Nov 9, 2012

အစိုးရ နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ တွင် KIA မှ လက်မခံ သည့်အတွက် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့မှ KIO လူကြီးများ နှုတ်ထွက်

ကချင်ပြည်နယ် အတွင်း စစ်ပွဲကာလ ကြာရှည်လာသဖြင့် ပြည်သူများ အတိဒုက္ခရောက်နေကြပါသည်။ KIO အ ဖွဲ့အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များ ဆောင်ရွက်နေ သော်လည်း ယခုအချိန်အထိ တိကျသော အဖြေကို မရရှိနိုင်သေးပါ။ အောက်တိုဘာလ ၃၀ ရက်နေ့က ရွှေလီတွင် အစိုးရ အဖွဲ့ နှင့် ဆွေးနွေး ခဲ့သော်လည်း KIA မှ တာဝန်ရှိသူများ တတ်ရောက်ခြင်း မရှိခဲ့သည့်အတွက် အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေး နိုင်ခဲ့ခြင်း မရှိခဲ့ပါ။

ဆွေးနွေးပွဲတွေအထိ အွန်လိုင်းweb-camသုံးပြီး နောက်ကွယ်ကနေ စကားတစ်ခွန်းမှားရင် လည်ဖြတ်သတ်မဲ့ ကေအိုင်အေလုပ်ရပ်
 ကချင် ပြည်နယ် အတွင်း လမ်းပန်း ဆက်သွယ်ရေး ခက်ခဲလာခြင်း၊ စားနပ်ရိက္ခာများရှားပါးလာခြင်း၊ က ချင် ပြည်သူများ ဆင်းရဲဒုက္ခ ခံနေရခြင်းတို့ကြောင့် KIO မှ ခေါင်းဆောင်များအနေဖြင့် ငြိမ်းချမ်းရေးကို လို လားနေကြ ပါသည်။ သို့သော်လည်း KIO အဖွဲ့အောက်ရှိ အခြား အဖွဲ့အစည်း များမှာ အာဏာမရှိပဲ လက် နက်ကိုင် အဖွဲ့ အစည်းဖြစ်သော KIA က သာလျှင် အာဏာရှိသဖြင့် အခြားအဖွဲ့များမှခေါင်းဆောင် များမှ ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ ထွက်ခွင့်ပြုရန် တောင်းဆိုခဲ့ပါသည်-

(၁) ဦးဆွမ်လွှတ်ဂမ်၊ ဗဟိုပညာရေးဌာန တာဝန်ခံ။
(၂) ဦးလဖိုင်လ၊ ဗဟိုတရားရေးဌာန တာဝန်ခံ။
(၃) ဦးလဖိုင်ဇော်ယော်၊ ဗဟိုအုပ်ချုပ်ရေးဌာန ဒုတာဝန်ခံ။
(၄) ဦးဇော်တောင်၊ စစ်နည်းဗျူဟာ တာဝန်ခံ။
(၅) ဦးဖုန်ကန်ခွန်နောင်၊ စိုက်ပျိုးရေးနှင့် သစ်တောရေးရာ တာဝန်ခံ။

တို့မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့မှ နှုတ်ထွက်ခွင့် ပြုပါရန် KIO ဗဟိုသို့ တင်ပြခဲ့ကြောင်း သိရပါ သည်။

ကချင်နေစဉ်သတင်း.(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ကေအိုင်အေကိုကချင်သောင်းကျန်းသူဟုမသုံးရ။ကချင်ပြည်နယ်
ရှိကချင်တိုင်းရင်းသားမှလူနည်းစုဖြစ်သည့်ကချင်လူမျိုးထဲမှ`ကေအိုင်အေအကြမ်းဖက်သောင်းကြမ်းသူဟုခေါ်ရန်

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ