲ့ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်ဖို့ နှစ်နိုင်ငံ ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားဖို့ အတွက်လည်း အားပေး တိုက်တွန်းပါတယ်။ မြန်မာသမ္မတ ဦးသိန်းစိန်လည်း လာမယ့်နှစ်ထဲမှာ ဗြိတိန်နိုင်ငံကို လာရောက် လည်ပတ်မယ်လို့
မျှော်လင့်ကြောင်း ဖော်ပြထားပါတယ်။

(မောင်ကျောက်ခဲ အဖွဲ့)
___________________________________________________________________
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ်အသိအမှတ်ပြုဖို့မတိုက်တွန်းရင် လူကြီးမင်းတို့ရဲ့ ဗြိတိန်အစိုးရကိုလဲကျေးဇူးတင်ပါတယ် တကယ်တော့လူကြီးမင်းတို့ အင်္ဂလိပ်အစိုးရတွေခေါ်လာလို့ ဒီရိုဟင်ဂျာ (ခေါ်)
ကုလား (ခေါ်) ဘင်္ဂလီ (ခေါ်) မူဆာ့လင်တွေ ကျွန်တော်တို့နိုင်ငံထဲရောက်လာတာကိုပါ ရှင်းပြပေးနိုင်ရင် လူကြီးမင်းရဲ့ကျေးဇူးကို -ီးတောင်မမေ့ပါဘူး

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ